(Unicode)
ခပ်နွေးနွေးလေးဖြာကျနေသောနေရောင်ခြည်။
ခပ်အေးအေးလေးတိုက်ခက်နေသောလေညှင်း။
ခပ်တိုးတိုးလေးညီးဆိုနေသောကျေးငှက်။
အရာအားလုံးသည် အေးဆေးငြိမ်းချမ်းလျက်သာယာနာပျော်ဖွယ်ပင်။
မနက်ရောက်ပြီဟူသောအသိနှင့်အတူ အိပ်ရာမှဦးစွာနိုးထလာသူကJungwon။ မျက်လုံးနှစ်လုံးဖွင့်လိုက်သည်နှင့် ရှေးဦးပထမ သူမြင်လိုက်ရသည်က ခိုနားအားကိုးချင်စရာရင်ခွင်ကျယ်ကြီး။
အော်...သူမနေ့ညကဦးလေးကြီးအခန်းမှာအိပ်ပျော်သွားတာပဲ။
သူ့ကိုယ်လုံးလေးအားဖက်ထားသော တောင့်တင်းသန်မာသည့်လက်တစုံ မနိုးသွားစေရန်သတိထား၍ အသာခေါင်းမော့ကြည့်လိုက်တော့ ခပ်ချောချောမျက်နှာတခုက နှစ်ခြိုက်စွာအိပ်မောကျလျက် နှုတ်ဆက်နေလေသည်။
တကယ်ကို သူ့ဦးလေးကြီးကအရမ်းချောတာပဲ။
ကြည်နူးဂုဏ်ဆာစိတ်နှင့်အတူ နှုတ်ခမ်းကွဲကွဲလေးအား လှမ်းကာနမ်းလိုက်တော့ ပြန်တုံ့ပြန်လာသည်။
အိပ်သာအိပ်နေသည် ဒါမျိုးဆိုလျှင်တအားတတ်။ JayဟုတမျိုးJongseongဟုတဖန်အမည်ရသော Vampireကြီးသည် Jungwon၏တဦးတည်းသော ကျောက်တုံးကျောက်ခဲကြီးပင်ဖြစ်တော့သည်။ ဘယ်လောက်တွန်းတွန်းမရွေ့လွန်းသောကြောင့် ကြာလျှင်တော့ကျောက်ဆောင်ကြီးပင်ဖြစ်လာတော့မည်။ ရင်လေးပါသေးတယ်...
ထို့နောက်တွင်တော့ Jungwonအချိန်မဆွဲတော့ပါပဲ အိပ်ရာထဲမှထလာလိုက်တော့သည်။ တအိမ်လုံးသည်တော့တိတ်ဆိတ်ငြိမ်သက်နေဆဲ။ အားလုံးအိပ်နေတုန်းပဲထင်။
ထို့နောက် Jungwonတယောက် အိမ်အပြင်ထွက်၍ ခြေကားယားလက်ကားယားနှင့် အညောင်းအညာဆန့်လိုက်ကာ တနေ့တာကိုအစပြုရန်အားယူလိုက်တော့သည်။ ထိုအချိန်တွင်ပင်
"နိုးလာပြီလားJungwonလေး"
ရုတ်တရက်ကြားလိုက်ရသောအသံကြောင့် လန့်သွားကာ အသံလာရာကြည့်လိုက်မိတော့ အိမ်ရှိရာလျှောက်လှမ်းလာနေသော အကြီးဆုံးတဖြစ်လဲ vamwolfတယောက်ဖြစ်သူHeeseung။
YOU ARE READING
Eternity(Season-2)
Mystery / Thriller(Unicode) အချစ်မှာစည်းတခုရှိတယ်တဲ့...ဘာအကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ်အဲ့စည်းကိုမကျော်တာအကောင်းဆုံးပဲ...လူတွေအတွက်ပဲဖြစ်စေ...လူမဟုတ်တဲ့အရာတွေအတွက်ပဲဖြစ်စေ... (Zawgyi) အချစ်မှာစည်းတခုရှိတယ်တဲ့...ဘာအကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ်အဲ့စည်းကိုမကျော်တာအကောင်းဆုံးပ...