daddy's baby(unicode)

3.1K 117 8
                                    

ည10နာရီ အသိုင်းအဝိုင်းကြီးမိသားစုများမှ သားသမီးများသာတတ်နိုင်တဲ့ clubတစ်ခု၌

"ဒီနေ့မင်းမလာတော့ဘူးထင်နေတာ"

"နေထက်စွမ်းအားပါ ဒီလိုလူစုံတက်စုံမှာငါမပါရင်ဘယ်ပြည့်စုံမှာလဲ"

"အဲ့တော့မင်းဘဲကြီးက လွှတ်လိုက်တယ်ပေါ့"

"ဟဲဟဲ သေချာပေါက်ဒယ်ဒီကတော့ဘယ်လွှတ်မှာလဲ"

"ဟမ်!!"

"လစ်ထွက်လာတာကွာ"

"မင်းနော်ပိုင်ရောပိုင်ရဲ့လား ငါတို့ပါအမှုတွဲထဲပါနေမယ်နော်"

"အေးဆေးပါ တော်ပြီအဲ့တာကိုခဏမေ့ထားလိုက်စမ်းပါကွာ ကျွစ်!" "

"ဟုတ်အစ်ကိုဘာယူမလဲ"

"အနံ့မပြင်းပဲ အရသာပြင်းတဲ့ဟာတစ်ခွက်လောက်ချပေး"

"ဟုတ်"

"အင်း"

"မင်းကလည်း‌သောက်ပြီးအရာမထင်တဲ့ဟာကိုမှာတယ် အရသာပြင်းလဲအနံ့မရှိရင် feelမရှိဘူး"

"မင်းတို့မသိပါဘူးကွာ"

"ပြောမနေနဲ့ဒီကောင်သူ့ဘဲကြီးကိုကြောက်လို့ကွ ဟဟ"

"မကြောက်ပါဘူး ဘာလို့ကြောက်ရမှာလဲ"

"နားရှိလို့သာကြားရတာပါကွာ ဟားဟား"

ခဏနေတော့ waiterကအရက်တစ်ခွက်လာချပေးတော့ နေထက်စွမ်းအားလဲ တစ်ခါတည်းနဲ့ တစ်ခွက်ထဲမော့ချလိုက်သည်။လည်ချောင်းထဲပူခနဲဆင်းသွားပြီး ပြင်းတဲ့အရက်မို့လားမသိတသ်ခွက်ထဲနဲ့တင် ရိတ်ရိတ်လေးဖြစ်လာပြီ။
ဒါနဲ့ပဲနောက်တစ်ခွက်ထပ်မှာလိုက်ပြန်သည်။

"ဟျောင့် ဟိုဝိုင်းကစော်လေးကအလန်းစားပဲ "

"အင်းအဲ့တာဝန်ကြီးသမီးကွ"

"‌မိုက်တယ်"

"မင်းတို့တွေမျက်စိမကောင်းတော့ဘူး ငါ့မျက်စိထဲမှာတော့တစ်စက်တောင်မလှဘူး "

"မင်းကဒါမျိုးတွေမခံစားတတ်ပါဘူး နေထက်ရာ"

"ပြောမနေနဲ့ဒီကောင်ကမိန်းကလေးတွေဆိုမျက်စိထဲကိုမတိုးတဲ့ကောင်"

Punishment Type (one shot)Where stories live. Discover now