I married my sister's husband 💚Part7
မင်းထေရန် အမှိုက်ပုံးထဲပစ်လိုက်တဲ့ သူမအကျီတွေကိုကြည့်ကာ ပြုံးနေမိသည်
'ဒါမှ တိမ်စိုင်ငယ် ဒီလိုအစုတ်အပြတ်တွေမဝတ်တော့မှာ'
သူအိမ်ထဲဝင်လာတော့ မျက်လုံးလေးပြူးပီး အိမ်ထဲတရှာရှာလုပ်နေတဲ့တိမ်စိုင်ငယ်အားကြည့်ကာ ရုပ်ကိုပြန်တည်လိုက်သည်
တိမ်စိုင် သူမအကျီတွေပျောက်ကုန်လို့ ဘယ်သူ့မေးရမှန်းမသိဖြစ်နေရာ အကို့ကိုမေးရန်ကြည့်တော့လည်း ရုပ်တည်နဲ့သာ သတင်းစာထိုင်ဖတ်နေသည်
သူမ မေးစရာဆိုလို့လည်း အကို့သာ ရှိသည်မို့ စာရေးပြလိုက်ရသည်
မင်းထေရန် သူ့အား စာအုပ်လာထိုးပြနေတဲ့သူမစာအုပ်ကိုမကြည့်ဘဲ သူမမျက်နှာအားမော့သာကြည့်လိုက်သည်
"ဘာလဲ"
သူမက သူ့အား စာအုပ်လေးသာထိုးပေးနေသည်
သူဟိုအရင်လို စာကိုယူပီးဖတ်မကြည့်ပါ
"ပါးစပ်ပါတယ်မလား ပါးစပ်ကပြော"
တိမ်စိုင် ကြောင်အသွားရသည်
သူမစကားပြောတိုင်း စိတ်ရှုပ်ဖို့ကောင်းတယ်ဆိုပီး အော်အော်ပစ်တာအကိုပါလေစကားမပြောနဲ့ဆိုကတည်းက မပြောဘဲ စာသာရေးပြပေမဲ့ တစ်ခါတစ်လေ မေ့ပီး ပြောရင်လည်း အော်ဟစ်တတ်တဲ့ အကိုက သူမကို စကားပြောတဲ့လေ
"အကျီ.......အကျီတွေ.....ဘယ်......မှာလဲ"
"မင်းဗီဒိုထဲမှာပေါ့"
တိမ်စိုင်အကို့စကားကြောင့် ခေါင်းကုတ်သွားရသည်
ထေရန် ချောင်းတစ်ချက်ရှင်းပီး သတင်းစာကို ဖြောင့်လိုက်သည်
"နောက်ဆို အဲ့တာတွေဘဲဝတ် အရင်ဟာတွေ ဝတ်ပီး အိမ်ဖော်လိုမနေနဲ့"တိမ်စိုင်မှာတော့ အကို့စကားမှာ ပျော်ရမလား ဝမ်းနည်းရမလားပင်မသိတော့ပါ
.................................................................
ရတုလေးက iPadထဲက make up tutorial ကိုကြည့်နေသည်ဘေးနားသို့ မာမီကလာထိုင်သည်ကြောင့် iPadအား မာမီဘက်ကိုပါ တိုးပေးလိုက်သည်
YOU ARE READING
I married my sister's husband 💚(complete)
Romanceနှစ်ဖက်မိဘတွေရဲ့ ဖိအားပေးမှုအောက်မှာ လက်ထပ်လိုက်ရတဲ့ မင်းထေရန်နဲ့ စကားထစ်အနေတဲ့ တိမ်စိုင်ငယ်လေး...... ချစ်ရသူရဲ့ အမုန်းတွေအောက် သူမနှလုံးသားလေးက ရှင်သန်နိုင်ပါ့မလား.....