XIII

1.7K 247 15
                                    


ဆောနူ အတွင်းရေးမှူးနမ်ပြောဖူးသည့် လိပ်စာ
အတိုင်း ရောက်လာခဲ့သည်။ ထိုနေရာသည်ဈေး
ကြီး apartment တစ်ခုဖြစ်ပြီး တစ်ထပ်လျှင်
နှစ်ခန်းသာ ရှိသည့် အထက်စီးဆန်လှသောနေရာ
ဖြစ်လေသည်။ ဆောနူ အိမ်နံပါတ်ကို သေချာတိုက်စစ်ပြီးနောက် တံခါးဘဲလ်ကို တီးလိုက်
သည်။

တံခါးလာဖွင့်သည့်လူသည် နေ့တိုင်း တစ်ဖက်
လှန်တင်ထားတတ်သော ဆံပင်များက နဖူးပေါ်
တွင် ဝဲကျနေပြီး အသားအရည်ကပို၍ဖျော့တော့
ကာ စိုစွတ်နေသည်။ ဆောနူကိုမြင်တော့ ဝမ်းသာ
ပုံမရ၊ မျက် မှောင်သာ ကျုံ့သွားသည်။

" အတွင်းရေးမှူးနမ်က လွှတ်လိုက်လို့လာတာ
ပါ.. ဘာဖြစ်လို့လဲ၊ ပြန်ရမှာလား.."

" ဆရာဝန်ကို မလွှတ်ဘဲ ဘယ်သူ့ကို.."

" ဆရာဝန်လာမှာပါ.. တစ်ခုခု ခိုင်းတယ်ဆိုရင်
ဒုဥက္ကဌကြီးကို ဘယ်သူက လုပ်ပေးမှာပါလဲ..
အဲ့တာကြောင့် လိုအပ်လို့လာရတာပေါ့ဗျ.."

ဆောနူက မျက်ဆန်ကျွတ်က‌ျတော့မတတ် ရန်
တွေ့ကာ အိမ်ထဲဝင်သွားလေသည်။ ပတ်ဆောင်း
ဟွန်းမှာ တစ်နေ့တစ်နေ့ ထိန်းမနိုင်သိမ်းမရဖြစ်
လာသော သူ့ဝန်ထမ်းကိုကြည့်ရင်း ခေါင်းထဲက
ပင် ပို၍ နောက်ကျိကျိ ဖြစ်လာ‌တော့၏။

" အဲ့တာကြောင့် အဆင်ပြေပါတယ်လို့ပြော
ခဲ့ရဲ့သားနဲ့.. ဘာလုပ်တာလဲ တကယ်ပဲ။
အခုတော့ နေမကောင်းဖြစ်ပြီမလား။
အဲ့မှာ မတ်တပ်ရပ်မနေဘဲ အခန်းထဲမှာ နားနား
နေနေ သွားနေပါတော့ "

ဆောနူက ဧည့်ခန်းထဲတွင် ဈေးကဝယ်လာသော
အထုတ်များကို ချလိုက်ပြီး ဆောင်းဟွန်းကိုစီစဉ်
ညွှန်ကြားနေ၏။

ဆောင်းဟွန်းလည်း တကယ် နေမကောင်းဖြစ်
နေပြီး အားမရှိသလို ဖြစ်နေတာကြောင့် အခန်း
ထဲကို တိတ်တိတ်ဆိတ်ဆိတ်ဘဲ ဝင်သွားသည်။
ဂင်ဆောနူက သူ့အိမ်ကို ဇောက်ထိုးမလှန်လောက်
ဘူးဟု ယုံကြည်ပြီး စောင်အောက်သို့ ဝင်လိုက်
လေသည်။ ခဏအကြာ ဆရာဝန်ရောက်လာပြီး
ဆောင်းဟွန်းကို ကြည့်ပေးနေချိန် ဆောနူကသူ့
နားမှာ ရပ်ကာစောင့်ကြည့်နေသည်။ အအေးမိ
တာ ဖြစ်ပြီး အလုပ်အလွန်အကျွံလုပ်ခြင်းကြောင့်
ခန္ဓာကိုယ်က အနားပေးရန် လိုအပ်နေလေသည်။

one step closer : just a little bitOpowieści tętniące życiem. Odkryj je teraz