My Lover become my brother’s wife
အပိုင်း ( 9 )ရှိန်း အခန်းထဲဝင်လာရင်းမှ အပေါ်ကထပ်ဝတ်ထားသည့် ကုတ်အင်္ကျီကို ဆွဲချွတ်ကာ အိပ်ယာထက် ဒေါသတကြီး ပစ်ပေါက်လိုက်မိသည် ။ ဟာရီကိန်း...ဒီကောင် ရုတ်တရတ်ကြီး ဘာတွေထဖြစ်သည်လဲ။ အစတုန်းကတော့ ကျွန်တော်က ဒီအလုပ်တွေကို စိတ်မဝင်စားဘူး ...အစ်ကိုပဲ ဦးစီးပါဆိုပြီး ခုကျ ကုမ္ပဏီမှာ ပြန်ဝင်ပါမည်လုပ်နေသည်။ တကယ်ပဲ ဒီကောင့် ရည်ရွယ်ချက်က ဘာလဲ။
“ ကို...မျက်နှာလဲ မကောင်းပါလား။ စောနက ကိန်း နဲ့ ဧည့်ခန်းထဲမှာ စကားပြောနေတာ တွေ့တယ်။ ညီအစ်ကိုနှစ်ယောက် စကားများကြတာလား။ “
ရှိန်း ခေါင်းကို ခါယမ်းပြလိုက်သလို လွှာ ယူပေးလာသည့် အအေးခွက်ကို မော့သောက်လိုက်မိတော့ ရင်ထဲအေးသွား၏။
“ မဟုတ်ပါဘူး....။ “
စိတ်တွေရှုပ်လာရလွန်းတာမို့ နက်ခ်တိုင်ကို ဆွဲလျော့ဖြည်ရင်း အိပ်ယာထက်ထိုင်ချလိုက်သည်မှာ စိတ်ပျက်လက်ပျက်ပင်။ လွှာက သူ့အနားလာရပ်ရင်း သူ့ဆံပင်တွေကို အသာထိုးဖွကာ ရင်ခွင်ထဲဖက်ထားပေးတာမို့ သူ သက်ပြင်းချလိုက်မိသည်။
“ ညီက ကုမ္ပဏီကိစ္စတွေမှာ ပြန်ဝင်ပါတော့မယ်တဲ့ ။ “
လွှာ ခေါင်းကို ဆတ်ခနဲ ညိတ်ပြလိုက်ရင်းမှ ...
“ အဲ့ဒါ မကောင်းဘူးလား ကိုရဲ့။ ဘာဖြစ်လို့လဲ။ ကိုတစ်ယောက်ထဲ ပင်ပန်းနေလို့ လွှာက စိတ်ပူနေတာ။ “
“ ဘယ်လိုလုပ် ကောင်းမှာလဲ ။ ဟာကွာ....လွှာ့ မင်း ဘာလို့ သေချာမတွေးရတာလဲ။ ကိုယ့်ဖက်မင်း မကြည့်ဘူးလား။ တစ်သက်လုံး ကိုယ်ပဲ ဒီအလုပ်တွေကို လုပ်လာခဲ့ရတာ။ ကိုယ်လုပ်ချင်ရာလုပ်ပြီး နေသာသလို နေခဲ့ပြီးမှ ခုကျ အသီးအပွင့်ချည်း ခူးစားချင်ရင် ကိုယ်ကရော ။ “လွှာ သတိုးရှိန်းကို ငေးငေးလေး စိုက်ကြည့်မိသွားသည်။ သတိုးရှိန်းက ခုမှ ပြန်သတိဝင်သွားပုံရကာ....
“ ဆောရီး...ဆောရီး လွှာရယ်။ ကိုယ် အရမ်းစိတ်တွေရှုပ်နေလို့။ “
လွှာ သက်ပြင်းချမိသလို ခေါင်းလေးဆတ်ခနဲ ညိတ်ပြလိုက်သည်။ သတိုးရှိန်း၏ ပေါင်ပေါ်တက်ထိုင်လိုက်ရင်းမှ သူ့ကို ရင်ခွင်ထဲ အသာထွေးဖက်ထားလိုက်ရင်း ....
YOU ARE READING
My lover become my brother's wife 🔞
Romanceအိမ်ထောင်ရေးဇာတ်လမ်းဖြစ်သလို 18+ ပါ ပါတယ်။ မိန်းကလေးပွေရှုပ်တဲ့ ကာရိုက်တာမို့ သဘောကျမှဖတ်ပါရှင်။