ဂျောင်ဝန်းရဲ့ဘဝဟာ လူရွှင်တော်တွေသုံးဖူးတတ်တဲ့ ကံအပြောင်းအလဲ ပြက်လုံးလိုပါဘဲ။
"ကျွန်တော်ကံဆိုးခဲ့တယ် ဒါပေမဲ့.....
ဒါပေမဲ့ ကျွန်တော်ကံကောင်းပါတယ် ....
ဒါပေမဲ့လည်း ကျွန်တော်ကံဆိုးခဲ့တယ် ဘာလို့ဆို ....
ဒါပေမယ့် ကျွန်တော်ကံကောင်းပါတယ်.... "ဆိုသလိုပါဘဲ။ သူ့ဘဝရဲ့ အတက်အကျပြက်လုံးတွေကို နားမထောင်ခင် သူ့ဘဝအကြောင်းကိုသိထားဖို့လည်းလိုတယ်။
ဘဝအကြောင်းက အပေါ်ကပြက်လုံးတွေလိုပါဘဲ။ ခပ်ညံ့ညံ့ရယ်စရာတစ်ခုပါ။
မိသားစုအကြောင်းကိုမပြောခင် ဂျောင်ဝန်းရဲ့စိတ်နေစိတ်ထားကို အရင်ပြောရမယ်။ စိတ်နေစိတ်ထားကနေတစ်ဆင့် သူ့မိသားစုအကြောင်းသာမက တခြားအကြောင်းတွေကိုပါ သိလာနိုင်လို့လေ။
ဂျောင်ဝန်းမှာမျှော်လင့်ချက်ကြီးကြီးမားမားတော့မရှိပါဘူး။ သူဖြစ်ချင်တာက သူများတကာရိုးအီနေတဲ့နေ့စဉ်ဘဝလိုအရာမျိုးမှာဘဲ ပိတ်မိနေလောက်ရင်တော်ပါပြီ။ လုပ်စရာအလုပ်ရှိမယ်။ နေစရာအိမ်ရှိမယ်။ ပျင်းတဲ့အခါ ကိုယ်ပျော်ရာကိုရှာမယ်။ အနာဂတ်အစီအစဉ်က သူတစ်ယောက်တည်းစာအတွက် နေရာရှိပါတယ်။
တခြားသူတွေနဲ့ကွဲထွက်တဲ့အတွေးဆိုပေမယ့် မိသားစုဆိုတဲ့အရာကြီးကို ဂျောင်ဝန်းအတော်စိတ်ကုန်နေပြီဖြစ်သည်။ သူ့နေရာမှာတခြားသူဆို သတ်သေပြီးလောက်မှာပေမယ့် ဂျောင်ဝန်းကဉာဏ်ကောင်းတယ်လေ။ သူများတွေအကျင့်မကောင်းတာကို ကိုယ်ကအလကားနေရင်း မသေနိုင်သေးပါဘူး။
တအားကြီးချမ်းသာစရာမလိုဘူး။ သူ့ဉာဏ်ရည်နဲ့ဆို ဆိုးလ်မြို့ပေါ်က တက္ကသိုလ်ကောင်းကောင်းတစ်ခုမှာ ဝင်ခွင့်ရမှာအသေအချာပါဘဲ။ သူများဝန်ထမ်းဘဝမှာငွေစုမယ်။ ပြီးရင်စားသောက်ဆိုင် ဒါမှမဟုတ် အဆင်ပြေနိုင်မယ့် အလတ်စားစီးပွားရေးလေးတစ်ခုထူထောင်မယ်။ စီးပွားရေးက ကြီးစရာမလို။ သူ့တစ်ကိုယ်စာစားသောက်ပြီး ဝယ်ချင်တာလေးတွေဝယ်နိုင်အောင် ပိုလျှံရင်ဖြစ်ပြီ။ နှစ်ကုန်ခါနီးပြီဆို အလုပ်တွေခဏနားပြီး တစ်နှစ်တစ်ခေါက်မရောက်ဖူးတဲ့နေရာတွေဆီ ခရီးထွက်မယ်။
YOU ARE READING
1 Year & 10 MONTHS
Fanfictionမိုးပြိုနေတာမဟုတ်။ ကိုယ့်ထက်ငယ်တဲ့ကောင်လေးကို ယူရမှာမို့လို့ ဂျောင်ဝန်းငိုနေတာ။