My lover become my brother's wife
Part - 1မောင်သတိုးရှိန်း + မချစ်ဝတ်လွှာ
မင်္ဂလာဖိတ်စာကို စူးစိုက်ကြည့်နေရင်း လွှာ့နှုတ်ခမ်းတွေ ပြုံးနေ၏။ ဖိတ်စာကိုကြည့်ပါဦး....တလက်လက်တွေထနေလိုက်တာ...။ ခမ်းနားထည်ဝါမှုလောက် ကြီးမြတ်သောအရာက ရှိပါဦးမလား။
" လွှာ့ နင် ကိန်း ကို......"
" ငါတို့ ဇာတ်လမ်းပြီးပြီ......."
နု၏ မေးခွန်းမဆုံးခင် အဖြေပေးလာသည့် လွှာ။ နုက မျက်ခုံးပင့်သွားရင်းမှ.....
" နင် ကိန်း ကို ချစ်တယ်ဆို....."
လွှာ့နှုတ်ခမ်းတွေက လျှို့ဝှက်စွာ ပြုံးလိုက်ရင်းမှ....
" ချစ်တာနဲ့ လက်ထပ်တာက ခြားနားတယ်လေ.....ကိန်းကို ငါချစ်တယ်။ ဒါပေမယ့် သူ့ပုံစံက ငါစိတ်ကူးထားတဲ့ အိမ်ထောင်ဦးစီးမျိုး မဟုတ်ဘူး။ "
" ခင်ဗျား စိတ်ကူးထားတဲ့ အိမ်ထောင်ဦးစီးမျိုးက ဘယ်လိုမျိုးလဲ ပြောစမ်းပါဦး... ..။"
သြရှရှအသံနဲ့အတူ ဘယ်အချိန်က ရောက်လာမှန်းမသိသည့် ကိန်း။ မျက်ဝန်းတွေက နီရဲနေသလို ငိုထားမှန်း သိသာနေသည်။ နု အလန့်တကြားလေး လွှာ့ကိုလှမ်းကြည့်မိပေမယ့် လွှာက မတုန်မလှုပ် ခပ်အေးအေးလေးသာ ရှိနေသည်။
ကိန်း၏ အကြည့်က စားပွဲပေါ်မှ ဖိတ်စာကို လှမ်းမြင်တော့ မီးဝင်းဝင်းတောက်နေသည့် မျက်ဝန်းတွေဖြင့် လွှာ့ကို ငဲ့ကြည့်သည်။
" ထားချင်တိုင်းထားခဲ့ရအောင် ကျုပ်က မလွယ်ဘူး ချစ်ဝတ်လွှာ။ ပြစမ်း.... ဘယ်ကောင်လဲ။ "
စားပွဲပေါ်မှ ဖိတ်စာကို ဆွဲယူလိုက်ပေမယ့် လွှာကသူ့ထက်အရင်ယူလိုက်ရင်း သူမစလင်းဘတ်လေးထဲ ထည့်လိုက်တာကို သူမျက်တောင်မခတ်ကြည့်မိသည်။ သူမက အရမ်းကို အေးဆေးစွာ ရှိလွန်းနေသည်။ သူရူးမတတ်ဖြစ်နေပေမယ့် သူမက ဘာမှမခံစားရသလိုပင်။
" အေးအေးဆေးဆေးနေပါ မောင်ရယ်......ပြဿနာမရှာချင်စမ်းပါနဲ့။ ဘယ်သူလဲသိရင် မောင် ဘာတွေလုပ်မလဲ လွှာသိနေတယ်။"
ကိန်း အံကိုတင်းခနဲ ကြိတ်မိသည်။ အရင်ကဆို သူမ စကားတစ်ခွန်းမှာတင် သိပ်သွေးဆိုးတဲ့ဟာရီကိန်းဆိုတဲ့ကောင် ငြိမ်နေခဲ့ပေးဖူးပါသည်။ ဒါပေမယ့် ခု သူငြိမ်နေလိုက်ရင် ချစ်ရသူကို ဆုံးရှုံးရမည့်အရေးပင်။ သူ လွှာ့ကို စောက်ရမ်းချစ်သည်။ အသဲနှလုံးတစ်ခုလုံးပေါက်ထွက်မတတ်ကို ချစ်မြတ်နိုးခဲ့တာပင်။
YOU ARE READING
My lover become my brother's wife 🔞
Romanceအိမ်ထောင်ရေးဇာတ်လမ်းဖြစ်သလို 18+ ပါ ပါတယ်။ မိန်းကလေးပွေရှုပ်တဲ့ ကာရိုက်တာမို့ သဘောကျမှဖတ်ပါရှင်။