ဦးနဲ့စတွေ့ခဲ့တဲ့နေ့လေးကို taehyung
တစ်သက်လုံးမေ့နိုင်မယ်မထင်.....
သူများတွေလိုအထူးတလည်မဟုတ်တဲ့
ရိုးရိုးရှင်းရှင်းဆုံတွေ့မှုလေးမှာတင်
taehyungစတင်ပျော်ဝင်ခဲ့ရတာ....။အဲဒီတုန်းက သူအထက်တန်းနောက်ဆုံးနှစ်ကာလ
ဖြစ်ပြီး လူကြောက်တတ်တဲ့သူမို့သူ့မှာ အပေါင်း
အသင်းရယ်လို့ဖွယ်ဖွယ်ရာရာ ပြောစရာမရှိပါ။
Social butterfly လေးမို့ အရာအားလုံးနဲ့
သူ သဟဇာတဖြစ်ခဲ့ပါသော်လည်း အမှန်တကယ်မှာ
သူတစ်ယောက်တည်းဖြစ်နေခဲ့ပါ၏။
သူ့ရဲ့တူသူငယ်ချင်းဖြစ်တဲ့jiminကလဲ သူနဲ့တစ်နှစ်ကွာ၍အမြဲလိုလိုတော့အတူတူမရှိနိုင်။
ဒီနေ့လဲ လပတ်စာမေးပွဲပြီးလို့ ကျောင်းဆင်းချိန်၌
jiminကသူ့ဆီဖုန်းဆက်ပြောပါ၏။"jimin nah...ငါ့ကိုလာခေါ်ဦးလေ....."
"aigoo..ငါ့ရဲ့ ဦးလေးသူငယ်ချင်းလေး...
ငါဒီနေ့တကယ်တောင်းပန်ပါတယ်...
ဒီနေ့က စာမေးပွဲနောက်ဆုံးရက်ဆိုတော့လေ
ယူဆောတို့အဖွဲ့က အပြင်လျှောက်လည်ဖို့ခေါ်နေတာ
ငါငြင်းလို့မရဘူးဖြစ်နေလို့..ငါ့ကိုမစောင့်ဘဲ
ပြန်နှင့်လိုက်လေနော်....""အော...အဲလိုလား...ရပါတယ်...ဒါပေမယ့်
jimin nah ဒီနေ့မိုးရွာမယ်ထင်တယ်နော်
မင်းမှာထီးပါရဲ့လား....""အမ်...ပါတယ်နဲ့တူတယ် မနက်က omma
ငါ့လွယ်အိတ်ထဲထည့်ပေးလိုက်တာ မြင်လိုက်
သလားလို့...Taehyung ah..မင်းပါငါတို့နဲ့
လိုက်ခဲ့ပါလား မင်းပါရင်ပိုပျော်စရာကောင်းမှာကွ..""တော်ပါကွာ...မင်းတို့ပဲပျော်ခဲ့ကြပါ..
ငါကအဲလိုတွေလည်ရတာ မကြိုက်တာမင်းလဲ
သိနေတာပဲ...နောက်နေ့မှအိမ်လာခဲ့gameအတူ
ဆော့ရအောင် appaနဲ့ommaလဲမင်းကိုမျှော်နေ
ကြတာ...""အေးပါကွာ အဲဒါဆိုလဲ အိမ်ကိုဂရုစိုက်ပြန်ဦး
အဖိုးနဲ့အဖွားကိုလဲ ငါမနက်ဖြန်လာခဲ့မယ်လို့
ပြောပေးဦး ချစ်တယ်နော် ဦးလေးပေါက်စလေး...""ဟွန့်...မင်း မဟုတ်တာတွေလျှောက်မလုပ်နဲ့နော်
Kim jimin..မဟုတ်ရင် မမyoonjiနဲ့ကော
ကိုကြီးနဲ့ပါတိုင်ပြောမှာမင်းကို....""ဟာ...အဲလိုမလုပ်ရဘူးလေ Taehyungieလေး
ကလဲ များကြီးချစ်တယ်လို့ ငါလဲဘာမှလျှောက်
မလုပ်ပါဘူး လည်ပတ်ရုံလေးပါ....