Vol-3

139 10 6
                                    

ဒီနေ့နဲ့ဆိုတစ်ပတ်ကျော်လွန်လာပြီဖြစ်ပြီး
Tae hyungလဲ ထူထူထောင်ထောင်ပြန်ဖြစ်လို့လာ
သည်။ဦးက သူ့ကိုဆေးရုံအထိခေါ်သွားပြီးပြပေးတော့ ဆေးရုံကြောက်တဲ့Taehyung ဂျီကျ
မိသေးသည်။သို့ပေမယ့်ဦးဆီကအဆူခံလိုက်ရတာ
ပဲအဖက်တင်ပါ၏။ ဦးကိုကြောက်တဲ့Taehyung
ဆေးရုံကိုတရွတ်တိုက်လေးပါသွားရရှာသည်။

ဘဝမှာသူ့ဘက်ကပထမဆုံးဦးအပေါ်စိတ်ကောက်
မိတာပဲ..။ဦးက ဒီရက်အတွင်းထူးဆန်းတယ်
မဆူဘူး မရိုက်ဘူး သူရှောင်နေမှန်းသိလဲ
ဘာမှမပြောဘူး လျစ်လျူရှုထားတယ်။
သူကသာကောက်နေတာ ချော့မယ့်လူကလဲ
မရှိတော့ Taehyungမှာစိတ်ကောက်ရတာ
ပင် ပျင်းလာသလို ဝမ်းနည်းလာသလိုလို။

ယနေ့မနက်လဲ သူမျက်နှာသစ်သွားတိုက်ကာ
အပေါ်ထပ်ကနေဆင်းလာခဲ့သည်။ထမင်းစားခန်း
က နံရံအကွယ်ကနေအထဲကိုချောင်းကြည့်မိပါ၏။
ဦးက Black coffeeကိုသောက်ရင်းနဲ့
သတင်းစာဖတ်နေတာများတစ်ဖြုတ်ဖြုတ်ပစ်
ကြွေပစ်ချင်စရာကြီး။ ဒါနဲ့ဦး အနက်ရောင်
ကိုယ်ကျပ်ဆွယ်တာ ဝတ်ထားပုံထောက်
ဒီနေ့လဲ ဦး အလုပ်မသွားပြန်ဘူးလား။
ဒီနေ့နဲ့ဆို ဦး အလုပ်မသွားတာ တစ်ပတ်လောက်
တောင်ရှီတော့မယ်။

Taehyung ရဲ့ပြူတစ်ပြူတစ်ခေါင်းကို
namjoonမြင်ပေမယ့်ဘာမှမပြောလို။
ဘာချောင်းစရာများရှိလို့လဲ စားချင်တာများ
ရှိလို့မပြောရဲတာလား။Namjoon
သတင်းစာဖတ်နေရင်းက မျက်လုံးလှန်လှန်ကြည့်
နေပေမယ့်Taehyungကတော့သတိမထားမိသေး။
အူကြောင်းကြောင်ရုပ်နဲ့အတော်ကြာခိုးကြည့်နေတာမို့စိတ်မရှည်တဲ့namjoonက ချောင်းဟန့်လိုက်ကာ....

"မီးဖိုချောင်ထဲ ဘာခိုးမလို့ကြည့်နေတာလဲ....."

သူ့အသံကြားကာမှလန့်သွားပုံရပြီး နံရံနောက်
ကွယ်သွားသည်။ အခုတစ်လော ဦး ကထူးဆန်း
နေတာမို့Taehyungက ဦးနေကောင်းရဲ့လား
သိချင်ရုံပါ မီးဖိုချောင်ထဲဘာခိုးရမတဲ့လဲ
ဘာမှမှ မရှိတာကို။ရေခဲသေတ္တာထဲကဆို ခိုးရင်ခိုး
အုံးမယ်မုန့်တွေဘာတွေTaehyung နှုတ်ခမ်း
တစ်ချက်ထော်လိုက်ကာ ခေါင်းလေးငုံ့ပြီး
ဦးထိုင်နေတဲ့ဘေးနားခုံမှာဝင်ထိုင်လိုက်၏။
သူ့ရှေ့ပန်းကန်ထဲက ချပေးထားတဲ့ မနက်စာ
ကိုကြည့်ပြီး Taehyungမျက်နှာလေး ရှုံ့မဲ့
ကာငိုချင်လာရသည်။ ဒီတစ်ပတ်လုံးလုံး
ကြက်ဥပြုတ် နွားနို့နဲ့ ပူတင်းအိအိမွှေးမွှေး
လေးသာ စားနေရတဲ့Taehyung
တကယ်ကြီးဆက်မစားနိုင်တော့ပါ။

Blue UmberellaWhere stories live. Discover now