2

7.5K 295 41
                                    


အကြောင်းပြချက်တွေမပါပဲ....
အချစ်နဲ့တွေ့ဆုံခဲ့ရင်....
မင်းဘာလုပ်ဖို့စိတ်ကူးမိလည်း.....

        ________________

"မြန်မာနိုင်ငံ"

သမင်မျက်လုံးကဲ့သို့ကြည်လင်ရွှန်းလဲ့နေသည့်မျက်ဝန်းထက်အမည်မဖော်နိုင်သောအလှတရားကဝင်ရောက်ခိုလံှုလာတော့သည်။

မြန်မာနိုင်ငံဟုကြားလိုက်သည်နှင့်ဝင်းလက်သွားသည့်မျက်နှာထက်အပြုံးလှလှလေးတွေကြောင့်စားသောက်ပွဲဝယ်ဝိုင်းဖွဲ့ထိုင်နေကြသောလူကြီးများပင်အသက်ရှုရပ်သွားရမလိုဖြစ်ချေတော့သည်။

အားလုံးထဲဝယ်မိသားစုတစ်ခုလုံးအပေါ်အာဏာစက်သက်ရောက်သောသက်လက်ပိုင်းအရွယ်လူတစ်ယောက်သည်ပြုံးရွှင်နေသောကောင်လေးကိုကြည့်ကာဘေးနားကနေသက်ပြင်းခိုးချမိလိုက်တော့သည်။

လူပေါင်း15ယောက်ခန့်ရှိသည့်မိသားစုထမင်းဝိုင်းဝယ်အားလုံးအဆင်သင့်ဖြစ်နေသော်လည်းအခုတစ်ထိစားခြင်းကိုအာရုံမရောက်ကြပေ။စကားအသွာအလာကိုသာထိန်းညှိထားဆဲဖြစ်သည်။

"အန်ကယ် ဂျွန် ကျတော်တကယ်ပဲမြန်မာပြည်ပြန်သွားရမှာလား"

မိသားစုအကြီးကဲတစ်ယောက်စားသောက်ပြီမှသာထမင်းရသည့်ဓလေ့ကြောင့် အန်ကယ်ဂျွန်ဟုခေါ်ခံလိုက်ရသောခုံတန်းရှည်၏ထိပ်ဆုံး ဘယ်ဘက်ခြမ်းဝယ် ထိုင်နေသောသက်လက်ပိုင်းလူကြီးသည်ဇွန်းကိုင်ဖို့ပြင်နေရင်းမှသတိရကာလူအားလုံး၏ထိပ်ဆုံး၌တစ်ယောက်ထဲထိုင်နေရသောကောင်လေးအားငဲ့ကြည့်ကာပြုံး၍ခေါင်းငြိမ့်ပြလိုက်မိသည်။

"တကယ်တကယ်ကြီးပဲ"

ပျော်လွန်ကားထမင်းစားဖို့မေ့နေသောကောင်ချောလေးကြောင့်စားပွဲခုံ၌ဝင်ထိုင်နေသောလူကြီးများမှလွဲ၍ထိုကောင်ချာလေးအရွယ်လူငယ်များသည်စိတ်စိုးလာရတော့သည်။သို့သော်ထုတ်ဖော်မပြရဲကြ။အလိုက်တသိသာနေကြရသည်။

ဒီနေ့အဖို့ထမင်းမစားရပဲမြန်မာနိုင်ငံအကြောင်းပြောပြနေရဖို့လား

"အိုးကျတော်အပျော်လွန်သွားတာတောင်းပန်ပါတယ်ဗျာအားလုံးပဲထမင်းစားနှောင့်နေးကုန်ရပြီ"

𝐘𝐨𝐮 𝐚𝐫𝐞  𝐌𝐲 𝐅𝐫𝐢𝐞𝐝 𝐥𝐢𝐯𝐞𝐫(Completed) (မင်ကငါ့ရဲ့သည်းကြော်လေး)Where stories live. Discover now