Ep3
မနက်မိုးလင်း ေ၀လီေ၀လင်းအချိန် သူမအခန်းတံခါးခေါက်သံပြင်းပြင်းကြောင့် ယင်ဟွား အပေါ်ထပ် လက်ရှည်အပါးကိုခြုံကာ တံခါးဖွင့်လိုက်တော့ ကျင်းရန်ရဲ့အစေခံမလေး ကျားလီ
;ဘာကိစ္စရှိလို့လဲ ကျင်းလီ
;မမလေးကျင်းရန် တအားဗိုက်တွေနာနေလို့ အဲ့တာ ကျင်းလီ ဘာလုပ်ရမှန်းမသိလို့
;ဆရာဝန် ခေါ်ပြီးပြီလား။အိမ်တော်ထိန်း ထိုက်ကျင့်ရော
;မခေါ်ရသေးဘူး။အိမ်တော်ထိန်းကို သွားခေါ်မလို့ကို
မမလေးက သခင်မကိုခေါ်လာပေးဆိုလို့ပါ;ဟုတ်ပြီ။ဆရာ၀န်ကို ငါဖုန်းဆက်လိုက်မယ်။
အိမ်တော်ထိန်း ထိုက်ကျင့်နဲ့ ကောင်မလေး၂ယောက်ကို သွားနှိုးချည်
;ဟုတ် သခင်မ;ကျားလီ ဘယ်ဘက်တွေ သွားနေတာလဲ။ညာဘက်က သွားရမှာလေ
;ဟုတ်လား ကျွန်မ ေလာပြီးမေ့သွားတာ ဟီး
;အိပ်ချင်နေရင် တစ်ခါတည်းမျက်နှာသစ်သွား
;ဟုတ်ကဲ့ သခင်မ
ယင်ဟွား လှေကားကနေ အမြန်ဆင်းကာ ဧည့်ခန်းထဲရှိလက်ကိုင်ဖုန်းနား အမြန်သွားလိုက်ကာ ဆရာ၀န်ဆီ ဖုန်းဆက်လိုက်သည်။
;ဒေါက်တာ ကျင်းရန် ဗိုက်တအားနာနေတယ်။ဒေါက်တာ အိမ်တော်ကို အခုလာပေးပါ။ကျွန်မ
ဒါရိုက်ဘာ လွှတ်လိုက်ပါ့မယ်။;ရပါတယ် သခင်မ၀မ်။ကျွန်တော် ကိုယ့်ကားနဲ့ကိုယ် လာလိုက်ပါ့မယ်
;ဟုတ် မြန်မြန်လေးလာပေးပါ ဒေါက်တာအရင်ရက်တွေက ဒေါက်တာက သူမကို ကျင်းရန်ရဲ့ အခြေနေမှာ သက်ဦးဖြစ်သည့်အပြင် စိတ်ဆင်းရဲကာ အစားသိပ်မ၀င်သည်မို့ အထူးဂရုစိုက်မို့ မှာထား
သည်။သူမက နှလုံးအားနည်းတတ်သည်မို့ တခြားမိန်းခလေးတွေ မီးဖွားသည်ထက် ပိုခက်ခဲနိုင်ကြောင်းပြောထားသည်များက သူမနားထဲတွင်
တ၀ဲလည်လည်.......
ရိကျိုးက လွန်ခဲ့တဲ့၄ရက်ကမှ ပေကျင်းကို အလုပ်ကိစ္စနှင့်ခရီးသွားသည်မို့ သူမတစ်ယောက်ပဲ ကျင်းရန်နားတွင်ရှိသည်။ယင်ဟွား ဖုန်းဆက်ပြီးပြီးချင်း ကျင်းရန် အခန်းထဲသို့ မြန်မြန်သွားလိုက်သည်။အခန်းထဲရောက်တော့ အရင်ရက်တွေက သူမခေါ်ပေးထားသော လက်သည်အမျိုးသမီးက ဘေးတွင်ထိုင်ကာ ေ၀ယျာ၀ိစ္စများ လုပ်ပေးနေသည်။သူမ ၀င်လာတာမြင်တော့ အနားကိုခပ်သုတ်သုတ်ရောက်လာကာ

YOU ARE READING
Don't Leave Me (Yizhan)
Fanfictionချစ်ခြင်းတရားကို အဓိပ္ပာယ်ဖော်ဆိုပုံမတူသူတွေရဲ့ ချစ်ခြင်း