"ဟျောင့် ကင်း ဒီည လှုပ်ရှားလိုက်ကြရအောင်
မသွားတာ တစ်ပတ်လောက်ရှိနေပြီ""အင်း သွားကြတာပေါ့ ငါလဲသွားမလ်ို့စဉ်းစား
နေတာ""ငါကြိုချိတ်ပေးထားရမလား"
အဓိပ္ပာယ်က ဒီညအတွက်ကောင်လေးတစ်
ယောက်ကြိုရှာပေးထားရမလားဆိုတာပင်..
"မလိုဘူး သောက်ရုံပဲ ကျန်တာမလုပ်ချင်ဘူး""ပြောင်းလဲလာလိုက်တာနော်"
စစ်လမင်းမြူစွယ်နေသည်ကိုငြင်းနေတဲ့ ကင်း
ကြောင့် စစ်နေမင်း ကထပြောလိုက်ခြင်းဖြစ်
သည်။"ဒီလိုပဲလေ မင်းကြုံဖူးမှနားလည်သွားလိမ့်မယ်"
"တော်စမ်းပါကွာ ငါကသက်စေ့ကျော်အောင်
ရည်းစားတွေထားခဲ့တာ မင်းထက်ဝါရင့်တယ်
ငယ်ပါသေးတယ် အဏ္ဏဝါကင်းရာ"စစ်နေမင်းရဲ့အပြောကို ကင်း ခပ်ပြုံးပြုံးသာ
တုံ့ပြန်လိုက်ပြီး မင်းမှန်တယ် ဟုသာထောက်ခံ
လိုက်သည် ဒါမှနားအေးမှာမို့လို့ဖြစ်သည်။
"ကင်း ဟိုမှာ အရှေ့မှာ မြူခိုးရစ် ရောက်နေတယ်"မှောက်အိပ်နေတဲ့ ကင်း ခေါင်းထောင်လာ
သည် အဲ့အကောင်ပေါက်ကတစ်ခါမှ ကင်း ဆီ
ကိုမလာဖူးဘူး သူကသာ ရစ် ဆီခဏခဏသွား
နေတာ....ကင်း ရစ် ဆီလျှောက်သွားလိုက်ပြီး"ဘာများအရေးကြီးလို့ အခန်းရှေ့ထိကြွမြန်း
လာရတာလဲ သခင်လေး""မင်းဆီလာတယ်လို့ပြောမိလား တီချယ်ခေါ်ထား
လို့လာတာ""ကြေကွဲသွားပြီကွာ"
တကယ်ကြေကွဲသွားတာပါ ကိုယ့်ဆီလာတယ်
ထင်တာ သူက တီချယ့်ဆီလာသည်တဲ့လေ။"နားနေခန်းထဲမှာလေ တီချယ်က"
"သိတယ် မင်းနဲ့အတူလာပါလို့ ခုနကမှာသွားလို့
မင်းကိုလာခေါ်တာ""အဲ့ဒါငါ့ဆီလာတာပဲမဟုတ်ဘူးလား"
"ပြန်မပြောနဲ့ ပါးစပ်ပိတ်ပြီးလိုက်ခဲ့"
ရစ်နဲ့ကင်း တူတူလမ်းလျှောက်လာသည်မှာ
မျက်စိပသာဒဖြစ်နေသည် ရှိသင့်သည့်အရပ်
ထက်ပိုရှည်သော ကင်း နှင့် ရှိသင့်သလောက်
အရပ်ရှိသော ရစ် တို့က အနည်းငယ်သာကွာ
ခြားသည် ယှဉ်လျှောက်လာသည်မှာ ခပ်ဆိုး
ဆိုးကျောင်းလူဆိုးလေးနှင့်စာဂျပိုးကျောင်းသား
လေးနှစ်ယောက်သဖွယ်။ရစ် ကိုစနေရ၍ပျော်
နေသော ကင်း ၏ မျက်နှာအထက်မှာအပြုံး
တွေဝေဆာလျက်..