XIX

1.9K 261 36
                                    

နောက်ရက်အနည်းငယ်အကြာတွင် ဆောင်းဟွန်း
က ဂျယ်ဂျူဒိုအား ခရီးသွားရန် ဆောနူကိုပြော
လာသည်။ အလုပ်အတွက် မဟုတ်ဘဲ ကိုယ်ရေး
ကိုယ်တာ ကိစ္စဖြစ်သည်မို့ ပေါ့ပေါ့ပါးပါးသာ
သဘောထားရန် ဆောနူကို ဆိုလာသည်။

အဲ့တာမှ ပြဿနာ ! ကိုယ့်ကို ကြိုက်နေတဲ့လူနဲ့
နှစ်ယောက်တည်း ခရီးသွားရမှာ ဆောနူက
ဘယ်လိုလုပ် ပေါ့ပေါ့ပါးပါး နေနိုင်မှာလဲ !!

မနက်စောစောထွက်ပြီး ညအရောက်ပြန်မှာမို့
သာ တော်သေးသည်။

‌လှပသော ကောက်ကြောင်းရှိသည့် ‌တောင်ခြေ
ကားလမ်းမ တစ်ဖက်တွင် ပင်လယ်ပြင်သည်
သူတို့ကို ကြိုဆိုနေသည့်အလား ကျယ်လောင်
စွာ ဟစ်ကြွေးနေသည်။ ဆောနူတို့ကားလေး
သည် ‌မှန်မှန်ကန်ကန်ဖြင့် အရှိန်ယာဉ်ကြောကို
ဖြတ်သန်းနေသည်။ ဆောနူ ကားကိုဂရုတစိုက်
မောင်းနေသည့် ဆောင်းဟွန်းကို ကြည့်လိုက်
သည်။ ဆောင်းဟွန်းသည် မပြောင်းမလဲ
လူကြီးလူကောင်း ပုံစံဝတ်စားထားဆဲဖြစ်ပြီး
ဆောနူကတော့ နှာခေါင်းရှုံ့လိုက်သည်။

ဆောင်းဟွန်းတွင် ပေါ့ပေါ့ပါးပါး အဝတ်အစား
ဆိုတာ မရှိတာမျိုး ဖြစ်နိုင်လောက်လား။

သို့သော်လည်း ထူးထူးဆန်းဆန်း ထိုသို့ မပြောင်း
လဲသည့်ပုံစံမှာ ငြီးငွေ့မသွားစေဘဲ တစ်သမတ်
တည်းဆန်သည့်ပုံကိုဖော်ဆောင်ပေးသည်။

ဆောင်းဟွန်းက သတိထားမိသွားပြီး ဆောနူကို
ပြောလာသည်။

" ပျင်းနေပြီလား ၊ သီချင်းဖွင့်မလား.."

" အဲ့လိုလုပ်လို့ရလား.."

ဆောနူက ပျော်သွားပြီး သီချင်းရွေးရန်စတင်
တော့သည်။

" ဒုဥက္ကဌကားထဲမှာ သီချင်းတွေရှိနေမယ် မထင်
ထားဘူး။ သီချင်းမကြိုက်ဘူးလို့ ပြောခဲ့တော့.."

‌သီချင်းရွေးနေသည့် ဆောနူကို ဆောင်းဟွန်း
စောင်းငဲ့ကြည့်လိုက်ရင်း..

" အင်း ၊ တစ်ချိန်ချိန် လိုအပ်လာလောက် မယ်
တွေးမိလို့ ဂျယ်ဘုန်းကို သီချင်းထည့်ပေးထား
ဖို့ပြောထားတာ ၊ ကြည့်လိုက်ဦး။  သဘောကျတဲ့
သီချင်း ရှိရဲ့လား.."

one step closer : just a little bitWhere stories live. Discover now