Episode-16

339 43 4
                                    

(Unicode)

မမှတ်မိနိုင်ခဲ့သော ကလေးဘဝသည် မည်ကဲ့သို့ပုံစံနည်း??? ထိုအချိန်ကာလသည် တယောက်နှင့်တယောက်အတွက်လည်း တူမည်မဟုတ်။

တချို့အတွက်ပျော်ရွှင်စရာကောင်းနေလိမ့်မည်။
တချို့အတွက်တော့ဝမ်းနည်းစရာကောင်းနေလိမ့်မည်။
တချို့အတွက်ကျပြန်တော့ထိတ်လန့်စရာကောင်းနေလိမ့်မည်။

ထိုသို့ဆိုလျှင် သူတို့၏ကလေးဘဝသည်ရော် မည်ကဲ့သို့ဘဝမျိုးဖြစ်ခဲ့သနည်း???

*************************

"ကလေးလေးသနားပါတယ်ကွယ်"

"ဟုတ်ပါ့ဖာသာရယ်။ ကျွန်မဖြင့်အကြိမ်တိုင်း စိတ်မကောင်းဖြစ်မိတုန်းပါပဲ"

အိမ်ရှေ့ဧည့်ခန်းထဲမှ တီးတိုးစကားပြောသံများကြောင့် အိမ်မှုန်စုံမွှားဖြင့် အိပ်ရာမှနိုးလာခဲ့သောကလေးတယောက်။

ဘာဖြစ်လို့ပါလိမ့်...

သူအိပ်ချင်မူးတူးနှင့် မျက်လုံးလေးပွတ်ကာ အိပ်ရာထဲမှထထိုင်လိုက်တော့ သူ့ဘေးရှိကောင်လေးသည်လည်း သူ့နည်းတူနိုးလာပါသည်။

"ဘာဖြစ်လို့လဲHeeseung"

"Hyung...ဧည့်ခန်းထဲကဖာသာတို့စကားပြောသံကြားလို့"

ထိုအခါမှ ဧည့်ခန်းထဲမှစကားသံအား ဂရုစိုက်နားထောင်နေသောသူ့hyung။ ခဏကြာလေမှ သက်ပြင်းတချက်ချကာ ပြုံးပြလာသည်။

"ဘာမှမဖြစ်ပါဘူး။ Hyungတို့ဆီ ကလေးတယောက်ကို မိဘတွေလာစွန့်ပစ်သွားလို့ပါ"

"Hyung ဘာလို့မိဘတွေဆိုတာ အဲ့လိုရက်စက်ကြတာလဲဟင်"

မွေးကတည်းကစွန့်ပစ်ခံခဲ့ရသောသူ့အဖို့ မိဘဆိုသည်မှာ ရက်စက်တတ်သည့်နှလုံးသားမရှိသည့်သူတွေသာ။

သူအရိုးသားဆုံးပင်မေးလိုက်တော့ စိတ်မကောင်းဟန်ဖြင့် သက်ပြင်းတချက်ချကာ သူ့ခေါင်းလေးအားဖွဖွလေးပွတ်ပေးလာသောသူ့hyung။

"မိဘတွေကမရက်စက်တတ်ပါဘူးကွာ။ သူတို့လည်းသူတို့ရဲ့သားတွေသမီးတွေကိုချစ်တာပေါ့။ ဒါပင်မဲ့ သူတို့ရဲ့ဘဝပေးအခြေအနေတွေအရ မတတ်သာတဲ့အဆုံးမို့ အခုလိုတွေလုပ်ရတာပါ"

Eternity(Season-2)Where stories live. Discover now