Final

162 19 9
                                    

"အကို ကျွန်တော်ဒီနေ့ ဝက်နံရိုးချက်ထားတယ်"

"အလုပ်နားတဲ့ နေ့ကို အေးဆေးမနေဘူး"

"မပင်ပန်းပါဘူး အကိုရဲ့ ထမင်းစားချိန်ဆို ဆင်းလာခဲ့နော်"

"အွန်း"

ဟွန်းဆော့အိမ်ကိုပြောင်းလာပြီးကတည်းက ပိက်ရက်တွေဆို ဘယ်မှမသွားဖြစ်တော့။ ပုံမှန်ဆို ပိတ်ရက်တွေတိုင်း ဂျောင်ဝူးကိုခေါ်ပြီး အမေ့အိမ်သွားနေကြ။  အခုဆို မလာတာကြာလို့ အမေကတောင် လှမ်းဆူနေပြီ။
ဟွန်းဆော့ကို သဘောကျနေတာလားလို့ ကိုယ့်ကိုယ်ကိုယ်ပြန်မေးစရာ မလိုအောင် သေချာနေခဲ့ပြီ။ အကိုနဲ့ အတူရှိနေရရင် ပျော်ပြီး အကိုနဲ့ စကားတွေအမြဲပြောချင်နေမိသည်။ အကိုအပြုံးလေးတွေကို အပိုင်သိမ်းထားချင်မိသည်။ အကို့ကိုဖက်ထားချင်မိသည်။ အကိုက ကျွန်တော့်ရဲ့ ပျောက်ဆုံးနေတဲ့ တခြမ်းလေးဖြစ်လေသည်။

"ပတ်ဂျီဟွန်း"

လူခေါ်ဘဲဆီမှ အသံနဲ့အတူအိမ်ထဲသို့ လွင့်လာသည့် အသံကြောင့် မွေးအမေအိမ်ရှေ့ရောက်နေတာ သိလိုက်ရပြီ။

"လူခေါ်ဘဲပဲ တီးပါဆို"

"နင်မကြားမှာ ဆိုးလို့ပေါ့ဟဲ့ ငါ့မြေးရော"

"ရှိတယ် အိမ်ထဲမှာ"

"ဂျုံးဂျုံးလေးရေ ဖွားလားတယ်"

TVထိုင်ကြည့်နေသည့် သူ့မြေးကို ပြေးဖက်ကာ ချော့မြူရင်း သူအိမ်မလာလို့ ပွစိပွစိပြောနေတုန်းပင်။

"ဖွား မန်းစားနော် အာပါးက များရီးချက်နေတာ"

"ဟုတ်လား စားမှာပေါ့ ဟဲ့ နင်က ငါ့ဆီဘာလို့မလာတာလဲ ပြောစမ်းပါ"

"အမေကလည်း လာမှာပေါ့ မအားသေးလို့"

"အပိုတွေ ပိတ်တိုင်း ငါ့ဆီသူ့သားကို လာထိုးထည့်ခဲ့ပြီးတော့များ ငါ့ဧည့်သည်နဲ့ရော နင်အဆင်ပြေရဲ့လား"

"ဟုတ်ကဲ့ပြေပါတယ် အကို့ကိုတောင် ထမင်းစားဖို့ခေါ်ထားသေးတယ်"

"အဲ့လောက်တောင် ရင်းနှီးနေကြပြီလား ကောင်းတယ် ကောင်းတယ်"

"ဖွား ဟွန်းချော့ကီကို အာပါးက ချစ်နေတာ"

"ဟင်"

The name of my illness is love Where stories live. Discover now