standing at the EXIT

1.8K 137 12
                                    

Prologue

ဂျယ်ဂျူကျွန်း၏နေဝင်ချိန်သည် တစ်နေ့တာအတွက် ပြီးပြည့်စုံလွန်းသော နိဂုံးတစ်ခုဖြစ်သည်။ လိမ္မော်ရောင်သမ်းနေသည့်ပင်လယ်ပြင်ထဲသို့ နစ်မြုပ်တော့မည့်ဆဲဆဲနေဝန်းကြီးက တစ်နေ့တာအတွက်နောက်ဆုံးအဖြစ်မြင်ရတဲ့သူ့အလင်းရောင်နဲ့ မိုးကုတ်စက်ဝိုင်းတစ်ခုလုံးကို မီးဟုန်းဟုန်းတောက်သွားစေသယောင်။ ရွှေရောင်ဖျော့ဖျော့တိမ်စုတွေယှက်‌နေတဲ့ကောင်းကင်ပြာမှာ အနီနှင့်အဝါရောင်တောက်တောက်တို့ရဲ့ ပေါင်းစပ်မှုကအချောမွေ့ဆုံးအရာတစ်ခုဖြစ်သလို၊ ညနေစောင်းရဲ့ ငြိမ်သက်မှုလေးကိုစည်းချက်ညီညီဖြိုခွင်းနေတဲ့ လှိုင်းပုတ်သံခပ်စိပ်စိပ်လေးဟာလည်း နေဝင်ချိန်တွေတိုင်းမှာအသာယာဆုံးသံစဉ်တစ်ခုဖြစ်တယ်။

အချိန်တိုအတွင်းမှာခွဲရတော့မယ်ဆိုပေမယ့် နောက်ရက်ကျရင်သေချာပေါက်ပြန်ဆုံကြမယ့်သူငယ်ချင်းတွေကိုနှုတ်ဆက်သလိုပဲ နေဝင်ချိန်တိုင်းကိုနှုတ်ဆက်ရတာကလည်းစိတ်ကျေနပ်ဖို့ကောင်းတယ်။ ရာသီဥတုဆိုးရွားတဲ့ရက်တွေကလွဲရင် နေ့တိုင်းဒီလိုပန်းချီကားဆန်တဲ့မြင်ကွင်းမျိုးကရှိနေဦးမှာပဲလေ။

နေဝင်ချိန်တွေလိုပဲ တည်တဲ့ကတိမျိူးကို
ဂယူဘင်းကြိုက်တယ်။ ကတိတည်တတ်တဲ့သူမျိုးကိုပဲသူကြိုက်ခဲ့တယ် ဟန်ယူဂျင်းနဲ့မတွေ့ခင်အထိ။ နောက်ပိုင်းတော့ကတိမတည်တတ်တဲ့ထိုကောင်လေးကိုမှသူချစ်မိခဲ့တယ်။ နောင်တကင်းကင်းနဲ့ပဲလူတစ်ယောက်ကိုချစ်သွားချင်ပါတယ်ဆိုတဲ့သူ့အတွက် ဟန်ယူဂျင်းကိုချစ်မိသွားတာက သူ့ဘဝမှာနောင်တအရဆုံးကိစ္စတစ်ခုလို။

....

"ထင်တဲ့အတိုင်းအစ်ကိုကတော့ ဆိုင်အတွက် location ကိုရှယ်ရွေးထားတာပဲ" ယူဂျင်းကမှန်ဝရံတာကနေအပြင်ဘက်ကိုကြည့်ရင်းအော်ပြောလာသည်။
အမှန်ပင် ဂယူဘင်းသည် နှစ်နှစ်ခန့်သာဖွင့်ဖြစ်မည်ဟုရည်ရွယ်ထားပေမယ့် သူ့စားသောက်ဆိုင်သစ်လေးအတွက် location ကိုအကောင်းဆုံးရွေးတဲ့အပြင် ဆိုင်အတွင်းအပြင် design ကိုလည်း classic ဆန်ဆန်လေးဖြစ်အောင် အသေးစိတ်ကအစပြင်ဆင်ထားသည်။ အထူးသဖြင့် အခုဒီနေရာလေးပေါ့ private room ဖြစ်တဲ့အပြင် မှန်ဝရံတာလေးပါပါသေးသည်။ ဂျယ်ဂျူကျွန်းရဲ့ရှူခင်းကိုဆိုင်ကနေအကောင်းဆုံးမြင်ရသည့် နေရာလေးတစ်ခု။

Bruised Jigsaw (GYUJIN)Dove le storie prendono vita. Scoprilo ora