Part 15(U+Z)

684 78 30
                                    

Zawgyi

Jen Pov

  Jenတစ်ယောက်ကတော့အပျော်တွေလွန်နေမိတာကိုကိုယ့်ဟာကိုသတိမထားမိပေမယ့် တကယ်သတိထားမိနေသည်ကတော့မေမေဖြစ်သည်။တစ်ရက်တော့ jenကျောင်းအပြန်သူမကိုစောင့်လို့ သူမနေအိမ်ကိုပြန်ပို့ပြီးပြန်လာချိန် အိမ်ထဲသို့ဝင်သောအချိန်၌

Mrs Kim" Jennie Kim"

jen" Nae Omma"

Mrs Kim" မေမေမင်းနဲ့ပြောစရာရှိတယ် ခဏလာဦး"

   ဆိုပြီး ဧည့်ခန်းထဲမှလှမ်း၍ပြောသောကြောင့် မေမေဆီကိုသွားခဲ့သည်။အသံအနေအထားကတော့ မိုးလေဝသအခြေနေလုံးဝကောင်းပုံမပေါ် အနီးနားရောက်တော့မှ ဖေဖေ့ကိုပါတွေ့ရသဖြင့် ရင်တုန်တော့နဲနဲသက်သာသွားခဲ့သည်။

Mrs Kim"လာဒီနားမှာထိုင်"

jen"ဟုတ်မေမေ"

  ဖေဖေ့ထံမျက်နှာရိပ်ပြကာမေးတော့ခေါင်းသာခါပြသည်။

Mrs Kim"မင်းကိုလေမေမေက အရာအားလုံးမှာဦးဆောင်နိုင်တယ် ယုံကြည်မှုရှိတယ့်ကလေးတစ်ယောက် မေမေယုံကြည်လောက်တဲ့သူတစ်ယောက်မို့လုပ်ချင်တဲ့အရာအကုန်လုံးမေမေပေးမလုပ်ခဲ့ဘူးလား"

jen"ဟု..ဟုတ်ပေးလုပ်ပါတယ်မေမေ"

   မဟုတ်မှမေမေက jenနဲ့babeတို့အကြောင်းများသိ..

Mrs Kim"အေးအဲ့တာဆိုတစ်ခုတည်းမာမီကန့်သတ်ထားတဲ့ဟာ တစ်ခုတည်းပါjenရယ် အဲ့တာကို jenကိုယ်တိုင်လည်းကတိတွေအထပ်ထပ်ပေးခဲ့ပြီးမှ အခုကျတော့အပြောနဲ့အလုပ်တခြားဆီတွေ့ဖစ်နေပါလား jen"

jen" j.....jen ဘာလုပ်မိလို့လဲမေမေ"

  အရဲစွန့်မျက်နှာပြောင်တိုက်ပြီး jenမေးချလိုက်တော့မေမေက လက်သီးတို့ခပ်တင်းတင်းဆုပ်ပြီး ဒေါသဖြေသလိုသက်ပြငးများကိုချလိုက်ပြီး

Mrs Kim"မင်းမေမေ့ကိုကတိတစ်ခုပေးထားတယ်မဟုတ်လား jen။အဲ့တစ်ခုတည်းကိုမင်းဘာကြောင့်မတည်နိုင်ရတာလဲ။မေမေ့ကိုအသက်ကြီးပြီ ငါလုပ်ချင်တိုင်စလုပ်လို့ရတယ်ဆိုပြီးမလိမ့်တပတ်လုပ်လို့ရမယ်မင်းထင်နေတာလား jeniie kim"

ဆိုပြီး babeနဲ့ jenတို့ parkသွားတုန်းကဓာတိပုံတွေအစီအရီချပြလာသည်။ဖေဖေကတော့ jenတို့နှစ်ယောက်ကိုအကဲခတ်သလိုသာကြည့်နေသည်။တစ်ခုမှတော့ဝင်အပြော။

The LoveWhere stories live. Discover now