Part-5

224 19 2
                                    


                      Chaeyoung တစ်ယောက် သူ့လက်ထဲကအရာကိုကြည့်ပြီး ဘယ်လိုမှ မယုံနိုင်အောင်ဖြစ်နေခဲ့သည်။mr.parkလင်မယားနှစ်ယောက်မှာလည်း သူ့သမီးကိုကြည့်ပြီး ဘယ်လိုပြော ရလဲဆိုပြီးကြည့်နေကြသည်။
    Chae " ဒါဘာတွေလဲဟင် appa Omma"
     Mr.park " ဟို.....အဲဒါလေသမီးထင်သလိုမဟုတ်ဘူး "
Chae " သမီးထင် သလိုမဟုတ်ဘူး ဆိုတော့ဘာ ကိုဆိုလိုတာလဲ ဘာကိုလိမ်ပြောချင်နေတာလဲဟင် " chaeyoungတစ်ယောက်လက်ထဲက ကွာရှင်းစာချုပ်ကိုကြည့်ပြီးဘယ်လိုစိတ်မထိန်းနိုင်သောကြောင့် သူ့တို့အရှေ့ကနေပြီးထွက်ပြေးလာလိုက်မိသည်။
        Mr.park လင်မယားမှာလည်း ထွက်ပြေးသွားသော သမီး လေးရဲ့နောက်ကို အမြန်ပြေးလိုက်ကြသည်။
        Chaeyoungတစ်ယောက် စားသောက်ဆိုင်ရဲ့ အိပ်သာတစ်ခုထဲသို့ ဝင်ရောက်ပြီးအော်ငို နေမိသည်။mr.park တို့လင်မယား နှစ်ယောက်မှာလဲ ဘယ်လို ရှင်းပြရမလဲဆိုပြီး စိတ်ပူကာလိုက်ရှာမိတော့ ယောကျားလေး အိပ်သာထဲဝင်နေတဲ့သမီးကိုရှုတွေ့ခဲ့ ကြသည်။
      Chaeyoung တစ်ယောက်အိပ်သာတံခါးကိုအမြန်ပိတ်လိုက်ပြီး အော်ပြီးပြောခဲ့သည်။
Chae "  ဘာလဲအမေတို့က သမီးတစ်ယောက်လုံးရှိနေတာကို ဘာလို့ကွာရှင်းနေကြတာလဲ ဘာလို့ လဲ??????"
Mrs.park "  မဟုတ်ပါဘူးသမီးရဲ့ အမေတို့ ရှင်းပြ ပါရစေ နော် ..နော် အပြင်ထွက်လာ ပြီးတော့ ‌အမေတို့ ရှင်းပြတာ နားထောင်ပါဦး ကွယ် "
Chaeyoung " ဘာလို့ .......ဘာလို့လဲ ????"
Mr.park  "ဟုတ်ပါတယ် သမီးရဲ့ ထွက်လာပြီး အဖေတို့ရှင်းပြတာ‌နားထောင်ဦး "
Mrs.park " သမီး အမေတော့ နောက်မှ ရှင်းပြမယ်လေနော် သွားစရာရှိသေးလိူ့ အမေသမီးလေး အိမ်ရောက်မှ တွေ့မယ်နော် မွ...မွ"
Chaeyoung တစ်ယောက် ဒီလိုအခြေအနေမှာကို အပြင်သို့အလောတကြီးထွက်သွားသောအမေဖြစ်သူ ဘယ်လိုမှ မယုံနိုင် ဖြစ်နေခဲ့သည်။ထို ကြောငိ့ အဖေကိုတောင်မမြင်ဘဲအပြင်သို့ထွက်ပြေးလိုက်မိသည်။ အပြင်သို့ရောက်သောအခါ ဖုန်းပြောနေသော အမေကို တွေ့ရသည် ဘယ်သူနဲ့ ဒီလောက် ပြုံးနေရတာလဲ
        " အင်း ပြီးဘီ အခု အမေ ပို့လိုက်တဲ့ လိပ်စာနဲ့ အဲမှာလာ ကြိုနော် စောင့်နေမယ် "
      ခဏ ကြာတော့အမေ ရှေ့ကိ ကားတစီး ထိုးရပ်လာပြီး ကားပေါ်မှ မိန်းကလေး တစ်ယောက် ဆင်း လာပြီး ပန်းစည်းကြီးနဲ့ အမေကို ပြုံးလျက် ကားပေါ်တင်ကာ ခေါ်ထွက်ကာထွက်သွားသည်။
      Chaeyoung တစ်ယောက် ထိုကားနောက်သို့လိုက် ရန် အမြန် taxi တစ်စီးခေါ်ပြီးး
" ဟို ကား အနောက်ကို အမြန်လိုက်ပေးပါလား ဟင် အမြန်မြန်" ကားသမားသည်လဲ အမြန် ထိုကားနောက်သို့ လိုက်သွား ရသည်။ ထိုကားသည် ဟိုတယ် တစ်ခု အရှေ့ ရပ်သွားကာ လက်တွဲ ပြီးဝင်သွား သော သူတို့ နှစ်ယောက်နောက် သို့ လိုက်သွားဖို့ ပြင်လေသည်။
     " ဒီ မှာ .... ဒီမှာ ခင်ဗျား taxi ဖိုး မပေးရသေးဘူး လေ"
   " ဒီမှာ " ဆုပြီးအမြန်လက်အိတ်ထဲက တွေ့တဲ့ စာရွက်တစ် ရွက်ကို ထုတ်ပေးလိုက်မိသည်။
" ဟာ..... ဒီမှာ ဒါက ပိုက်ဆံ မဟုတ်ဘူးလေး ဟာ ..." ထိုလူပြောတာကို နားမထောင်ဘဲ ဟိုတယ်ထဲသို့ ပြေးလိုက် မိ သွားသည်။
     ဟိုတယ်ထဲသို့ ရောက်တော့ ကောင်တာတွင်ထိုင်နေသော ကောင်မလေးတွေ နားသိုးအမြန်သွားကာ    " ဟို ဒီမှာ မေးစရာလေးရှိလို့ ခုနားကတက်သွားတဲ့ မိန်းကလေးနှစ်ယောက် ခန်းဘယ်လောက်လဲဟင် ပြောပြပေးပါလား"
  " ဟို ဒါက ပြောပြလို့မရဘူးရှင့် ကိုယ့်ရေးကိုယ်တာ ကိစမလို့ "
  "  ကျွန်မက သူ့၏သမီးမှာတက်သွားမိန်မကြီးတစ်ယောက်ရဲ့ ဒီမှာပါ မှတ်ပုံတင် ကြည့်နိုင်ပါတယ် မျိုးရိုးတူတူဘဲ့လေ " ထိုကောင်မလေးနှစ်ယောက်သည် အဲခါမှ ပြောပြသည်။
     Chaeyoung တစ်ယောက် ထိုကောင်မလေးတွေ ပြောသော အခန်းကို အမြန် တက်သွားသည်။ ထို အခန်းရှေ့ရောက်တော့ တံခါး ကို အမြန် ခေါက်လိုက် ကာရပ်နေမိသည်။
    Jisoo တစ်ယောက် အမေက သူ့ ကွာရှင်းပြီးလို့ လိပ်စာတစ်ခုပေးကာ လာကြိုဖို့ ပြောတာ့ သူလဲ လက်ဆောင်တစ်ခုကိုဝယ်ကာ သွားကြိုလာပေးခဲ့သည်။ သူ့နေတဲ့ တိုက်ခန်းသို့ ခေါ်လာပြီး အမေက သူဒီကနေ ပါတီတစ်ခုကို သွားစရာရှိလို့ဆိုပြီးပြောကာ ထွက်သွားသည်။
        အမေ ထွက်သွားပြီး မကြာမှီ သူ့ကော်ဖီတခွက်သောက်ကာ နေစဉ် တံခါးခေါက်သံ တစ်ခု ကြားရတော့ အမေ ပြန်လာတာစောသားဟု တွေးကာ တံခါးကို ဖွင့်ပေးလိုက်မိသည်။
     " အမေ ထွက်သွားတာ ဟင် ..... chae လေး "
   " ဘယ်မှာလဲ ငါ့အမေကို ခေါ်လာပြီး ဘာလုပ် လိုက်တာလဲ ဟင် မိန်းကလေးဖြစ်ပြီး ဘာလို့ ဒီ လို့လုပ်တာလဲ ဟင် "။ sooတစ်ယောက် လန့်နေမိသည် chae တစ်ယောက်သူ နေတဲ့ ခန်းကို ဘယ်လိုသိပြီး ဘယ်လိုရောက်တာလဲဆိုပြီး တွေးနေစဉ် သူ့ကို တရစပ်ရိုက်နေသော သူကို တချက်ကြည့်ကာ
Soo " အာ ....ဘာလို့ ရိုက်နေတာလဲ ဟင် "
Chae " ဘာလို့ရိုက် တာလဲဟင် ဟုတ်လား ကျွန်မ‌အမေ ကို ဘာလို့ ခေါ် လာတာလဲ ဟင် ပြော ရှင် မိန်းကလေးဖြစ်ပြီး "
Soo " အာ ......  Chae !!!!!!!!! ဘာလို့ ဒီ လောက်ရိုက်နေရတာလဲ ဟင် " ဆိုပြီး သူ့၏ ပါးဖောင်းဖောင်းလေးကို ဆွဲ ကာပြောတော့
Chae " အား..... နာတယ် " ဆိုပြီးအော်လိုက်တော့ သူ့ကိုဒီလိုအော်ပြီး ပါးကိုဆွဲတာက sooသူ ကို့အမြဲ လုပ်နေကြ ဆိုတော့
" Kim jisoo ????" ဟုဆိုပြီးပြောလိုက်တော့
   " အင်း ဟုတ်တယ်  အခုသိ ဘီလား ဟင်..." ဆိုပြီးပြောပြီးပြောလိုက်တော့ ပို့လို့ ပင် ဆို့းလာသည်။ သူ့ကို့ ရိုက်‌နေတာကတော့ မရပ်ပြီး Soo ကတော့ သူလက်တွေ လိုက်ချုပ်နေပေဘဲ့ သူက အငြိမ်မနေ့တာကြောင့် နှစ်ယောက်သား အရှိန်လွန်ကာ ကြမ်းပြင်ပေါ်သို့ လဲကျ မိသွားသည်။
       လဲ ကျတာ အရှိန် ပြင်းတာကြောင် Sooတစ်ယောက် အောက်သို့ရောက်သွား ပြီး chae ကိုဖမ်းပေမဲ့ မမီဘဲ့ သူ၏ပါးပြင်သို့ ရောက်လာသော chae ၏ နှုတ်ခမ်း လေးကြောင့် လူမှာ ပူထူသွားသည်။ chae တစ်ယောက် သူလဲကျပြီး sooကို နမ်းမိတာကြောင့်  စိတ်တိုကာ သူကို အားနဲ့ ဆောင့်တွန်းလိုက်ပြီး ထလိုက်သည်။
    Soo တစ်ယောက်သူ ကို အားနဲ့တွန်းပြ ထလိုက်တဲ့ သူကို တစ်ချက်ကြည့်ကာ ရယ်လိုက်ပြီး သူရီနေတာကိုမြင်တော့
Chae " ဘာလို့ ရီ နေတာလဲ ဟင် မတော်တဆ နမ်းမိတာကို စိတ်ထဲမထားနဲ့   ပြီး တော့ ဘယ်မှာလဲ အမေ "
"  Omma  ဒီ မှာမရှိဘူးလေ "
  " ရှင်မလိမ် နဲ့ ရှင် ခေါ်သွားတာမြင်လိုက်တယ် ဘယ်မှာလဲ" ဆိုပြီး တိုက်ခန်း ထဲ တွင်ပတ်ရှာနေသော သူနောက် လိုက်ပြီး " မရှိပါဘူး " ဆိုပြောနေတာလေ သူ့ပြောတာကိုအရေးမစိုက် ဘဲ ဟိုရှာ ဒီရှာလုပ် နေသူသည်။အိပ်ယာ ပေါ်က  Omma ခ ဏ က ချွတ်ခဲ့သော အဝတ်အစားများကိုမြင်တော့  သူ့ဘက်လှည့်ပြီး "  အမေကိုနင်ဘာလုပ်လိုက်တာလဲဟင် " 
" အမေက ဒီမှာမရှိတော့ဘူးလို့ "  ပြောတော့ ကိုယ့်ဘက်ကို မျက်စောင်းထိုးပြီးကြည့်လာတယ် ။
   " ဘယ်မှာလဲ အာဆို " "
"   မသိဘူး " ဆိုပြီး သူ့အနားမှ မျက်နှာကို ချက်ချင်းလွှဲကာ  ပြင်ဘက် သို့ထွက်လာတော့
  "  ဒီမှာ အမေ ဘယ်မှာ လဲလို့ "
" ငါ့နာမည် ဒီမာ မဟုတ်ဘူးနော် အမည်ရှိတယ်  Kim jisoo "
"  ဟုတ်ဘီ Soo အမေ ဘယ်မှာလဲ ပြောစမ်းပါ "
  " ငါ့ကို တောင်းပန် မယ်ဆို ပြောပြ မယ်"
  "  မတောင်းပန်ပါဘူး ငါ့ အမှားမှ မလုပ်ထားတာ "
" ဟုတ်ဘီ လေ ဒါဆိုလဲ မပြောပြယုံဘဲ့ပေါ့ " ထိုသို့ပြောလာသည့်အခါchaeတစ်ယောက် ဒေါသတွေကိုထိန်းကာ
  " တောင်း..တောင်း ပန်တယ် "
" ဘယ်လို တောင်းပန်တာကိုစကားထစ်နေရလား ကျွန်မ တောင်းပန်ပါတယ် ရှင်လို့ ပြော "
Chaeyoung တစ်ယောက်သူသိချင်တာကိုပြောရမှာလျှာရှည်နေသူကို ဒေါသထွက်သော‌လည်း
  "  ဟုတ် ကျွန်မတောင်းပန်ပါတယ် Soo ရယ် ပြောပြပါနော် " ဆိုပြီး မျက်နှာငယ်လေးဖြစ်ပြောတော့ ကိုယ့်က မနေနိုင်သူဆိုတော့
"  ဟုတ်ပါဘီ လာငါ့ခေါ်သွားပေးမယ် နင်မှာကားမပါဘူးမှတ်လား လာ " ဆိုပြိး ထွက်သွားသူနောက်ကို အမြန်လိုက်နေရသည် ။
    Mrs.park တစ်ယောက် ကတော့ သူ့သူငယ်ချင်းတွေနဲ့ ပါတီမှာပျော်နေကြသည် ။
" ကဲ ... ကဲ အားလုံး နားထောင် အခု ငါ့တို့ရဲ့ သူငယ်ချင်း လေး single ပြန်ဖြစ်သွားတဲ့ အထိမ်းမှတ် အနေနဲ့ ငါ့တို့ ကသူကို surprise စီစဉ်၊ားတာနော် ကဲ  park လေးရေ မျက်လုံးလေး ခဏမှတ်ထားနော် ..."
  " ဟယ် .... နင်တို့ ကလည်း အချင်း ချင်းကို ဒါပေမဲ့ ဘာsuprise လဲ ဆိုတာ သိချင်နေဘီ "
   Mrs.park တစ်ယောက် သိချင်လို့ မျက်စိကို အတင်းပိတ်းပြီး ပြောနေသည်။
      ထိုသို့ပြောပြီး သူတို့ ၏ပါတီးထဲသို့ အဝတ်ဗလာ နဲ့ ကောင်လေး တစ်ချု့ ကိတ်တခုကိုသယ်ပြီး လာနေသည်။ ထိုအချိန် chaeyoung နဲ့ jisoo တို့ ရောက်လာပြီး  ထို အဖြစ်ပျက်မြင်ကာ chaeyoung တစ်ယောက် ဒေါသထွက်ကာ ထိုကောင်းလေးတွေ သယ်လာ သော ကိတ်မုန့်ကိုယူလိုက်ပြီး သူ့အမေ ရဲ့ အရှေ့မှာ ရပ်ကာ နေလေသည်။
     Mrs.park တစ်ယောက် သူ့သူငယ်ချင်းတွေ သံတိတ် သွားသောကြောင့်
  " ဘာလဲ ကိတ် ရောက်လာဘီလား "
"အင်း .... လာ   လာ ဘီ "
   " ‌အို့ .... ဒါ ဆိုလဲငါ့ ဆုတောင်းလိုက်အူးမယ် အခုချိန်ကစပြီး အဆင်ချောချောလေးတစ်ယောက် ရပါစေ လို့ ဆုတောင်းတယ် ဟေး ..... ဟေး "
ထို့သို့ပြောပီး မျက်လုံးကို ဖွင့် လိုက်ချိန် မြင်လိုက်ရတာက သူ့သမီး chaeyoungကို မြင်လိုက်ရသောကြောင့် လန့်က ထရပ်လိုက်မိသည်။
သူ့အနောက်တွက် soo တစ်ယောက် မျက်နှာလေးငယ်စွာကြည့်နေသည်။
  "  Omma  ဒါကြောင့်လား .... ဒါ ကြောင့် လား လို့ အဖေနဲ့ ကွာရှင်းတာ " 
   " ငါ့မဟုတ်ဘူး နင့်အဖေ  နင့်အဖေ က ကောင်မလေးအသစ်နဲ့ လက်ထက်မှာမလို့ ငါ့ကို ကွာရှင်းတာ သိလား "  ဆိုပြီး သူတို့  နားသို့ လာနေသော Mr.park ကို လက်ညိုးထိုး၍ ပြောလေသည်။
      Chae တစ်ယောက် နောက်သို့ လှည့် ကြည့်ပြီး
  " Appa  ဟုတ်လားဟင် Omma ပြောတာ ဟုတ်လားလို့ "
Mr.park  တစ်ယောက် ဘယ်လိုရှင်းပြရမလဲ မသိဖြစ်ကာ နေမိသည်။
    Chaeyoung တစ်ယောက်  ဝမ်းနည်းကာ ထိုနေရာမှ ပြေးထွက်လာ မိသည်။ mr.park တစ်ယောက် ပြေးလိုက်သွားမလို့လုပ်တော့ jisooက
   ". Appa မပူ နဲ့ သမီးလိုက်သွားလိုက် မယ် အဖေတို့သာ အိမ်ပြန်သွားကြ သမီးသူကို ပြန်ခေါ်လာ ပေးပါမယ် "
     "  သမီး အဖေ စိတ်ချမယ်နော် သမီးညီမလေး ကို အ‌ဖေစိတ်ချမယ်လို့ " ပြောပြီး  သည့်နက် သူလဲ ထွက်သွားသည့်သူ နောက် လိုက်သွားဖို့ ပြင်ရလေသည်။
  Chaeyoung တစ်ယောက် လမ်းမထက်တွင် ငိုကာ ‌သွားနေပြီး သူ့နောက် က soo လိုက်သည့်ကို သိလိုက်ရသည်။
  "။ ဘာလဲ .... ငါ့မိသားစုကွာရှင်းတာငါ့ငိုနေလို့ လှောင်ရယ်ဖို့ လိုက်လာတာလား "
  "မဟုတ်ပါဘူး chae လေးရယ် ငါ့လဲ သူတို့ ကို တားပါသေးတယ် ပြောမရလို့ ပါ "
Soo ထို့ငို့ပြောပြီးနောက် ရှိုက်သံလေးထွက်လာသည့်သံကြားသဖြင့်
  "  မငိုနဲ့ နော် " လို့ ပြောတော့ ပို၍ပင်ငိုလာသည်။ chaeyoung တစ်ယောက် သူ့လမ်းလျှောက်နေတုန်း သူ့၏ဖိနပ် ဟာ တစ်ခုခု ညှပ်နေ မိတော့ သွားလို့မရဖြစ်နေခဲ့သည်။
  Soo တစ်ယောက် မြင်သောအခါ သူ့အနား ခြေ‌လေးထောက်ကာ ဖိနပ်ကို ဆွဲထုတ်ပေးနေမိသည်။ သူ့ခြေထောကို ကိုင်တော့ တွန့်ဆုတ်သွားသောကိုယ့်လေးကိုသတိထားမိသည်။
  ခြေထောက် ထုတ်လို့ရတော့ chaeyoung တစ်ယောက် အနီးနားမှာရှိတဲ့ ရေကန်လေးဆီ သွားပြီး ငိုနေမိသည်။။     Soo ဲ သူအနား သွားရပ်ကာ ရေကန်လေးကို ငေးနေမိတော့ တစ်ချက်ချက်တုန်သွားသော ကျောပြင်လေးကိုမြင်၍ သူ့ရဲ့ ငုတ်အင်းကျီးကိုချွတ်ပြီး သူ့အပေါ့ ဝတ်ပေးလိုက်တော့
   " ယူထားပါ ငါ့က ဘာမှမဖြစ်ပါဘူး မင်းနေမကောင်းဖြစ်လိမ့်မယ် ဝတ်ထား " ဟု ပြောလိုက်တော့ သူ အင်းကျီကိုကိုကိုင်ကာ ငိုနေသောသူသည် ရေကန်သို့ တဖန်ပြန်ကြည့်သွားသည်။
       ထိုနေ့ည၌ မိဘတွေ ကွာရှင်းလို့ ငိုနေသော ကောင်မလေး‌တစ်ယောက်ကို  ငေးကြည့်နေသော ကောင်မလေး တစ်ယောက်ကို ‌ ကောင်းကင် ကြီး ညအလင်းရောင်အောက်က ရေကန်နံဘေးတွင် မြင်နေရတော့သည်။

                

             ပထမဆုံးရေးတဲ့ ficလေး ဖြစ်တဲ့ အတွက် ဖတ်၍ ကောင်းမကောင်း comment မှာရေးသွားကြနော် ။။။🥰🥰
        Part -5 (end) ⭐⭐
   

ချည်နှောင်မိတဲ့ သံယောဇဉ်ကြိုး (chaesoo)Onde histórias criam vida. Descubra agora