Part 14(U+Z)

683 80 20
                                    

Zawgyi

Jennie Pov

jenတစ်ယောက် liဆိုသောကလေးမလေးနှင့်ချိန်းဆိုထားသောအချိန်ထက်စောစွာ ပြင်ဆင်ပြီးသွားဖို့ထွက်လာချိန်တွင်

Mrs kim" jennie မင်းညဖက်ကြီးကိုဘယ်သွားဖို့လုပ်နေတာလဲ "

jen" ဟို jen သူငယ်ချင်းနဲ့ချိန်းထားလို့ပါမေမေ" lisaဆိုသောကလေးမနှင့်ချိန်းထားကြောင်းမပြောလိုက် မေမေသိရင်မလွယ်။မေမေက အဆင့်တန်းမတူတဲ့သူတွေနှင့်ပတ်သတ်တာကိုလုံးဝမကြိုက်။အခုလို တွဲနေတာသာသိသွားရင်။

Mrs kim"အရေးမကြီးဘူးမို့လား chaeတို့အိမ်ကိုသွားပေစစမ်း chaeရဲ့အဖေနေမကောင်းဘူးကြားတယ် အဲ့တာဆေးရုံကိုchaeနဲ့တူတူလိုက်သွားပေးလိုက် သူ့မေမေကလည်းဘာမှလုပ်တတ်တာမဟုတ်ဘူး"

jen" jenရဲ့ကိစ္စကမသွားလို့မကောင်းလို့ပါမေမေရယ်" jenလဲမသွားလို့မဖြစ်တဲ့အကြောင်းပြောနေတုန်း

Mrs Kim" jennie kim မေမေခိုင်းရင်မင်းလုပ်ပေးနေကြလေ အခုမှလာပြီးဘာဖြစ်နေတာတုန်း သွားမေမေခိုင်းတာသွားလုပ်"

jen"ဟူး.. အာ့ဆိုခဏလေးမေမေ jenဖုန်းလေးကျန်ခဲ့လို့"

Mrs Kim" အော်ဒီမှာအရေးကြီးလို့ပါဆိုနေ ဖုန်းကဘာအရေးကြီးနေလို့လဲ ဒီမှာကားသော့ရော့ chaeတို့ဆီသာမြန်မြန်သွား သွား"

   မေမေက ဘာဖြစ်နေမှန်းမသိ အတင်းကာရောကားသော့ကိုထိုးပေးပြီးသွာစခိုင်းနေသည်။jenသွားတာအရေးမကြီး lalisaကိုဘယ်လိုလုပ်ရမလဲနောက်တော့ jenလည်းမတတ်သာတဲ့အဆုံး မေမေ့လက်ထဲကကားသော့ကိုယူကာ chaeတို့ဆီထွက်ခဲ့သည်။

Mrs Kim Pov

    ကျွန်မဆိုတဲ့ Soo Hee Kimက jenလေးကိုငယ်ငယ်တည်းကထိန်းကျောင်းပြီးသားသမီးရင်းလိုသဘောထားစောင့်ရှောက်လာခဲ့တာ။ဒီကလေးဘယ်ခြေလှမ်းလှမ်းနေသည်။ဘယ်သူနှင့်ဘာတွေလုပ်နေတယ်ဆိုတာကို မွေးမိခင်မဟုတ်သော်ငြား အစအဆုံးအကန်ုအစင်သိနေသည်။

      အခုလည်း ကိုယ်တွေထက်အဆင့်တန်းနိမ့်တဲ့ကလေးမနဲ့ပတ်သတ်နေတ်ာတဲ့လေ။ ဒီလိုအဖြစ်မျိုးကို ကျမကလက်ခံမတဲ့လား။

     ကျမမှာ ဒီလိုအဆင့်တန်းခွဲခြားပြီးနေရသည့်အကြောင်းရင်းရှိသည်။ကျမရဲ့နာမည်ရင်းက seol yue manobanလေ။အဆင့်တန်းမတူတဲ့သူတစ်ယောက်နှင့်မေတ္တာမှမိလို့ သူနဲ့ကလေးတစ်ယောက်ရခဲ့သည်။အခြေနေအရပ်ရပ်ကြောင့်ရော ကျမမေမေကြောင့်ပါ ကျမတို့နှစ်ဦးဝေးကွာသွားခဲ့ကြသည်။ထိုအခြေနေထိ ဘာမှမဖြစ်သေးပေ။

The LoveWhere stories live. Discover now