(Unicode)
ဟင်း~~~~
မနေနိုင်စွာသက်ပြင်းချလိုက်ရင်း တဖက်သို့လှည့်လိုက်ပြန်သောJungwon။ ညနက်နေပြီဖြစ်သော်ငြား သူအခုထိအိပ်၍မရသေး။ နေ့ခင်းတုန်းကအဖြစ်ပျက်က အခုထိသူ့ခေါင်းထဲတဝဲလည်လည်နှင့် မေးခွန်းများဆက်တိုက်ထုတ်ပေးနေဆဲ။
ထိုသူသည်မည်သူနည်း???
ဤနေရာအားမည်သည့်နည်းနှင့်ဝင်ရောက်နိုင်ခဲ့သနည်း???
သူတို့အားမည်ကဲ့သို့သိနေသနည်း???
Heeseungနှင့်မည်ကဲ့သို့ပတ်သက်နေသနည်း???
Wonwonနှင့်ရောမည်ကဲ့သို့ပတ်သက်နေသနည်း???သူ့ခေါင်းထဲမေးခွန်းတို့သာ ပို၍ပို၍တိုးလာသည်၊ အဖြေကတော့ထွက်မလာခဲ့။
သူဂနာမငြိမ်ဖြစ်နေသည်မှာကြာလာလေတော့ ဘေးနားရှိJayပင်နိုးလာတော့သည်။
"Jungwonဘာဖြစ်နေတာလဲ၊ မအိပ်သေးဘူးလား"
"ကျွန်တော်အိပ်မပျော်ဘူး"
"ဘာဖြစ်လို့လဲ"
Jayမှအမေးရှိလာလေတော့ Jungwonထထိုင်၍ သူကြုံတွေ့ခဲ့ရသည်အားပြောပြလိုက်သည်။ Jayလည်းထထိုင်၍ ဂရုတစိုက်နားထောင်ပေးပါသည်။
"အဲ့ဒါပြီးတော့ မင်းတောထဲကိုသွားရှာကြည့်သေးလား"
အစအဆုံးတိတ်တဆိတ်နားထောင်ပြီးနောက် Jay၏ပထမဆုံးသော အမေးစကား။
"ရှာကြည့်တယ်ဦးလေးကြီး။ DaeunလေးကိုNi-Kiတို့နဲ့ပြန်လွှတ်လိုက်ပြီး ကျွန်တော်တောထဲသွားရှာကြည့်သေးတယ်။ ဘယ်သူ့ကိုမှမတွေ့ခဲ့ဘူး"
"ဒီတောပတ်လည်ကအကာကွယ်က Heeseung hyungလုပ်ပေးထားတာ။ ဒီအကာကွယ်အတွင်းတခုခုဖြစ်ရင် သူသိမှာပဲ။ မနက်ကျသူ့ကိုမေးကြည့်ရင်ရော်"
"ဖြစ်ပါ့မလားဗျ"
"ဘာကိုလဲ"
"သေချာမပြောတတ်ပင်မဲ့ ဒီကိစ္စHeeseung hyungကိုမပြောတာကောင်းမယ်လို့ ကျွန်တော်ခံစားမိနေတယ်"
Jayဘာမှပြန်မပြောတော့ပါပဲ Jungwonအကြံကိုလက်ခံလိုက်သည်။ ကျန်သည့်အရာများထက် Jungwon၏စိတ်ခံစားချက်တို့သည် အမြဲမှန်တတ်သည်မဟုတ်လား။
"ဒါဆိုဒီလိုလုပ်။ မနက်ဖြန်တောထဲကို hyungနဲ့ပါအတူထပ်ရှာကြည့်ကြမယ်။ ဘာမှမတွေ့ဘူးဆိုရင် ညကျမြို့ထဲသွားပြီး လူစိမ်းဘာညာတွေ့လားစုံစမ်းကြရအောင်။ ကျန်တဲ့သူတွေကိုတော့ဘာမှမပြောနဲ့ဦး။ Daeunလေးလည်းရှိနေတော့ စိုးရိမ်လွန်နေကြမယ်"
YOU ARE READING
Eternity(Season-2)
Mystery / Thriller(Unicode) အချစ်မှာစည်းတခုရှိတယ်တဲ့...ဘာအကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ်အဲ့စည်းကိုမကျော်တာအကောင်းဆုံးပဲ...လူတွေအတွက်ပဲဖြစ်စေ...လူမဟုတ်တဲ့အရာတွေအတွက်ပဲဖြစ်စေ... (Zawgyi) အချစ်မှာစည်းတခုရှိတယ်တဲ့...ဘာအကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ်အဲ့စည်းကိုမကျော်တာအကောင်းဆုံးပ...