Unicode
အခန်းထဲမှာဖုန်းလှိမ့်သုံးပြီးတဲ့နောက် ဂျောင်ဝန်းမျက်လုံးညောင်းသည့်အရှိန်ဖြင့် အိပ်ပျော်လို့သွားခဲ့သည်။ နေ့လယ် ဆယ်နာရီဝန်းကျင်လောက်မှာ အိပ်ပျော်သွားခဲ့ပြီး နိုးလာတော့တစ်နာရီခွဲနေပြီဖြစ်သည်။
ညောင်းညာနေတဲ့ကိုယ်ခန္ဓာကို ပျင်းကြောဆန့်ပြီးသည့်နောက် နေ့လယ်စာစားဖို့ အောက်ထပ်ကိုဆင်းလာလိုက်သည်။ အဒေါ်ကြီးက နေလည်းမကောင်းဘဲ နေ့လယ်စာမစားပါနဲ့ဆိုပြီး လုပ်လာရင်တော့ ဂျောင်ဝန်းတို့ရန်ဖြစ်ရပေဦးမည်။
"အဒေါ်ကြီး ကျွန်တော်နေကောင်းသွားပြီ။ နေ့လယ်စာလေးပြင်ပေးပါ။"
ဧည့်ခန်းကိုသန့်ရှင်းရေးလုပ်နေတဲ့ အဒေါ်ကြီးနား မျက်နှာချိုသွေးရင်း ဂျောင်ဝန်းဆိုလိုက်သည်။ အဒေါ်ကြီးကတော့ သူ့အကြောင်းသိသည့်အထာဖြင့် လှည့်ကြည့်ရင်း
"ထမင်းကပြင်ပြီးသား။"
အတော်လေးအလိုက်သိနေတာပါလားလို့ ဂျောင်ဝန်းတွေးမိသွားပြီး ထမင်းစားခန်းဘက်ကို ထွက်လာလိုက်သည်။ ဟင်းပွဲအစုံတည်ခင်းထားသည့် စားပွဲတန်းအရှည်ကြီးမှာ သူမမျှော်လင့်ထားတာကတော့ ကိုကိုထိုင်နေကျနေရာမှာထိုင်နေသော ဂျပန်ကောင်လေးဖြစ်လေသည်။
"ကိုကို နေကောင်းသွားပြီလား"
"ကောင်းသွားပါပြီတဲ့တော်။ ဟင်းရည်နွှေးပေးရဦးမလား ရိခီလေး။"
"ကိုကို့သဘော။ ကျွန်တော်ကရတယ်။"
ဂျောင်ဝန်း တကယ်တောင်ဖျားချင်သွားသည်။ နေ့လယ်စာစားချိန်ကျော်နေပြီဖြစ်ပေမယ့် ကောင်လေးကသူ့ကိုစောင့်နေပုံပေါ်သည်။ သူသာဆင်းမလာခဲ့ရင် နေ့လယ်စာတောင်စားပါ့မလား။
"မနွှေးပါနဲ့တော့။ အဒေါ်ကြီးလည်း အလုပ်ရှုပ်နေတာမလား။"
အသိစိတ်နည်းနည်း ပြန်ကပ်သွားပြီဖြစ်တာကြောင့် တခြားလူကိုအပိုအလုပ်မပေးချင်သူပီပီ ဂျောင်ဝန်းကအပိုမခိုင်းဘဲနေလိုက်သည်။ အဲနောက်တော့ရိခီနဲ့ မျက်နှာချင်းဆိုင်ဖြစ်တဲ့ သူ့အတွက်ပြင်ပေးထားတဲ့ သူ့နေရာသူဝင်ထိုင်လိုက်သည်။ ထိုနေရာကခါတိုင်းတော့ အစ်ကိုဂျယ်ယွန်းရဲ့နေရာပေါ့။
YOU ARE READING
1 Year & 10 MONTHS
Fanfictionမိုးပြိုနေတာမဟုတ်။ ကိုယ့်ထက်ငယ်တဲ့ကောင်လေးကို ယူရမှာမို့လို့ ဂျောင်ဝန်းငိုနေတာ။