31

2.8K 134 6
                                    

(31.32.33ဆိုပြီး3ပိုင်းတင်ထားပါတယ်ဗျ final ကိုမနက်ဖြန်တင်ပေးပါ့မယ်)

မှန်းဆလို့တိုင်းထွာ
ပေးကြိုးလိုပေရှည်ကြောင်း
သိသာအောင်တိုင်းမရသည့်အရာ
ထူးဆန်းတဲ့မေတ္တာ

_______

ကျယ်ဝန်းလှသောခြံအကျယ်ကြီးတစ်ခု၏အရိပ်ကောင်းသော သစ်ပင်အောက်၌လှပသည့်ကလေးလေးတစ်ယောက်နှင့်အသက်အရွယ်အားဖြင့်20ကျော်လောက်သာရှိသေးသောခပ်ချောချောမိန်းမလှလေးတစ်ဦးရှိလေသည်။

ပန်းခီျကားတစ်ချပ်လိုနောက်ခံထားသည့် လှပသည့် စံအိမ်လှလှလေးတစ်ခုသည်လည်းအထီးကျန်စွာဖြင့် ထိုသူတွေ၏နောက်ကျောဘက်၌တည်ရှိနေသည်။

ဖြူဖြူဖွေးဖွေးချစ်စရာကလေးအား ရင်ခွင်ထဲ ထဲ့ဖက်ထားကာ တစ်စုံတစ်ခုကိုငေးမောတွေးတောနေသော အမိျုးသမီးလေးသည်ကား ပတ်ဝန်းကျင်ကိုမေ့ထားဟန်တူသည်။

ခဏကြာမှ ရင်ခွင်ထဲရှိကလေးလေးအား ငုံကြည့်သည်။ကလေးလေးကိုမြင်မှသာ သူမ၏မျက်ဝန်းတွေက ကြည်လင်တောက်ပလာတော့သည်။

"သားသား"

မျက်ဆံနက်နက်လေးတွေဖြင့်ချစ်စရာကောင်းသည့်ကလေးငယ်လေးတစ်ယောက် မျက်လုံးလေးပေကလပ်ပေကလပ်ဖြင့် မိခင်ဖြစ်သူအားမော့ကြည့်လာသည်။

အပြုံးခိျုခိိျုလေးတွေပိုင်ဆိုင်ထားသောထိုအမိျုးသမီးလေးက ခံစားချက်မဲ့နေသောမျက်ဝန်းများအား ဖုံးကွယ်ထားလိုက်ပြီးရင်ခွင်ထဲရှိ ကလေးလေးရဲ့ပါးအားငုံ့မွေးလိုက်သည်။

ထိုအမိျုးသမီးအတွက်ကလေးလေးသာလျှင်အရာမေဟြုထင်ရသည်။

ငုံနမ်းနမ်းခံလိုက်ရသောကလေးလေးကသဘောကျသွားဟန်တူသည်။လက်သေးသေးလေတွေဖြင့်အမိျုးသမီးငယ်လေး၏ပါးဖောင်းဖောင်းလေးတွေအား လက်ဖဝါးသေးသေးလေးဖြင့်ပွတ်သတ်ကာ အမိျုးသမီးလေးစကားအတိုင်းသံယောင်လိုက်ပြောကာရယ်တော့သည်။

"ဂ်ားဂ်ားခ်!ခ်!"

နူးည့ံအိစက်လှသည့်လက်ဖဝါးနုနုလေးမျက်နှာပြင်အား ထိတွေ့ကိုင်တွယ်ခြင်းနှင့်အတူ မပီသသေးသည့် ခ်စ္စရာ"သားသား"ဟူသောအသံလေးကြောင့် အမိျုးသမီးငယ်လေးက တင်းမထားနိုင်တော့ပဲကလေးလေးအားတင်းနေအောင်ဖက်ကာငိုချလိုက်မိတော့သည်။

𝐘𝐨𝐮 𝐚𝐫𝐞  𝐌𝐲 𝐅𝐫𝐢𝐞𝐝 𝐥𝐢𝐯𝐞𝐫(Completed) (မင်ကငါ့ရဲ့သည်းကြော်လေး)Where stories live. Discover now