3

5.7K 267 30
                                    

ကိုယ်သတိထားမိတဲ့.....
လူတစ်ယောက်ရဲ့နာမည်ကို....
ပထမဆုံးကြားရတဲ့အခါ......
ဘယ္လိုခံစားမိလဲ....

                     ________________

ကော့ညွှတ်ရှည်လျားနေသောမျက်တောင်ရှည်များသည်လှပသောမျက်လုံးအိမ်တစ်ဝိုက်ငေးမောဖွယ်တည်ရှိနေတော့သည်။

အနက်ရောင်maskတစ်ခုအားမျက်နှာတစ်ဝက်ခန့်ဖုံးအုပ်ထားသော်လဲ ဆွဲဆောင်မှုရှိသည့်မျက်ခုံးမျက်လုံးနှင့်ဆံပင်အရောင်လေးကတော့လူအများကြားမှာကွဲထွက်နေတော့သည်။

ထိုကောင်လေး၏ပုံစံသည်ဖူးဖူးမှုတ်အလိုလိုက်ခံထားရသည့်သူဌေးသားတစ်ဦးမှန်းမြင်သူတိုင်းသိရှိနိုင်ပေသည်။

သို့သော်သူသည် ကိုယ်ပိုင်ကားတစ်စီးပေါ်မှာရှိနေရမည့်အစား နေပြည်တော်ရှိအဝေးပြေးကားကွင်းတစ်ခုမှ
ဟိုင်းဝေးကားပေါ်ရှိနောက်ဆုံးသောထိုင်ခုံတွင်အေးအေးဆေးဆေးထိုင်နေပေသည်။

"မန္တလေးကိုထွက်ခွာဖို့အသင့်ဖြစ်နေပါပြီခင်ဗျာ ခရီးသည်များအားလုံးစုံကြပြီလား"

ထိုစကားသည်ဝတ္တရားအရမေးရခြင်းသာဖြစ်သည်။ခုံတ်ိုင်းလိုလ်ိုလူအားလုံးပြည့်နေပြီသာဖြစ်သည်။တစ်စုံတစ်ယောက်သောကောင်လေး၏ဘေးမှခုံနံပတ်သည်သာလူအလွှတ်ဖြစ်နေပေသည်။

ကားလေးသည်စတင်ထွက်ခွာဖို့အသင့်ဖြစ်နေပေပြီ
တစ်ရွေ့ခြင်းဖြည်းဖြည်းလ်ိမ့်သွားပြီးသည့်နောက်
ဘရိတ်အုပ်သံကြီးကြီးမားမားထွက်ပေါ်လာကာ ကားပေါ်ရှိလူတိုင်းအရှေ့သို့ယိုင်သွားရတော့သည်။

"ဘာဖြစ်တာလဲ"

ကားပေါ်ရှိလူတွေမှာတစ်ယောက်တစ်ပေါက်ဖြင့်မှန်ပြတင်းပေါက်မှတစ်ဆင့်အပြင်ကိုလှမ်းကြည့်ကြတော့သည်။ထိုလူတွေအလဲကောင်ချောလေးတစ်ဦးသည့်လိုက်ပါကြည့်လိုက်မိသည်။

"ဟေ့ကောင်လေး မင်းကားကိုအကြမ်းပတမ်းမောင်းရအောင် ကာပြိုင်ကွင်းမဟုတ်ဘူးကွ အများပိုင်ကားလမ်း"

မျက်ဝန်းလှလှလေးသည်ကားကြီးရှေ့ရှိပြိုင်ကားအနီရောင်လေးထံရောက်ရှိသွားတော့သည်။ကားများစွာရှိသည့်ကားကြီးကွင်းထဲသို့အရှိုန်မထိန်းနိုင်ပဲရောက်ရှိလာသည့်ထိုကားလေး။
ထိုကားပေါ်မှတင်းလာသောလူငယ်တစ်ဦးကိုကြည့်ပြီးခဏတော့မင်သေသေဖြစ်သွားရသည်။

𝐘𝐨𝐮 𝐚𝐫𝐞  𝐌𝐲 𝐅𝐫𝐢𝐞𝐝 𝐥𝐢𝐯𝐞𝐫(Completed) (မင်ကငါ့ရဲ့သည်းကြော်လေး)Where stories live. Discover now