စာမျက်နှာ - ၅

143 11 3
                                    

▪︎𝗎𝗇𝗂𝖼𝗈𝖽𝖾

ပန်းတစ်ပွင့်တွင် ပါရှိသည့် ​သေးငယ်များပြားလှ​​သော ပွင့်လွှာချပ်​များစွာအား တစ်ချပ်ချင်း အချိန်ကုန်ခံ ဆွဲခြွေထားခြင်း​ကြောင့် ကျွန်မ၏ ခြေဖမိုး​ဘေးပတ်ပတ်လည်၌ အဝါ​ရောင် ပွင့်ဖက်ငယ်တို့မှာ ဟိုတစ်စ သည်တစ်စ ပြန့်ကျဲ​နေကြသည်။

​ဘေးလူမြင်တွေ့လျှင် အလုပ်​များ ရှုပ်​နေခြင်းမဟုတ်ဘဲ အရှုပ်​များ လုပ်​နေခြင်းဟုသာ ထင်​ရ​သော်ငြား အ​ကြောင်းအရင်းမရှိဘဲ စိတ်ကူးတည့်ရာ သပ်သပ်မဲ့ ခြွေနှုတ်​နေခြင်း​များတော့ မဟုတ်ပါပေ။

ကျွန်မတွင် ထိုသို့ ဆုံးဖြတ်မှသာ ဖြစ်​တော့မည်ဟု တွေးစထား​သော ရည်ရွယ်ချက် ခိုင်ခိုင်လုံလုံ​ ရှိ​နေပါ၏။

ပန်းဝါဝါအား လက်ဖြင့် တစ်စချင်း​​ ခြွေ​ချနေရင်းနှင့်ပင် ပါးစပ်မှလည်း ကိန်းဂဏန်းများအား တစ် နှစ် သုံးမှစ၍ တစ်လုံးချင်း ရေတွက်​နေမိသည်။

ကျွန်မ၏ တွေးစချက်မှာ ဤကဲ့သို့​ ပန်းများကို ​ရေတွက်ရင်းနှင့် စုံဂဏန်း အရောက်၌ ထိုပန်းများ ကုန်စင်သွားလျှင် အိမ်သို့ သည်​နေ့ ချက်ချင်းပြန်ရမည်။
သို့မဟုတ် မ,ဂဏန်းသာကျလျှင်​တော့ ကျောင်းဖွင့်မည့်ရက်၏ နှစ်ပတ်​လောက်အလိုတွင်မှ ပြန်မည်ဟူ၍ပင်ဖြစ်သည်။

ကျွန်မရှိရာ သည်နေရာသို့​ ယူနာတို့ သုံး​ယောက်သား မ​ပြောမဆိုနှင့် ရောက်ချလာသည်မှာ မနက်ဖြန်ဆိုလျှင် တစ်ပတ်ပင် ပြည့်တော့မည်ဖြစ်သည်။
ယူနာ၏ အ​ပြောအရ ကျွန်မ,ရှိသော​ကြောင့် ဒီအတိုင်း အလည်လာကြခြင်းဟု ဆိုသော်ငြားလည်း ထိုအရာတစ်ခုတည်း မဟုတ်​ကြောင်းကို​တော့ စစချင်း​နေ့ကတည်းကပင် ရိပ်မိခဲ့ရပါ၏။
သို့​သော် ၄င်းအား စိတ်ထဲ၌ ကြာကြာမထားဖြစ်ပါ။
မေ့​မေ့​လျော့​​လျော့သာ ရှိခဲ့သည်။

ထိုသို့နှင့် သူတို့ ရောက်လာပြီး သုံးရက်​မြောက်​​နေ့တွင်မှ မ​ပြောဘဲ ထိမ်ချန်ထားသည့် မသင်္ကာဖွယ်ရာ ကျန်အရာသည် ကျွန်မအား ဆိုးလ်သို့ အတူပြန်ခေါ်​လာပေးပါရန် မေ​မေ၏ အကူအညီ​တောင်းခြင်း​ဟု မဆိုသာ​သော ခိုင်း​စေခြင်းပင်ဖြစ်​ကြောင်း ရယ်ဘင်း၏ နှုတ်မလုံမှု အ​​ကြောင်းပြု၍ တိတိကျကျ သ​ဘော​ပေါက်လိုက်ရ​လေသည်။

To już koniec opublikowanych części.

⏰ Ostatnio Aktualizowane: May 05, 2023 ⏰

Dodaj to dzieło do Biblioteki, aby dostawać powiadomienia o nowych częściach!

𝗇𝗂𝖼𝖾 𝖽𝗋𝖾𝖺𝗆 & 𝗂𝖼𝖾-𝖼𝗋𝖾𝖺𝗆𝗌Opowieści tętniące życiem. Odkryj je teraz