ပြင်းရှရှအချစ်၏ဝိုင်ငယ် Ep 5

1.1K 108 51
                                    

🍷

"လီယိုပြန်ရောက်နေတယ်မောင်"

ဒယ်ဒီ့ဆီသွားရမယ်ဟုပြောကာ
မနက်စောစောရေချိုးရန်ပြင်ဆင်နေသော
မောင်သည်မျက်လုံးဝိုင်းတွေဖြင့်
သဘက်လေးခါးမှာပတ်ကာ
လှည့်ကြည့်လာသည်

"ဘယ်လို ဂန်လီယိုပြန်ရောက်နေတာလား"

"အင်း ဒီညသူ့အိမ်မှာပါတီလုပ်ဖို့ရှိတယ်တဲ့
သူပြန်လာတဲ့အထိမ်းအမှတ်နဲ့လုပ်တာတဲ့
ကိုယ့်ကိုမနေ့ကဖုန်းဆက်တယ်
မောင့်ကိုလဲဆက်မယ်ပြောတယ်"

ဂုတ်ထိရှည်ကျနေသော
ဆံနွယ်တွေအားမောင်က
ခေါင်းစည်းကြိုးအမဲလေးဖြင့်
ချည်နှောင်ကာအိပ်ယာပေါ်
ဖြေးဖြေးလေးထိုင်လိုက်သည်

"မောင့်ဆီတော့ဆက်မလာသေးဘူး
ဆက်လာလဲမောင်သွားဖြစ်မယ်မထင်ဘူး"

"ကိုယ်လဲမသွားချင်ဘူးမောင်
ဒါပေမယ့် သူငယ်ချင်းတွေမဟုတ်လား"

သူငယ်ချင်း လီယိုနဲ့မောင်ဟာ
သူငယ်ချင်းတွေဆိုလီနာယောင်းဟာလဲ
မောင့်ရဲ့သူငယ်ချင်းပဲဆိုတာ
မောင်မေ့နေတာလား
တွဲနေကြပါတယ်ဆိုတဲ့သတင်းတွေ
ပွထတဲ့အထိမောင်ဘာကြောင့်များ
ရှေ့ဆက်တိုးရတာလဲ
မောင်ကသူ့ကိုရောနည်းနည်းလေးမှ
ရှင်းပြပြောပြချင်စိတ်မရှိဘူးလား

"မောင်သူနဲ့သူငယ်ချင်းမဟုတ်တော့တာ
ကြာပြီဟျောင်း"

လွန်ခဲ့သောနှစ်အပိုင်းအခြားက
ဖြစ်ပျက်ခဲ့သောအရာတွေကြောင့်
မောင်ဟာလီယို့ကိုနာကျည်းခဲ့သည်
မိန်းကလေးတစ်ယောက်ပေါ်
အနိုင်ကျင့်ခြင်းဆိုတဲ့ခေါင်းစဉ်သည်
သူငယ်ချင်း၃ယောက်အား
ဖြိုခွဲလိုက်သောဓားတစ်လတ်
ဘယ်ကစမှားခဲ့လဲဆိုရင်အဲ့ကစမှားခဲ့တာ

"မောင်သွားစရာရှိတယ်မလား
သွားတော့လေ ကိုယ်လဲစာရေးတော့မယ်
ပြန်မအိပ်ချင်တော့ဘူး"

ခန္ဒာကိုယ်ပေါ်လွှားထားသော
စောင်‌အား‌ဖယ်ကာ ထသွားဖို့ပြင်တော့
လက်တစ်ဖက်ကိုလက်ဆွဲလာတဲ့
မောင့်‌လက်တွေ

ပြင်းရှရှအချစ်၏ဝိုင်ငယ်Where stories live. Discover now