ပြင်းရှရှအချစ်၏ဝိုင်ငယ် Ep 1

3.4K 168 21
                                    

🍷

"အထူးသတင်းအနေနဲ့
တင်ဆက်ပေးချင်တာကတော့
နိုင်ငံကျော် အဆိုတော်ဂျွန်ဂျောင်ကုနဲ့
သရုပ်ဆောင်မင်းသမီးလီနာယောင်းတို့
တွဲနေကြပြီဆိုတဲ့သတင်းပါ
အဆိုပါသတင်းကိုတော့..."

လက်ထဲကိုင်ထားသော
နီနီရဲရဲဝိုင်ခွက်လေးသည်
တစ်ချက်မျှလှုပ်ခါသွားကာ
Tvကိုစူးစိုက်ကြည့်နေသော
မျက်၀န်းအိမ်မှေးကျဉ်းကျဉ်းလေးတွေသည်
အနည်းအငယ်ရီဝေနေကာ
ဖူးကြွကြွနှင်းဆီရောင်နှုတ်ခမ်းလေးသည်
အနည်းအငယ်တွန့်ကွေးသွားသည်

ကြိုသိနေသောဖြစ်ရပ်လေးတွေ
ဝိုင်ခွက်လေးလှုပ်ကာ
စောင့်ကြည့်ရမယ့်သတင်းဆိုတာသိလို့
အခန်းမီးအားလုံးမှိတ်ချလိုက်ကာ
ဝိုင်တစ်ပုလင်းအသင့်ယူရင်း
သေချာ‌စွာစောင့်ကြည့်ခဲ့တာ
ချစ်လှစွာသောအဆိုတော်ကြီးသည်
ဆင်ခြင်တွေပေးဖို့အိမ်ကိုပြန်လာမယ့်အချိန်
ဘေးမှာချထားတဲ့ဝိုင်ပုလင်း‌ထဲကဝိုင်တွေ
ကုန်စင်နေမှဖြစ်မည်
မဟုတ်လျင်အဆိုတော်ကြီးရဲ့မျက်နှာအား
ရင်တွေနာရလွန်း၍
စေ့စေ့တောင်ကြည့်နိုင်မည်မဟုတ်ပါ
မူးနေမှဖြင့်မည်ရီဝေနေမှဖြစ်မည်

ဝုန်းး

"ဂျီမင်း...!"

အိပ်ခန်းတံခါးဆွဲဖွင့်လိုက်သည်နှင့်

အမှောင်ချထားသောအခန်းငယ်လေး..
Tvရဲ့အလင်းရောင်ကလွဲ
အရာအားလုံးသည်မှောင်ပိတ်နေကာ
သတင်းကြော်ငြာသံတစ်ခုကလွဲ
အရာအားလုံးတိတ်ဆိတ်နေလျက်
အခြေနေသည်အဆိုးဘက်မှာဟု
မီးမောင်းထိုးပြနေတဲ့အခါ
ရပ်နေသောခြေထောက်တွေပင်မခိုင်တော့

သိတယ်သိနေလို့လဲအပြေးလာခဲ့တယ်
ရှိသမျှအလုပ်အားလုံးဖျက်ကာ
ပြေးလာပြန်တော့စံအိမ်ကိုအမှောင်ချ
အိပ်ခန်းကိုအမှောင်ချကာ
ကြိုဆိုနေပြန်သည် ရင်တစ်ခုလုံးဟာကနည်း
‌ဖြေရှင်းရမယ့်ခေါင်းစဉ်အားလုံး
ခေါင်းထဲမှာတိတ်တိတ်လေးစီကာ

၀တ်ထားသောအနွေးထည်ခက်ထူထူအား
ဆွဲချွတ်ရင်းမီးခလုတ်အားလုံးကို
ဖွင့်ချလိုက်တော့
ဆိုဖာပေါ်၌ကွေးကွေးလေး
ထိုင်နေသောဟျောင်း
ဝိုင်ခွက်ကလေးအားလှုပ်ခါ၍
လှည့်ကြည့်လာသည်

ပြင်းရှရှအချစ်၏ဝိုင်ငယ်Where stories live. Discover now