"စန္ဒာ...... မျက်နှာမကောင်းပါ့လား..."
"မှန်လှပါ......အရှင်မ..... ကျွန်တော်မျိုးမ ကိုယ်လက်မအီမသာ ဖြစ်နေကြောင်းပါ"
"ဟုတ်စ.....ဒါဆိုလဲ ကျွန်ုပ်နဲ့အတူ ဥယျာဥ်တော်ထဲသွားကြရအောင်လေ"
"အရှင်မသဘောပါ....ကျွန်တော်မျိုးမကို ထည့်မတွက်ပါနဲ့"
"ကျွန်ုပ်လဲသွားချင်ပါတယ်.....လာ.... စန္ဒာသွားရအောင်"
"......."
အရှင်မနောက်ကနေ တဖြည်းဖြည်းလိုက်သွားရင်း စန္ဒာပြုံးမိသည်။ အဘယ်ကြောင့်ဆိုသော် အရှင်မသည်သူမအတွက်တွေးပေးသည် မဟုတ်ပါလား။ ကိုယ်ချစ်ရသူဆီကရတဲ့မည်သည့်ဂရုစိုက်မျိုးမှုကို မဆိုထိုသူမရည်ရွယ်ပါစေ ကြည်နူးပျော်ရွှင်ရသည်မှာ အမှန်ပင်မဟုတ်ပါလား။
ဥယျာဥ်တော်အတွင်းဝင်လိုက်ရုံနှင့် စကားဝါနံသင်းသင်းလေးကိုစတင်၍ ရရှိသည်။ ထို့နောက် အနီ၊ အဝါ၊ အဖြူ ၊ပန်းရောင် စသည်ဖြင့် အရောင်စုံပွင့်ဖူးနေကြသော နှင်းဆီပန်းများက စိတ်နှလုံးကိုအေးချမ်းစေသည်။ စန္ဒာအမှန်အတိုင်းပြောရလျှင် နန်းတွင်းကို စရောက်ကတည်းက ဤဥယျာဥ်တော်တစ်ခါမှမရောက်ဖူးပါ။
"စန္ဒာ"
"အမိန့်ရှိပါ.....အရှင်မ"
"ရာသီဥတုသာယာတယ်နော်....ကျွန်ုပ်လဲဘုရင်မဖြစ်စကတည်းက ဒီနေရာလေးကိုမရောက်တာကြာပြီ...."
အရှင်မမျက်ဝန်းတွေက စန္ဒာတစ်ခါမှမဖြစ်ဘူးသော နာကျင်ခြင်းအရိပ်အယောင်တွေ၊ အားငယ်ခြင်းအရိပ်အယောင်တွေကိုမြင်နေရသည်။ ထို့ကြောင့်အရှင်မပြောသော စကားမြားကို စန္ဒာငြိမ်သက်စွာပင်နားထောင်ပေးလိုက်သည်။
"စန္ဒာ အသက်ဘယ်လောက်ရှိပြီလဲဟင်"
"ကျွန်တော်မျိုးမ အသက်၁၉နှစ်ရှိပါပြီအရှင်မ"
"ဟုတ်စ.....ဒါဆိုကျွန်ုပ်ထက်10နှစ်တိတိငယ်တာပဲ...."
"ဟင်!....အရှင်မ....အရှင်မက"
"ဒီအချိန်မှာတော့ ကျွန်ုပ်တို့ ဘုရင်မနဲ့အထိန်းတော်ဆိုတာထက် မိတ်ဆွေတွေလိုနေကြရအောင် စန္ဒာ"
YOU ARE READING
နှလုံးသား အမိန့်တော်အတိုင်း
Cerita Pendekအချစ်တွေကအပြစ်ဖြစ်ရင် မေတ္တာတွေကစူးတတ်သလား အချစ်တွေကအပြစ်ဖြစ်ရင် မေတ္တာတွေကစူးတတ်သလား