I married my sister's husband 💚Part 24
တိမ်စိုင် မနက်အစောတွင် ထမင်းကြော်ရန် အသီးအနှံများလှီးနေမိသည်
ထိုစဉ်နောက်မှ တစ်ယောက်ယောက် ဝင်လာတာကြောင့် သူမကိုယ်လေးကျုံ့သွားရသည်
'အကို နိုးလာပီဘဲ'
သူမမှာ အရာရာနဲ့အကြောင်းကြောင်းဖြစ်နေခဲ့တာပါ မတွေးပါဘဲနဲ့လည်း ညက အကြောင်းအရာများက သူမခေါင်းထဲတိုးဝင်လာလို့ လက်တောင်ရှပီးပီလေ
တိမ်စိုင် လုပ်စရာရှိတာများ ဆက်လက်လုပ်နေဆဲပါဘဲ
သူမ အကို့မျက်နှာအား ရှက်ကာ မကြည့်ဝံ့ဘူးဖြစ်နေသည်လေအကိုရဲ့ ခြေလှမ်းသံက သူမနောက်တွင် ရပ်နေတာကြောင့် လှီးလက်စ ဓားဟာ ရပ်တန့်သွားရပီး နောက်ကိုလှည့်ကြည့်လိုက်မိသည်
အကိုက သူမအား ကြောင်ကြည့်နေလေသည်
ထို့နောက် အကိုက သူမဆီသို့ကွေးညွှတ်လာလေရာ သူမပါးများရဲလာသည်
'မနက်အစောကြီး သူမကို နမ်း နမ်းတော့မလို့လား'
အကို့ရဲ့ မျက်နှာသစ်ဆပ်ပြာနံ့ဟာ သူမ နှာဖျားလေးထဲတိုးဝင်လာပီး ရင်တွေ တဒိတ်ဒိတ်ခုန်လာသည်
မီးဖိုဘောင်ကို ကိုင်ထားမိတဲ့ သူမလက်လေးတွေတင်းကြပ်လာရသော်လည်း သူမ မရှောင်ဖယ်မိ......
"ဖယ်....."
"ဟ....ဟမ်"
တိမ်စိုင် အကို့ရဲ့ အေးစက်စက်လေသံအောက်မှာ ရင်ခုန်သံတွေငြိမ်သွားသည်"ဘေးဖယ်ဦး ဖန်ခွက်ယူမလို့"
"ဟ....ဟုတ်"
'အကိုက ဖန်ခွက်ယူမလို့ဘဲ'
သူမ နားထင်မှာကျနေတဲ့ ဆံစ တချို့ကို သပ်တင်ကာ အရှက်ပြေ မျက်နှာလွှဲမိသည်ပီးမှ အကို့မျက်နှာအား ပြန်ကြည့်ရသည်
ဒီမနက် သူမနိုးလာစဉ်က အိပ်ရာခင်းတွေဟာ သူမရဲ့ သွေးတွေနဲ့စွန်းနေမှာကို လန့်သွားပီး ကြည့်မိသည်တော်သေးသည်က သူမထမီများသာ ပေနေ၍ ရေချိုးခန်းထဲ ဝင်ရှင်းခဲ့ရသည်
စောစောနိုးတတ်တဲ့ အကျင့်ကြောင့်သာဘဲ မဟုတ်ရင် အကို့ရှေ့ အရှက်ကွဲရဦးမယ်
ESTÁS LEYENDO
I married my sister's husband 💚(complete)
Romanceနှစ်ဖက်မိဘတွေရဲ့ ဖိအားပေးမှုအောက်မှာ လက်ထပ်လိုက်ရတဲ့ မင်းထေရန်နဲ့ စကားထစ်အနေတဲ့ တိမ်စိုင်ငယ်လေး...... ချစ်ရသူရဲ့ အမုန်းတွေအောက် သူမနှလုံးသားလေးက ရှင်သန်နိုင်ပါ့မလား.....