အပိုင္း(၁) Unicode

163 7 6
                                    

"ကျစ်....မင်းဘာဖြစ်ချင်နေတာလဲ"

"ငါပြောတာရှင်းရှင်းလေး..မင်းကဘာတွေကြီး
  ကျယ်နေတာလဲ"

"အေး ကြီးကျယ်တယ်ပြောလဲခံရမှာပဲ မင်းကို
  သဘောကျကပ်ဖားနေတဲ့သူတွေထဲမှာငါမ
  ပါဘူးးမင်းဘာသာမင်းဘာကောင်ကြီးပဲဖြစ်ဖြစ်
  စိတ်ကိုမဝင်စားတာ ရှင်းတယ်နော်"

"အရမ်းကိုပြောရခက်တယ်နော် ရစ်လေးးး..
  ဟုတ်ပြီလေ ကောင်းကောင်းမွန်မွန်ပြောတာ
  ကိုမင်းလက်မခံတာနော် ပြီးမှငါ့အဆိုးမဆိုနဲ့"

   ပြောပြီးလှည့်ထွက်သွားတဲ့ကောင်အားအ
နောက်မှပြေးကန်ချင်စိတ်ကတဖွားဖွား...ကွက်
ကြည့်ကွက်ကြည့်လုပ်နေကြတဲ့သူတွေနှင့်ဆရာ
တချို့ကပါလှမ်းကြည့်လာတာကြောင့် ရစ် လဲဒေါ
သကိုလျှော့ပြီးအခန်းထဲသာပြန်ဝင်ထိုင်နေလိုက်
သည်။ယခု ရစ် ကိုပြသာနာလာရှာသွားသူက
ဒီကျောင်းကြီးက king ဟုအမ်ားသမုတ္ထား
သောသူပင်၊ချမ်းသာသောအသိုင်းအဝိုင်းကအ
ပြင် မြန်မာနိုင်ငံတွင်သာမက အခြားနိုင်ငံများ
အထိကျော်ကြား၍ Top 10 ဝင်သော
King company ၏တစ်ဦးတည်းသော
သား အဏ္ဏဝါကင်း။ အလွန်စည်းကမ်းကြီးသော
ယခုလိုကျောင်းမှာပင်သူနေချင်သလိုနေ ဆိုးချင်
သလိုဆိုးနိုင်နေသည်မှာမထူးဆန်းပေ။တွေးလေ
ပိုဒေါသထွက်လေမို့ ရစ် စာကိုသာပြန်အာရုံစိုက်
လိုက်သည်။

   ကျောင်းဆင်းချိန်ရောက်တော့ဖေဖေကိုယ်တိုင်
လာကြိုတာကြောင့် ရစ် ပျော်တော့ပျော်သွားမိ
သည် ရစ် မှာအမေမရှိတော့..မေမေမရှိတော့
သည့်နောက်ပိုင်းးးဖေဖေ့မှာ ရစ် ကတစ်ဖက်
ကုမ္ပဏီ ကတစ်ဖက်နှင့် အလွန်ဗျာများခဲ့သည်
အိမ်တွင် ကြီးကြီးရွှေ ရှိသော်လည်း မိတဆိုး
လေး ရစ် အားဖေဖေဂရုတစိုက်ရှိလှ၏ ဖေဖေ့
၏ Myuu company က king
company လောက်နာမည်မထိုးဖောက်နိုင်
သော်လည်းသူ့ဂုဏ်နှင့်သူရှိသည်။

"ဖေဖေ ဒီနေ့စောပြန်လာတယ်ပေါ့ "

"ဒါပေါ့ သားရဲ့ ခုတလောဖေဖေသားကို ပစ်
  ထားမိတယ်လေ လာ သား တက် ဖေဖေတို့
  မာလာရှမ်းကော သွားစားကြမယ်"

"ဟီး...ဟုတ် ဖေ့"

    ထိုမြင်ကွင်းကကားထဲမှလှမ်းကြည့်နေသူ
တစ်ယောက်ကိုနှုတ်ခမ်းတွင်ပြုံးရိပ်သန်းသွားစေ
ပြီး ရစ်ကိုချစ်စဖွယ်ကောင်းစေ၏ သူနှင့်ဆို အမြဲ
ကတ်ကတ်လန် ရန်တွေ့တတ်သည့်ကောင်လေး
ကသူ့အဖေနှင့်ကျတော့လုံးဝအပြစ်ကင်းစင်သော
ကလေးလေးလိုပင်။

မြတ်နိုးရတဲ့အမျိုးသားလေး Where stories live. Discover now