"Merry Christmas ပါ ကိုယ့်ကောင်လေး"
"အကိုလည်း Merry Christmas နော် နှစ်တိုင်း ကျွန်တော်နဲ့ အတူရှိနေပေးပါ"
မရေရာတဲ့ ကတိတွေမပေးချင်ဘူးဆိုပေမယ့် ဒီကောင်လေး တစ်ယောက်တည်းကြိတ်ခံစားနေရမှာကိုလည်း မမြင်လိုသဖြင့်
"ဒါပေါ့ သေချာပေါက် ကိုယ်က အတူရှိနေပေးမှာ"
ဟွန်းဆော့က ပြောတော့ ဂျီဟွန်းက မျက်လုံးလေးများမှိတ်သည်အထိ ပြန်ပြုံးပြပေမယ့် ပျော်ရွှင်နေသည့် အရိပ်အယောင်များကတော့ ပျောက်ကွယ်နေသည်။
"လွမ်းနေတာလား"
"အင်း တခါမှ မခွဲဘူးတော့"
"မနက်ဖြန်ပြန်လာပို့ဖို့ ပြောလိုက်လေ"
"သူပြန်မလာချင်မှာ စိုးလို့"
"ပြန်မလာချင်စရာ မင်းနဲ့နေရတာကို သူဒီလောက်ပျော်တဲ့ဟာ"
"ကျွန်တော် ဖုန်းဆက်လိုက်သင့်လား"
"အင်း"
Christmas ပိတ်ရက်စလို့ မူကြိုပိတ်ကတည်းက ဂျောင်ဝူးကို သူ့အမေက လာခေါ်သွားတာ တနှစ်လုံးမှာအခုတခါပဲ အတူနေရတာဆိုတော့ ဂျီဟွန်းမှာတားလည်းမတားနိုင်။ သူ့သားထွက်သွားပြီးကတည်းက တမှိုင်မှိုင်တထွေထွေဖြင့် မျက်နှာက မကြည်မလင်။ ရှိရင် နှစ်ယောက်သားမတည့်ပေမယ့် ဝေးနေတော့လည်း တအီအီနှင့်
"အာပါး"
"ဘယ်လိုလဲ ပျော် ပျော်နေလား"
"အင်း အိုမားနဲ့ ဖိုးတို့ဖွားတို့ရှီလည်း တွားတယ် မုန့်တွေလည်း များရီးချားနေရတယ်"
"အင်း အင်း ကောင်းတာပေါ့"
"ဟွန်းချော့ကီရော"
"ရှိတယ် ပြောမလို့လား အကိုနဲ့ပြောမလို့တဲ့"
တခါမှ မခွဲဖူးလို့လားမသိ ဂျီဟွန်းက အသံတွေပါတုန်ယင်ကာ အကြည့်တောင် ခပ်လွဲလွဲ
"ဟွန်းချော့ကီး"
"ဘေဘီ စားပြီးပြီလား"
"ချားပြီးပြီ ပုဂျွန်(ပုဇွန်)နဲ့ တနန်း(ဂဏန်း)ရော"
"စားကောင်းရဲ့လား အချိုတွေလည်း အများကြီး မစားနဲ့နော်"
"အွန်းပါ"
YOU ARE READING
The name of my illness is love
FanfictionTreasure member တွေကို သားအဖလို ရေးထားတာမို့ အဆင်မပြေရင် မဖတ်စေချင်ပါဘူးရှင့် 04zနှစ်ယောက်ကို baby ver လေး အရမ်း ရေးချင်နေတာမို့ ရေးလိုက်တာပါ 😻