2

493 73 28
                                    

တကယ်တမ်းကျကျောင်းကိုတစ်နှစ်နောက်ကျထားခံခဲ့ရတာဟာ ဂျောင်ဝန်းမဟုတ်ခဲ့။ ဆောဝန်းသာဖြစ်သည်။ ဆောဝန်းကတကယ်တမ်းကျ သူ့ထက်တောင်လပိုင်းကြီးသည်ကို ဂျောင်ဝန်းကအစ်ကိုအဖြစ်နေခဲ့ရသည်။

မွေးစားမိဘတွေကိုပြောချင်မိတာက ကလေးတစ်ယောက်ကို ကောင်းကောင်းမွန်မွန်ပြုစုနိုင်မှာ မဟုတ်ဘဲနဲ့များ ဘာလို့မွေးကြဝာာလဲလို့။

"ဂျောင်ဝန်းလေး အတော်ပင်ပန်းခဲ့ဝာာဘဲ။ အစ်ကိုသာဆို ဟိုစာအုပ်ဆိုင်ကို လက်စားချေမိမှာ။ အချိန်တန်ရင် သူ့စရိတ်နဲ့သူသွားမှာဆိုပေမယ့် စိတ်အနှောင့်အယှက်ပြန်မပေးချင်ဘူးလား။"

ယောက်ဖလုပ်သူ အစ်ကိုဂျယ်ယွန်းစကားကြောင့် ဂျောင်ဝန်းရဲ့ကြောင်မျက်လုံးလေးတွေလက်သွားသည်။ သူတစ်ခါမှမတွေးဖူးခဲ့တဲ့အရာပါလား။

"အစ်ကိုဂျယ်ယွန်းက အဲ့လိုမျိုးလုပ်ဖူးလို့လား။"

"လုပ်ဖူးတာပေါ့။ ကျောင်းတုန်းကဆို ကြည့်မရတဲ့သူတိုင်းကို ပညာပြပြီး ပြဿနာရှာလွန်းလို့ တစ်ပတ်တောင်ကျောင်းနားဖူးတယ် ဟီး"

သူ့အစ်ကိုနဲ့ရကာမှ အိမ်ရှင်ထီးလုပ်ပြီး ငြိမ်ဝပ်ပိပြားနေတဲ့ အစ်ကိုဂျယ်ယွန်းဟာ ငယ်ငယ်ကတော့ ဇမသေးဘူးဆိုတာ ဂျောင်ဝန်းသဘောပေါက်ရသည်။

သူဒီအိမ်ရောက်တာ တစ်လမပြည့်သေးပေမဲ့ အစ်ကိုဂျယ်ယွန်းဟာ ကျန်တဲ့သွေးရင်းတွေထက်တောင် သူ့အကြောင်းသိနေပြီ။ အိမ်မှာဘဲအမြဲထိုင်ပြီး စကားပြောနေကြတာကိုး။

ဒါကလည်း ဂျောင်ဝန်းအတွက်ညည်းညူစရာမဟုတ်။ သူ့အပေါ်မကောင်းခဲ့တဲ့လူတွေအကြောင်း ပြန်ပြောရတာက Hungary မှာအခြေချရမှာထက်တောင် ပိုကောင်းမည်တွေးသည်။

လောလောလတ်လတ်မှာ အစ်ကိုဂျယ်ယွန်းနွှာပြီးစိတ်ပေးထားတဲ့ ပန်းသစ်တော်လေးစားရင်း လောကစည်းစိမ်ကို ငြိမ်ငြိမ်ဆိမ်ဆိမ်ခံချက်ပေမဲ့ အဘိုးပြောထားတဲ့ ဂျပန်ကောင်လေးက ခေါင်းထဲဝင်လာပြန်သည်။

မကြာခင်ဘဲ အိမ်‌ကိုရောက်လာတော့မယ့်ဟာလေးနဲ့ သူဘယ်လိုလုပ်နှစ်ပါးသွားပါ့မလဲ။

1 Year & 10 MONTHS Where stories live. Discover now