uni
ရာသီတွေအလီလီပြောင်းလို့ အခုဆို
စန္ဒာနန်းတော်ထဲကိုရောက်တာ တစ်နှစ်တောင်ကျော်ပြီ။ တိုင်းပြည်ဟာလည်း တစ်နှစ်အတွင်းမှာတိုးတက်မြင့်မားလာပုံဟာ ကြောက်ခမန်းလိလိပါပဲ။ တိုင်းသူပြည်သားတွေကတော့ ဘုရင်မအပေါ်အလွန်ပင်ချစ်ခင်လေးစားနေကြပါတယ်။ဒီတစ်နှစ်ဆိုတဲ့အချိန်အတွင်းမှာ အရှင်မအပါးခစားရင်းအလုပ်အကျွေးပြုရသည်မှာ စန္ဒာအတွက်နောင်တရစရာမရှိပါ။ တစ်နေ့ထက်တစ်နေ့လည်း အရှင်မအပေါ်မြတ်နိုးစိတ်ကလည်း ပိုမိုသာများပြားသည်။ သို့သော် မြတ်နိုးမိသူသည် ဘုရင်မတစ်ပါးမို့ဂုဏ်သိက္ခာမညှိုးနွမ်းစေခြင်းအလိုငှာ မြတ်နိုးစိတ်ကို သော့ခတ်သိမ်းလို မြိုသိပ်ခြင်းကိုသာအဖော်ပြုနေခဲ့ပါသည်။
ယခုများတော့ ဆုလာဒ်အနေဖြင့် လွမ်းဆွတ်စိုးရိမ်ခြင်းကိုပါ အစစ်ရထားပါသေးသည်။ အကြောင်းမှာ ချစ်သောအရှင်မသည် မဟာကုသလပြည်သို့စစ်ချီထွက်သွားသောကြောင့်ဖြစ်သည်။ အရှင်မရဲ့အရည်အချင်းကိုမယုံကြည်စရာအကြောင်းမရှိသောလည်း ချစ်ရသူမို့စိုးရိမ်ပူပန်မိပါသည်။ ဒဏ်ရာကြီးကြီးမားမားမပြောနဲ့ ခြင်ကိုက်ရာလေး တောင် အရှင်မရဲ့ခန္ဓာကိုယ်ပေါ်မရှိစေချင်ခြင်းမှာ အဖြူရောင်အတ္တလေးဖြစ်ပါသည်။"စန္ဒာရေ! စန္ဒာ!"
"အော်....မေရူပ! ဘာများဖြစ်လို့ပြေးလွှားလာရတာတုန်း"
မေရူပဆိုတာ နန်းတွင်းကအပ်ချုပ်သမလေးလေ....နန်းတွင်းမှာခင်မင်စရာဆိုလို့ စန္ဒာမှာ မေရူပတစ်ယောက်သာရှိသည်။ သူမနှင့်အသက်အရွယ်ကတူတူဖြစ်ပြီး တိုးတိုးဖော်တိုင်ပင်ဆွေးနွေးလို့ရတဲ့ သူငယ်ချင်းဆိုလားမမှားပါဘူး။ သူအရှင်မအပေါ်ထားတဲ့ ခံစားချက်တစ်ချို့ကိုလဲ မေရူပရိပ်မိကောင်းရိပ်မိပါလိမ့်မယ်။"စန္ဒာမကြားသေးဘူးလား.....အရှင်မကလျာဏီ....စစ်နိုင်ပြီးအခုပြန်လာနေပြီ"
"အလို.....ဟုတ်စ! ဝမ်းသာလိုက်တာ"
"တိုင်းသူပြည်သားတွေလဲအားလုံး ကခုန်တီးမှုတ်ကာ အရှင်မကိုကြိုဆိုနေကြတယ်"
"အရှင်မ....... ထိခိုက်ဒဏ်ရာ ရသေးလားဟင်"
"အဲတာတော့ ကျွန်ုပ်လဲမသိဘူး....စန္ဒာရဲ့.... စစ်နိုင်တဲ့သတင်းပဲကြားတာ....ခုနန်းတော်ထဲတောင်ရောက်တော့မယ်ထင်တယ်"
![](https://img.wattpad.com/cover/334208148-288-k995641.jpg)
YOU ARE READING
နှလုံးသား အမိန့်တော်အတိုင်း
Historia Cortaအချစ်တွေကအပြစ်ဖြစ်ရင် မေတ္တာတွေကစူးတတ်သလား အချစ်တွေကအပြစ်ဖြစ်ရင် မေတ္တာတွေကစူးတတ်သလား