စာမျက်နှာ - ၂

100 16 0
                                    

▪︎𝗎𝗇𝗂𝖼𝗈𝖽𝖾

ရေစို​နေ​သော မြေပြင်၊ မြေလမ်း​​လေး​ပေါ်မှ ရေအိုင်များ၊ သစ်ရွက်များ​ပေါ်မှ တစ်စက်ချင်း ခုန်ချ​နေ​သော ရေစက်​​ ရေပေါက်​​လေးများနှင့် နေ​ရောင်​အောက်တွင် စိမ်းမြကြည်လင်​နေ​သော သစ်ရွက်​လေးများသာမရှိပါက မနက်ခင်းပိုင်းတွင် မိုးသည်းကြီးမဲကြီးရွာခဲ့ပါသည် ဆိုခြင်းကို မည်သူမှ မယုံကြည်စရာ​ကောင်း​လောက်​အောင်ပင် ကောင်းကင်က သာယာကြည်လင်နေခဲ့သည်။

ရေစိုသွားရ​သော ထို​နွေဦးရက်တွင် ကျွန်မသည် အိမ်တွင်​ နေရသည်ကို ငြီးငွေ့လာ​ခြင်းကြောင့် ဘွားဘွား​ပြောထားသည့်အတိုင်း သူမ၏ အုပ်ချုပ်​ရေးရုံးမှ ကျရာကျရာ တာဝန်များအား မငြီးမငြူကူညီလုပ်​ပေးကြရှာ​သော အ​ဒေါ်ကြီးများကို ဝတ္တရားအရ နှုတ်ဆက်ရန် ရောက်​ရှိ​နေပါ၏။

' ဟယ်အီ​​လေးက ဒီအရွယ်​တောင်​ရောက်သွားပြီလား။ သူ့အ​မေနဲ့ ရွာကိုလာတုန်းက​တောင် ဒီ​လောက်သာသာ​လေးရှိပါ​သေးတယ်အေ။ မတွေ့တာကြာ​တော့ က​လေး​တွေ အရွယ်​ရောက်တာ မြန်လိုက်ကြတာ။ '

သူမ ပေါင်ရင်း​​လောက်ရှိ​သော အမြင့်တွင် အရပ်မှန်းတိုင်းသလို လက်ဟန်ဖြင့်လုပ်ပြရင်း ​​ဒေသိယသံနှင့် အာ​ပေါင်အာရင်းသန်သန်ပြော​နေ​သည့် အန်တီကြီးသည် ဘယ်သူဆိုတာကို ကျွန်မ မမှတ်မိ​သော်လည်း ရေလိုက်ငါးလိုက်က​လေး ပြုံးပြလိုက်သည်။

' ဟယ်အီရေ '

နာမည်ခေါ်သံအား ကြားလိုက်သဖြင့် ပြန်ထူးရန် ကြည့်လိုက်​သောအခါ အန်တီမီဂျာသည် ရုံးခန်း​အနောက်ဘက်မှ စတီးမုန့်ဗန်းနှစ်ချပ်ကို ကိုင်၍ ပြာပြာသလဲဖြင့် ထွက်လာ​၏။

' လာ၊ အန်တီနဲ့ အ​ဖော်လိုက်ခဲ့။ '

' ဟင် ဘယ်သွားမှာတုန်း၊ သမီး အခုမှ​​ရောက်တာကို။ '

' မုန့်သွား​ဝေမလို့​ပါဟဲ့၊ ညည်းကို ဘယ်သူမှ အိမ်နှင်မလွှတ်ဘူး။ လိုက်ခဲ့စမ်းပါ။ '

သူမလက်ထဲမှ စတီးဗန်းတစ်ခုကို ကျွန်မဆီသို့ လှမ်း​ပေးကာ ဘယ်သို့သွား​​ဝေမည်ကိုမေးချင်​နေ​သော ကျွန်မ၏ အရိပ်အကဲအား သ​ဘော​ပေါက်သည့်ဟန် ဆက်​ပြောလာသည်။

𝗇𝗂𝖼𝖾 𝖽𝗋𝖾𝖺𝗆 & 𝗂𝖼𝖾-𝖼𝗋𝖾𝖺𝗆𝗌Donde viven las historias. Descúbrelo ahora