မနက်မိုးလင်းရောက်သော် chaeyoung တစ်ယောက် အိပ်ရာမှနိုးလာခဲ့သည်။ သူနိုးလာတော့ သူ့အိပ်ယာပေါ် ဘယ်လိုရောက်နေလဲ ဆိုတာ စဉ်းစားမရဖြစ်နေသည်။ သူစဉ်းစားနေစဉ် သူ ငယ်ငယ်က သူကိုထိန်းကျောင်းပေးခဲ့သော အိမ်ထိန်းတော်ကြီး ရောက်လာပြီး
" Chae လေး နိုးဘီလာ အဒေါ်ကြီးက မနိုးသေးဘူးထင်လို့လာ နိုးတာ "
" အဒေါ် ကြီး သမီးအိပ်ယာပေါ် ဘယ်လိုရောက်နေတာလဲဟင် "
" သမီးလေး မမှတ်မိဘူးလား သမီးလေး ကိုယ်တိုင် ကားပေါ်ကဆင်းပြီးအိပ်ပေါ်တက်ပြီးအိပ်နေတယ်လေ sooလေးလာပို့ပေးသွားတာ"
Chaeyoung တစ်ယောက် သူအိပ်ယာပေါ်ရောက်လာတာ ဘယ်လိုမှ စဉ်းစား၍မရပေ။
" ကဲပါ..... မစဉ်းစားနဲ့ တော့ အခုလဲနိုးနေဘီကိ မျက်နှာသစ် သန့်ရှင်းရေး လုပ်ပြီးဆင်းလာနော် မနက်စာစားဖို့စောင့်နေကြတယ် ။"
" အင်း" ဟုဖြေပြီး ရေချိုးခန်းထဲဝင်သွားတဲ့သူကိုကြည့်ပြီး ** မနေ့ကသမီးလေးအရမ်းပင်ပန်းပြီး အိပ်ပျော်နေတော့ sooလေးကပွေ့ချီပြီး အခန်းထဲသိပ်သွားလေ။ " အဒေါ်ကြီး သူနိုးလာရင် ကျမလာပို့သွားတယ်လို့ မပြောနဲ့နော် " ဟုမှာသွားသောသူကြောင့် အဒေါ်ကြီးမပြောတာနော် သမီးလေးတွေရဲ့ *** ဟူတွေးပြီးအောက်ထပ်သို့ ဆင်းလာလေသည်။ (ဒီ fic မှာchaeက sooထက် အရပ်နိမ့်တယ် နော် )
Mr.park တစ်ယောက် အောက်ထပ်သို့ဆင်းလာတော့ mrs.park တစ်ယောက်ထမင်းစားခန်းတွင် လုပ်ရှုပ်နေကာ
" ဘာလုပ် နေတာလဲ ဟင် " ထို့သို့မေး၍ထမင်းစားခန်းတွင်းသို့ဝင်လာသည်။ sooတစ်ယောက်ကတော့ ဘာမှမပြောဘဲ မနက်စာ သာဆက်စားနေသည်။
" ဘာလုပ်ရမှာလဲ ကျမနဲ့ ရှင်နဲ့ ကွာရှင်း ပြီးပြီဆိုတော့ ကျမကတစ်ဝက်ပိုင်တယ်လေ ပြီးတော့ ဒီအိမ်မှ ကျမ ဝယ်ထားတဲ့ တဲ့ပစ်စည်းတွေကို တံဆိပ်လိုက်နှိပ်နေတာ"
" ပြီးတော့ ကျမက သမီးsooတို့တိုက်ခန်းမှာ မှာနေမှာ ပြီးတော့ ရှင့် အင်းကျီ ချွတ်အခု "
" ဘာလုပ်ဖို့လဲ ငါ့ အင်းကျီက ပြီးတော့ငါ့ကိုယ့်မှာ တံဆိပ်ကရောဘာလဲ ငါ့လား "
" no...no. ရှင် မဟုတ်ဘူး ရှင့် အင်းကျီးကျမဝတ်ပေးထားတာ အဲဒါကြောင့်ပါ "
Mr.park တစ်ယောက်ဘာပြော ရမှန်ူမသိချိန်
" ဒါဆို သမီးကဘယ်မှာနေရမှာလဲ ဘယ်သူယူမှာလဲ "
"။ အမေသမီးလေးက အမေနဲ့လိုက်နေ ပေါ့ "
" မရဘူး အဖေနဲ့ နေရမရ် နော် သမီးလေး "
" ဘာ မရဘူးကျမ သမီးကိုကျမခေါ်သွားမရ် sooရောဘဲ့ "
Soo ဆိုမှ chaeyoung တစ်ယောက် ထမင်းစားအခန်းသို့လှည့်ကြည့်လိုက်သောအခါ မနက်စာစားပြီး၍ ရုံးသွားရန်ပြင်နေသော သူကိုမြင်သောအခါ
" ရှင် အခုထိ အိမ်က မထွက်သေးဘူးလားဟင် "
" သမီး စကားဘယ်လိုပြောနေတာလဲ Soo က အဖေတို့သမီးဘဲ့လေ"
" ကျမလဲ သမီး မပါရင် ဒီအိမ်ကဘယ်မှမသွား ဘူးသမီး sooလဲ အမေတို့နဲ့လာနေရမယ် "
" ဘာ ..... မရဘူးနော် အမေ သူကိုလုံးဝလက်မခံဘူး ဒီအိမ် ကနေပြီးတော့ " ဆိုပြီးအပါ်ထပ်သို့ တက်သွားသော ကောင်မလေး ကို ခေါင်းခါ၍သာကြည့်နေမိကြသည်။
Chaeyoung တစ်ယောက် အပေါ်ထပ် သူ အခန်းသို့ တက်ပြီး အဖေနဲ့တွဲနေတဲ့ ကောင်မလေးအကြောင်းကိုစုံကိုစုံစမ်းနေမိသည်။ အဲကောင်မလေူ အကြောင်း ရှာတွေ့တော့ ဒီနေ့သူ၏ အလှပြင်ဆိုင်ဖွင့်တာဘဲ့ ငါ့အကြောင်းသိရအောင်ပြရတာပေါ့ ဟား.. ဟား။ chaeyoung တစ်ယောက် အဝ်စားတွေလဲပြီးအိမ်အောက်ကို ဘယ်သူမှမသိအောင် ဆင်းလာပြီး ကားတစီးကိုယူ ကာ ပြင်သို့ထွက်သွားသည်။
Soo နဲ့ mrs.park တစ်ယောက် ပြင်သို့စကားပြောပြီးထွက်လာချိန် အရှိန်ဖြစ်ထွက်သွားသောကား တစီးကိုမြင်၍ အဒေါ်ကြီးကိုမေးကာ
" အဒေါ်ကြီး အခုနားကထွက်သွားတဲ့ ကားအသေးလေးနဲ့ဘယ်သူလဲ "
" အော် .... အဲဒါလား chae လေ သွားစရာတစ်ခု ရှိနေတယ်ဆိုလားဘဲ့ ပြီးတော့ ငါ့အကြောင်ူသိစေရမယ်လည်းပါတယ် အဲလိုပြောပြီးထွက်သွားတယ်"
Soo တို့လဲ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး
" သမီးတော့ ထင်တယ် အဲကိုသွားမှာဆိုတာ "
" သူကဘယ်လိုလုပ်ပြီးသိသွားတာလဲ မသိဘူး "
" ဟူး ... Han soyeon လို့ရှာလိုက်ရင် ပေါ်လာဘီကို အမေစိတ်မပူပါနဲ့ သမီးရအောင်ခေါ်လာပးပါ့မယ် " ဆိုပြီးသူ့ကားဆီထွက်ကာ ထွက်သွားသည့်လူနောက်ကိုအမြန်လိုက်ရသည်။
တ ဖက်တွင် Han soyeon တစ်ယာက် ပွဲအတွက်စိတ်လှုပ်ရှားနေမိသည်။ ထိုအချိန် Mr.park တစ်ယောက် ဖုန်းဝင်လာသည်။
" Hanဘယ်လိုနေလဲ ပွဲ အတွက် စိတ်လှုပ်ရှားနေဘီလား ဟင် "
" ဟုတ်တယ် han လေ ဘယ်လိုစိတ်လှုပ်ရှားနေမှန်းမသိဘူး"
" ဟား ဟား အဲလို စိတ်မလှုပ်မရှားနေပါနဲ့ ဆင်ပြေသွားမှာပါ ပွဲပြီးရင် ကိုလာကြိုမှာနော် ညစာအတူစားရအောင် "
" အင်း ဒါဆို ဖုန်းချလိုက်တော့မယ်နော် "ဆိုပြီး ဖုန်းကိုချလိုက်ပြီး သက်ပြင်းတစ်ချက် ချကာ
" အမေ လုပ်ခိုင်းလို့သာ လုပ်နေရတာ သမီးသူ့ကိုသဘောမကျဘူးအမေ သမီးသဘောကျတာ သူ့သမီးsoo ကိုလေ"
" အမယ် ဒီကောင်မလေး အဲကောင်မလေးက ဘာစိတ်ဝင်စားစရာရှိလို့လဲ သူ့ကမွေးစားသမီးနင်သူကို ယူလို့ဘာမှရလာမှမဟုတ်ဘူး သူလဲနင်ကိုချစ်မဲ့ပုံမပေါ်ဘူးလေ အဲကြောင့်လမ်းခွဲတာမဟုတ်လားမင်းနဲ့ "
" Me.park ကိုသာယူကြည့်မင်းဘဝတစ်ခုလုံးကောင်းစားသွားမှာ သူ့ကချမ်းသာတယ် ပြီးတော့ သူ့မိန်းမနဲ့လဲ ကွာရှင်းပြီးဘီ မကြာခင်သူ့ကနင်ကိုလက်ထက်ယူတော့မှာ အဲတော့နင်မှတ်ထားရမှာက အချစ်ရေးမှာ အချစ်ထက် ငွေကိုဦးစားပရတယ်သိလား "
" ဟာ အမေကလည်း သမီးက Soo ကိုချစ်တာ သူ့ကိုချစ်နေတုန်းဘဲ့ သူ့လဲ ချစ်နေတုန်းဘဲ့ ဆိုတာ သမီးသိတယ် အမေတို့လမ်းခွဲခိုင်းလို့ သူ့လမ်းခွဲသွားတာ"
" ဘာ သူကနင်ကိုတကယ်ချစ်တာ ဘာမှအသုံးမဝင်တာတွေ လာမပြောနေနဲ့ သူ့ကmr.park ရဲ့ သမီးကိုချစ်တာ နင်ကိုမဟုတ်ဘူး နင်က ခဏတာအစားထိုးယုံဘဲ့ဆို နင်လည်း သိတာဘဲ့ ....... တော်ဘီ .... အခမ်းနားစတော့မယ် ငါ့ပြောတဲ့အတိုင်းသာ လုပါပါ ဟုတ်ဘီလား လာပါ ...."
ဆိုပြီး han soyeon တစ်ယောက် သူ့အမေဆွဲတဲ့အနောက်ပါသွားလေသည်။
ပွဲ အခမ်းအနားတွင်း၌ လူတစ်ခဒလည်းရောက်ရှိနေပြီး မီဒီယာတစ်ချို့လဲ ရောက်ရှိနေကြသည်။ မော်ဒယ်မင်းသမီးရဲ့ ပွဲဆိုတော့ အကုန်လုံးစောင့်မျှော်နေကြသည်။ Han soyeon တစ်ယောက် ပွဲစသည့်ဟု ခေါ်မှ အသိစိတ်တွေကိုစုစည်းကာ ပွဲ၏ အင်တာဗျူးဖြေသည့်နေသည့်နေရာတွင်ဝင်ထိုင်လိုက်ပြီး
_ဟို မော်ဒယ် han soyeon ရှင့် အခုကျမတို့မေးချင်တဲ့ အကြောင်းရာလေးက မော်ဒယ်တစ်ယောက်အနေနဲ့ အခုလို အလှပြင်ဆိုင်ဖွင့်ရတဲ့မယအပေါ်မှာကျေနပ်မှုရှိပါ့သလား ???
" ဟိုကျမအနေနဲ့ ပြောရမယ်ဆိုရင် အရမ်း ကျေနပ်မိတယ် ဘာဖြစ်လို့လဲဆိုတော့ အမျိုးသမီးတစ်ယောက်အတွက် အလှအပဆိုတာက အမြဲလိုအပ်နေတဲ့ အရာတစ်ခုလေ ကျမဆိုအလှအပနဲ့ ပက်သက်ပြီး ကြေညာရတယ် အလှအပနဲ့ပက်သက်ပြီးအမျိုးမျိုးသုံးရတယ် အဲသလိုဆိုတော့ ကျမက အမျိုးသမီးတိုင်းအတွက်ရည်ရွယ် ပြီးဖွင့်ချင်ခဲ့တာပါ။ ဒါ့ကြောင့်ကျမဒီဆိုင်ကို ဖွင့်လိုက်ရခြင်းဖြစ်တယ်။
_ ဟုတ်ကဲ့ ကျမတို့အမေးတာကိုအသေးစိတ်ပြောပြတဲ့ကျေးဇူးတင်ပါတယ်ရှင့် ပြီးတော့ အခုတလောလူပြောများနေတဲ့ မော်ဒယ် han soyeon နဲ့ Green Dream company က mr.park Mino နဲ့တွနေကြတယ်ဆိုတာရောဟုတ်ပါ့သလားရှင့် ဖြေကြားပေးပါဦးနော်
" ဟို .... ဒါကတော့ ကျမရဲ့ ကိုယ့်ရေးကိုယ့်တာ ကိစမလို့ မဖြေကြားမရစေနဲ့
_ လက်တော့တော့မည့်သတင်းကရောရှင်
" ဟို .... ဟို ကျမမပြောပါရစေနဲ့ ပြီးတော့ ဒီနေ့ပွဲကိုလာရာက်ကြသူတို့လဲအထူးကျေးဇူးတငါပ်တယ်ရှင့် "
ထိုအချိန်
" အမယ် မကြာခင်လက်ထက်တော့မာ်သတင်းလေးပြော သွားပါဦး han soyeon "
Han soyeon တစ်ယောက် လူကြားထဲမှ ကွဲ၍ ထွက်လာသောအသံကြောင့် နောက်သို့လှည့်ကြည့်မိတော့ " ဟင် " ဆိုပီး အံ့ဩသွားလေသည်။ သူလိုဘဲ့ ပွဲထဲတွင် ရှိနေသောလူတွေ့အကုန်လုံးလှည့်ကြည့်မိတော့ ဆံပင်ကိုရွှေဝါရောင်လေးဆိုးထားပြီး မျက်နှာထားခပ်တင်းတင်းနဲ့ လူအကြားထဲသို့ဝင်လာသောသူ ဆီကိုအကြည့်တွေအကုန်လုံးရောက်ကုန်ကြလေသည်။
" ဘာလဲ .... ရှင်က အံ့ဩသွားတာလားဟင် အဖေဆီကချူစားနေပြီး အခုလိုအလှပြင်ဆိုင်တွေဖွင့်နေနိုင်ဘီပေါ့ ဟုတ်လား "
" ဒီမှာ ငါ့သမီးကို ဘယ်သူလဲ လာစော်ကားနေတာ "
" ဘာလဲ ရှင့်သမီး ဘက် နာလို့လား ရှင့်တို့သားအမိ အကြောင်ူကျမမသိဘူးများမှတ်နေလားဟင် "
" နက်ကဘယ်သူလဲ !?!! "
" အော် .... ရှင်တို့ကိုမိတ်မဆက်ရသေးဘူးဘဲ့ ကျမကခင်များတို့ ချူစားနေတဲ့ mr.park Mino ရဲ့ သမီး Park Chaeyoung ဆိုတာငါ့ဘဲ့ "
" ဟင် !!! "
" ဘာလဲ အဖေကခင်များသမီးကိုတကယ်လက်ထက်မယ်လို့ထင်လား ဟား.. ဟား "
" ဒီမာ စကားဆင်ခြင်ပြောပါ ငါ့သမီးက နင်ပြောမှ ခြူစားနေတဲ့သူကျလို့ "
" မဟုတ်လား " ဆိုပြီး han soyeonမျက်မှာကို အနီးမှာရှိတဲ့ ပန်းအိုးထဲကရေနဲ့ ပစ်ပေါက်လိုက်လိုက်သည်။
Chaeyoung တစ်ယောက် သူ့ပစ်ပေါက်လိုက်တဲ့အရာနဲ့ han soyeonကြားဝင်လာသောလူ အရိပ်တခုကြောင့်လန့်ကာကြောင့ကြည့်မိသည်။ ထိုသူက Soo
" Chae ဘာလုပ်ဒီလိုလုပ်တာလဲ ဒီမာ မီဒီယာ တွေကမနဲဘူးလာအိမ်သွားမယ် "
" ဘာလဲ ရှင်ကပါ သူဖက်ကလား ဟင် soo"
" မဟုတ်ပါဘူးကွာ မင်းtvမှာပါသွားရင် မင်းမျက်နှာပြောခံရမှာပူလို့ပါ" လာစွားမယ်ဆိုပြီး chaeyoung ကို ကောက်ပွေ့ပြီး ထိုပွဲမှ ခေါ်လာမိသည်။ ဒါကိုမကျေနပ်၍ရုန်းရင်းပါလာသောသူသည် " လွှတ် ကျမကို .... လွှတ်လို့ပြောနေတရ် Kim jisoo " ဆိုပြီးအော်ပြီးလိုက်လာသည်။
Sooလဲ အပြင်သို့ ရောက်မှ လက်ပေါ်က ပေါက်စကိုလွှတ်ပေးလိုက်ပြီး
" ဘယ်လိုဖြစ်နေတာလဲဟင် မင်းနဲနဲကလေးမဆန်လို့ရမလား "
" ဒီမှာ ရှင် ကျမကိုပြောစရာမလိုပါဘူး ရှင့်နဲ့ကျမဘာမှ ပက်သက်စရာမရှိပါဘူး "
" မရှိလို့မရဘူးလေ မင်းက " ဆိုပြီး သူရှေ့ဆက်မပြောဘဲတွေဝေနေမိသည်။
" ဘာလဲ .... ကျမက ရှင့်ညီမလေးလို့ပြောမလို့လား ဒီမှာ ကျမမျာ အမလဲမရှိသလို အကိုလဲမရှိဘူး သိလား လာပြီး အစ်မလိုမပြုမူတွေမလုပ်ပြပါနဲ့ "
" ဟုတ်ပါဘီ ဒါဘဲ့မလား လာ အိမ်ပြန်မယ် တက် ကားပေါ် မင်းကားတော့ ဒီမာ ထားခဲ့ မနက်ဖြန်ငါ့ လာယူခိုင်းယူမယ် "
" ဟုတ်ပြီလေ ဒီနေ့တော့ရှင်စကားနားထောင်လိုက်မယ် မနက်ဖြန်တော့ ဒီလိုလာမလုပ်နဲ့ ကြားလား "
" ဟုတ်ပါဘီကွာ " ဆိုပြီး အဆိုးလေးကို ကားထဲသို့ခေါ်ကာ ထွက်လာသည်။
Han soyeon တစ်ယောက် သူကိုပစ်ပေါက်လိုက်လိုက်သော ပန်းအိုးကြားထဲသို့ဝင်လာသောသူကို တွေးကာ * * Soo အခုထိ han ကိုချစ်နေသေးတယ်မလား ဟင် han ကိုထိခိုက်မှာကြောက်လို့ ကာကွယ်ပေးခဲ့တယ်မလား ဟင် **။
" သမီး ... သမီး ... Han soyeon "
" ဟင် အမေ ဘာပြောမလို့လဲဟင် "
" ဘာ ... ဘာကိုပြောရမာလဲနင်အခု မြင်ဘီမလား Mr park သမီးလာသောင်းကျန်းသွားတာ ပြီးတော့ နင်ချစ်လှပါဘီရဲ့ဆိုတဲ့သူက နကိုရောမြင်ရဲ့လားဟင် သူလည်မှာ ဝင်ကာပေးခဲ့တာလဲ မီဒီယာတွေအဲကောင်မလေး ကိုရိုက်မှာကြောင့်ဝင်ကာပေးခဲ့တာ သိလား "
" နင်သာသည်းသန် ချစ်နေတာ ဟို ကအဲကောင်မလေးအတွက်ဘဲ့ကာကွယ်နေတာ ဟိုမှာ ကြည့်လိုက်ဦး "။ ဆိုပြီး Soo က chae ကိုပွေ့ချင်လျက်ခေါ်သွားတာကို ပြလိုက်သည်။
Han soyeon တစ်ယောက် သူတို့ကိုငေးလျက် ငါ့သိတဲ့ sooက မိန်းကလေးတစိယောက်ကိုပွေ့ပြီးသွားတာမယုံနိုင်စရာဘဲ့နော် ** Soo နင်သူကိုအရမ်းချစ်တာဘဲ့လား နင်ပြောပြောနေတဲ့ ပါးဖောင်းဖောင်းလေးနဲ့ ကောင်မလေးဆိုတာ သူလားsoo * * ဟုတွေးရင်း သူတို့နှစ်ယောက်ကို ကြည့်ကာ တွေးနေမိသည်။
ချည်နှောင်မိတဲ့သံယောဇဉ်ကြိုး
Part-6 (end)
..............⭐⭐.................
ESTÁS LEYENDO
ချည်နှောင်မိတဲ့ သံယောဇဉ်ကြိုး (chaesoo)
Fanfictionမင်းတွက်ငါ့ကဂြိုလ်ဆိုး ဆိုပေမဲ့ ငါ့အတွက်တော့မင်းရဲ့နိုင်ကျင့်မူတွေနှင့်ဆိုးသွမ်းမူတွေကသံယောဇဉ်ဖြစ်သွားပါတဲ့ဆိုတဲ့ Kim jisoo ငါ့့တို့မိသားစုထဲမင်းဝင်ရောက်လာကတည်းကငါ့အတွက်ဂြိုလ်ဆိုးဘဲ့ Kim jisoo မင်းမျက်နှာမြင...
