ပြင်းရှရှအချစ်၏ဝိုင်ငယ် Ep 2

1.1K 115 8
                                    

🍷

"ဂျီမင်း မောင်အသံသွင်းစရာရှိလို့
သွားတော့မယ် မနက်စာလုပ်ပေးခဲ့တယ်
နိုးရင်စားလိုက်နော်"

မောင်သည်နက်ပြာရောင်တီရှပ်ပေါ်
ဂျင်းအကျီလက်ရှည်ထပ်၀တ်ကာ
ဂုတ်ထောက်နေသောဆံပင်ရှည်တွေအား
ခေါင်းစည်းကြိုးအမဲလေးဖြင့်
ချည်နှောင်ကာဂစ်တာအိတ်လေးလွယ်လျက်
မှန်တင်ခုံရှေ့ ရေမွှေးပုလင်းတစ်ခုအား
ဆွဲယူကာတစ်ကိုယ်လုံးဖြန်းချနေသည်

"ဂျီမင်း နိုးနေတာ မောင်သိတယ်"

ညအိပ်၀တ်စုံချည်၀မ်းဆက်
အဝါကွက်လေးဖြင့်ကုတင်ပေါ်
ကားကားယားယားအိပ်နေပုံသည်
ဟျောင်းရဲ့ပုံသေနည်းတွေ
သူအခန်းထဲ၀င်လာသည်နှင့်
စောင်ပုံထဲတိုး၀င်သွားကာ
မျက်လုံးတွေကိုဇွတ်မှိတ်ထားသည်

"ဂျီမင်း မောင်ပြောနေတာလေ"

ပုခုံး၌လွယ်ထားသောဂစ်တာအိတ်လေးအား
ဘေးချကာ လုံးထွေးအိပ်နေသော
စောင်ပုံကြီးအားဆွဲချတော့
အလုံးလိုက်လေးပါလာပုံသည်
ကလေးလေးတစ်ယောက်လို

"သွားစရာရှိတာနောက်ကျမယ်
သွားတော့ အိပ်ချင်သေးလို့
တံခါးသေချာပိတ်သွားပေး"

ဆွဲချခံလိုက်ရသောစောင်အား
ပြန်ဆွဲကာခေါင်းထိ‌လုံအောင်
ခြုံရင်းစောင်ပုံထဲပြန်တိုး၀င်သွားပြန်သည်

"အင်း သွားမယ်ဒါပေမယ့်
နည်းနည်းနမ်းသွားဦးမယ်"

ခေါင်းထိဆွဲခြုံထားတဲ့စောင်အား
နောက်တစ်ခါဆွဲချကာ
နှုတ်ခမ်းလုံးလုံးလေးအား
အသံထွက်အောင်နမ်းတော့
အိပ်ချင်နေသောမျက်လုံးလေးတွေ
ဖွင့်ကြည့်လာတာ ကြယ်လေးတွေလိုပဲ
မနက်ခင်းမှာလဲ ဂျွန်ဂျီမင်းဟာလှလှလေး

"ဘယ်လိုတွေဖြစ်နေတာ"

"သိပ်လှတာလေး သိပ်ချစ်တာလေး
မောင့်ဂျွန်ဂျီမင်းလေး"

မောင့်ပုံသေနည်းတွေထဲကတစ်ခုပေါ့
ဘာမှမဖြစ်ထားသလို
ဘာမှမ‌ဖြစ်နေသလို
ဘာမှမလုပ်ထားသလို
မောင်ဟာကိစ္စတိုင်းကိုလွယ်လွယ်တွေး
အချိန်တန်ခေါင်းတိုးချွဲတတ်သည်

ပြင်းရှရှအချစ်၏ဝိုင်ငယ်Where stories live. Discover now