I married my sister's husband 💚Part2
သူမ ကလေးထိန်းအဒေါ်ဆီမှ မွေးကင်းစကလေးပြုစုနည်းများအား စာအုပ်လေးနဲ့ ချမှတ်နေမိသည်
တော်သေးသည်က ဒေါ်ဒေါ်မှာ သူမ တစ်လုံးချင်းပြောနေတဲ့စကားစုများအား စိတ်ရှည်စွာ နားထောင်ရှင်းပြပေး၍ ပျော်ရွှင်မိသည်
ခုဆိုလျှင် သူမ သမီးငယ်လေး လွန်းရတုကို မည်သို့ဂရုစိုက်ပေးရမည်ကိုအတော်သိနေပီဖြစ်သည်
ဒေါ်လုံးမှာ သူမရှေ့က ထစ်အစွာပြန်မေးနေတဲ့မိန်းမငယ်လေးအပေါ်စိတ်မရှည်မဖြစ်မိပါ
မယားငယ်မလေးလို့စကားသံတွေကြားပေမဲ့ သူမရှေ့ရှိကလေးမလေးရဲ့ဖြူစင်မှုကိုမြင်နေရသည်ကြောင့်ဘေးစကားတွေအပေါ် ဂရုမထားမိပါ
"ဒါ.....ဒါဆို........နို့မှုန့်......မှုန့်က ဒီလောက်.....ရ ...ရပီပေါ့..ပေါ့နော်"
"ရပီ အများကြီးထည့်နေစရာမလိုဘူး မတိုက်ခင်ကြိုဖျော်ထားဖို့လိုတယ်"
စသဖြင့် ဒိုက်ပါလဲတာကအစ ကလေးချီနည်း ချော့နည်းများအား ကလေးမလေးက သေချာသင်ယူသည်
"သမီးအသက်ဘယ်လောက်လဲ"
စာအုပ်ကိုရေးခြစ်နေတဲ့လက်လေးများကရပ်သွားပီး သူမအားမော့ကြည့်လာသည်
"ဆယ့်.....ဆယ့်ခွန်....."
ဒေါ်လုံးမှာ ရုတ်တရက် ရင်ဘတ်ပေါ်လက်တင်မိသွားသည်
၁၆နှစ်ဆို တရားဝင်ပီဆိုပေမဲ့ ဘယ်လိုဘဲဖြစ်ဖြစ်၁၇နှစ်အရွယ် ကလေးမလေးကို မယားငယ်ဖြစ်ခိုင်းစရာလားလေ ကြောက်စရာလူတွေပါလား
သူမလည်း ညနေစောင်း၍ အလုပ်ကပြန်မည်ပြုချိန်မှာ သူမလက်အားလာဆွဲသည်
"ထ.......ထမင်း.....စား..."
ပြောရင်းနဲ့ တိမ်စိုင် အသက်ရှူကြပ်လာသလိုခံစားမိသည် ဒီနေ့စကားအများကြီးပြောမိလို့လား"ထမင်းစားသွားစေချင်တာလား သမီး"
ဒေါ်လုံးမှာနားလည်စွာပြောလာသည်ကြောင့် သူမပျော်ရွှင်စွာခေါင်းငြိမ့်ပြလိုက်သည်"ကောင်းပါပီကွယ် စားသွားတာပေါ့"
တိမ်စိုင်သူမရှေ့ကကြင်နာလှတဲ့ဒေါ်ဒေါ်အားကြည့်ပီး ခင်တွယ်လာမိသည်
STAI LEGGENDO
I married my sister's husband 💚(complete)
Storie d'amoreနှစ်ဖက်မိဘတွေရဲ့ ဖိအားပေးမှုအောက်မှာ လက်ထပ်လိုက်ရတဲ့ မင်းထေရန်နဲ့ စကားထစ်အနေတဲ့ တိမ်စိုင်ငယ်လေး...... ချစ်ရသူရဲ့ အမုန်းတွေအောက် သူမနှလုံးသားလေးက ရှင်သန်နိုင်ပါ့မလား.....