VI

1.7K 238 8
                                    


ဆောင်းဟွန်းရဲ့ အကြိုက်ကို လိုက်ပြီး ဆောနူ အသားကောင်းကောင်းရသည့် ဆိုင်တစ်ဆိုင်
ကို ရွေးလိုက်သည်။ ဆောင်းဟွန်းကတော့ဘာမှ မပြောပေမယ့် အတွင်းရေးမှူးနမ်ကတော့အိမ်စာ‌ ကြေသည်ဟု ပြောကာ ချီးကျူးလေသည်။

" အတွင်းရေးမှူးနမ် ၊ စားပါ "

ဆောနူက အပေါ်ကုတ်ကို ချွတ်ထားကာ အင်္ကျီ
အဖြူကို လက်ခေါက်၍ အသားများကို ဟိုဘက်
ဒီဘက် လှည့်ပေးနေသည် ။ အသားသံ တရှဲရှဲနှင့်
ဆိုင်လေးက လူအသင့်အတင့်ရှိနေလေသည် ။

ဆောနူက သူ့ရဲ့အာရုံများကို အသားပေါ်မှာပဲ
ပုံအပ်ထားသဖြင့် ဆောင်းဟွန်းဘက်ကကြည့်
လျှင် ဆောနူ၏ မျက်တောင် ရှည်ရှည်များကို
မြင်ရလေသည်။

" ဒုဥက္ကဌကြီးလည်း သုံးဆောင်ပါ.."

ဆောင်းဟွန်းသည် ထမင်းဖြူများ မို့မောက်နေသော သူ့ထမင်းပန်းကန်ထဲသို့ရောက်လာသည့်
အငွေ့မျှင်းမျှင်းနှင့် အသားတုံးကို ကြည့်လိုက်
သည်။

" စားကြည့်ပါ ၊ အသားက ပူနေတုန်းစားမှ
နူးညံ့တာပါ.."

အဲ့လိုစကားမျိုး ဆောင်းဟွန်းကို လူတစ်ယောက်
လည်း ပြောဖူးသည်ကို သတိရမိတော့ ကြားရ
တာ အမှန်ဖြစ်ပုံရသည် ။ ဆောင်းဟွန်းအသား
ကို တူနှင့် ညှပ်လိုက်ပြီး ဖြည်းဖြည်းချင်းဝါး
သည်။ အသား၏ အချိုဓာတ်က ရုတ်ချည်း
သူ့ခံတွင်းထဲသို့ ပျော်ဝင်သွားသည်။

" အရသာရှိတယ်မလား.."

ဆောနူက မျှော်လင့်နေသော မျက်လုံးတောက်
တောက်လေးများဖြင့် ဆောင်းဟွန်း၏ စကား
ပြန်ကို စောင့်နေလေသည် ။

" အင်း.."

" ကောင်းမယ်မှန်း ၊ သိသားပဲ "

သူ့ကိုယ်သူ ကိုယ်ရည်သွေးရင်း ဆောနူကအသား
များကို ဆက်ကင်နေသည်။ ဆောင်းဟွန်းနှစ်လုတ် သုံးလုတ်စားပြီးသည်ထိ ဆောနူက မစား
သေးဘဲ ဆက်တိုက်ကင်ပေးနေသည်ကိုတွေ့
တော့ သူလည်း သူ့အင်္ကျီလက်ကို ခေါက်တင်
လိုက်သည်။

" ကင်တာရပ်ပြီး မင်း စားတော့.."

"ရပါတယ်။ ကျွန်တော်က အသားကင်တာ
တကယ် တော်ပါတယ်ဆို.."

one step closer : just a little bitWhere stories live. Discover now