P-2 ( 23/Mar)🔞

29.2K 299 17
                                    

💗 My Lover become my brother's wife

ကားလေးက ဆေးရုံဝင်းအတွင်းမှ ထွက်လာသလို လွှာ့နှုတ်ခမ်းတွေက တင်းတင်းစေ့နေ၏။ စကားသေချာပြောဖို့လိုသည်ထင်တာရော မောင်ဟာ သူမ ချစ်ခဲ့သည့်လူမို့ ရင်ထဲလဲ ထိခိုက်ရပါသည်။ ကိန်း ကားကို သူ့ကွန်ဒိုဆီပဲ မောင်းလာခဲ့သည်။ လွှာ့ကို သူစလိုက်တဲ့အချိန်ထဲက သူမနဲ့နီးချင်တာမို့ ဆေးရုံအနီးမှာပင် ကွန်ဒိုဝယ်ခဲ့သည်။

ဒီကွန်ဒိုဟာ သူမနဲ့သူ အများဆုံးရှိနေတတ်သည့် နှစ်ဦးထဲပိုင် နေရာဆိုလဲ မမှားပေ။ တစ်ခါတစ်လေ နှစ်ယောက်သား စျေးဝယ်လာပြီး ချက်ပြုတ်ကာ အချိန်ကုန်တတ်ကြသည်။ သူ နေမကောင်းဖြစ်လျှင်လဲ လွှာ က လာပြုစုပေးတတ်သည်။

ဖုန်းမြည်သံကြောင့် လွှာ တစ်ချက်ကြည့်လိုက်မိတော့ ကို့ ဆီကပင်။ သက်ပြင်းချလိုက်မိရင်းမှ ကားမောင်းနေသည့် ကိန်း ကို တစ်ချက်ငဲ့ကြည့်တော့ လွှာ့ကို ကဲကြည့်လာရင်း......

" အဲ့ဖုန်းကို ကိုင်လိုက်တာနဲ့ မောင်ရူးရူးမိုက်မိုက်တွေ လုပ်ပစ်ဖို့ ဝန်မလေးဘူးနော်။ "

လွှာ သက်ပြင်းချရင်း ကျစ်ခနဲ စုပ်သပ်မိသည်။ ကားလေးက ကွန်ဒို၏ ကားပါကင်ထဲဝင်လာသလို လွှာ ကားပေါ်ကဆင်းတာနဲ့ ကိန်းက လွှာ့လက်တစ်ဖက်ကို ဆွဲကာ ဓာတ်လှေကားဆီလျှောက်လာသည်။

1FL
2FL
3FL
.
.
.
.
9FL

တင်းးး

ဓာတ်လှေကားတံခါးပွင့်သွားသည်နှင့် လွှာ့လက်ကိုဆွဲကာ သူ့အခန်းဆီလျှောက်လာခဲ့သည်။ အခန်းတံခါးသော့ကို ဖွင့်လိုက်ရင်း လွှာနဲ့အတူဝင်လာတော့ လွှာက ရှုပ်ပွနေသည်ကိုကြည့်ပြီး သူ့ကို ငဲ့ကြည့်လာသည်။ လွှာ့ မျက်ဝန်းတွေမှာ သူ့အတွက် သနားကြင်နာမှုကို အရိပ်အငွေ့မျှ မြင်လိုက်ရသည်။

" ဆောရီး.....မောင် သောင်းကျန်းထားမိတယ်။ "

" မောင့်ကို လွှာ တောင်းပန်ပါတယ် ။ လွှာ့ကြောင့် မောင်..... "

! ရှူး!

လွှာ့နှုတ်ခမ်းတွေပေါ် လက်ညှိုးလေးဖြင့် ထိကပ်ကာ ခေါင်းခါယမ်းပြလာသည့် ကိန်းကြောင့် လွှာ ငြိမ်ကျသွားသည်။

My lover become my brother's wife 🔞Where stories live. Discover now