🫶🏻

232 19 2
                                    

Treasure member တွေကို သားအဖလို ရေးထားတာမို့ အဆင်မပြေရင် မဖတ်စေချင်ပါဘူးရှင့်

04zနှစ်ယောက်ကို baby ver လေး အရမ်း ရေးချင်နေတာမို့ ရေးလိုက်တာပါ 😻
‼️‼️‼️‼️‼️‼️‼️‼️

"ပတ်ဂျောင်ဝူး"

"အား အာပါး"

"လျှောက်ပြေးမနေနဲ့ နောက်ကျတော့မယ် မင်းကို မူကြိုပို့ပြီးရင် အာပါးက အလုပ်ရှိသေးတယ်"

"မာမားးး ဆီပဲသွားချင်ယာ"

"အေး မင်းအဖွားက ညနေကျောင်းဆင်းတာနဲ့ လာခေါ်မှာ အဲ့တော့ကျောင်းကို အရင်သွားရမယ်လေ ကျောင်းမှာ ကောင်မလေးချောချောလေးတွေရှိတယ်ဆို"

ဂျောင်ဝူးက သူ့အဖွားကို အရမ်းကပ်ပြီး အဖွားလို့လည်း ခေါ်သလို မာမားလို့လည်း ခေါ်သည်။

ဂျီဟွန်းတစ်ယောက် ဒိုက်ပါလေးဝတ်ပြီး ထွက်ပြေးနေသည့် ဂျောင်ဝူးကို မနည်းမိအောင်လိုက်ဖမ်းရင်း ဘောင်းဘီကို ဝတ်ပေးလိုက်ရတော့သည်။ ဘယ်သူ့သွေးပါလို့လည်း မသိ အဲ့ကောင်တော်တော်လျင်သည်။

ဒုတ် ဒုတ် ဒုတ် တီးတောင် တီးတောင်

"အာပါး ဒုတ် ဒုတ် ဒုတ် တီးတောင် တီးတောင်"

လူခေါ်ဘဲလ်က မြည်သည့်အသံအတိုင်း လိုက်လုပ်ပြနေသေးတာမို့ ဂျီဟွန်းမှာ သူ့ကိုရယ်ရင်း ခြံတခါးဖွင့်ဖို့ Lock Screen ကနေ ကြည့်လိုက်သည်။

"ဘယ်သူလဲ ခင်ဗျ"

"ရှင်ယွန်ဂျာ အာဂျုးမားက ဒီအိမ်ကိုအသစ်တင်လိုက်တဲ့ အိမ်ငှါးပါ"

"အာ အမေကတော့ ဘာတွေလုပ်နေတာလဲ မသိဘူး ခဏနော်"

ဂျီဟွန်းတံခါးမဖွင့်ပေးသေးဘဲ အမေ့ကိုဖုန်းခေါ်လိုက်သည်။

"အမေ့ အိမ်ငှါးတင်လိုက်တာလား ဒီမှာ လာမေးနေတယ်"

"အေး ဟုတ်တယ်လေ"

"ဟာ အမေ့ ကျွန်တော်တို့ သားအဖကဘယ်မှာသွားနေရမှာလဲ"

"ဟဲ့ ငါအပေါ်ထပ်ကို ငှါးတာလေ"

"ဟာ အမေကလည်း ရှုပ်ရှုပ်ရှက်ရှက်"

"ငါ့အိမ်ငါငှါးတာ ဘာဖြစ်လဲ နင်တအိမ်လုံးကို တစ်ယောက်တည်း နေချင်ရင် ငါ့ကိုအိမ်ငှါးခ ပေးလေ"

The name of my illness is love Where stories live. Discover now