ပြင်းရှရှအချစ်၏ဝိုင်ငယ် Ep 7

1.5K 109 13
                                    

🍷

"နမ်ဂျွန်ဟျောင်း..."

"ဂျောင်ကု ဘာလို့ဟျောင်းကို
ဖုန်းမဆက်တာလဲ
သတင်းတွေထွက်လာရင်
ဘယ်လိုလုပ်မလဲ တကယ်ပါပဲ
ဂျီမင်းရော ဘယ်လိုနေလဲ"

"စမ်းသပ်နေတုန်းပဲ"

မောင်အရူးမီးဝိုင်းနေပါသည်
ပါတီကအ၀တ်အစားတောင်
မလဲရသေး နှာခေါင်းစည်းလေးတောင်
တပ်မလာနိုင် ဝိုင်တွေတစ်ကိုယ်လုံး
ပေကျံလျက်ဆေးရုံကိုဂျီမင်းအားပွေ့ချီကာ
မောင်ပြေးလာချိန် ဆရာ၀န်တွေရော
သူနာပြုတွေရောထိတ်လန့်ခဲ့ပေမယ့်
ဘယ်သူမှတော့‌မမေးရဲခဲ့ကြ

"စိတ်မပူပါနဲ့ အဆင်ပြေမှာပါ"

မန်နေဂျာဖြစ်ရတာ
လွယ်လားမေးရင်မလွယ်ဘူး
ကလေးဘ၀ထဲကဒီအဆိုတော်လေးနောက်
တစ်ကောက်ကောက်လိုက်ပြီး
ကိစ္စတိုင်းကိုဖြေရှင်းပေးခဲ့တာ
ဂျီမင်းကိုလဲငယ်ငယ်လေးထဲက
ဂျောင်ကုနဲ့အတူကြီးပြင်းခဲ့တဲ့ကလေးမို့
နမ်ဂျွန်းသိပ်သံယောဇဉ်ရှိပါသည်

ဖုန်းကိုအမြန်ထုတ်ကာ
သတင်းကြည့်လိုက်ချိန်
ဂျွန်ဂျောင်ကုရဲ့ပတ်ခ်ဂျီမင်းကို
ပွေ့ချီလာသောပုံတွေဟာမနည်းမနော
ဂျောင်ကုမဟုတ်ပါဘူးလို့
ငြင်းမရတော့အောင်ရှင်းလင်းနေတဲ့
ဓာတ်ပုံတွေကြောင့်
ဆေးရုံအရေးပေါ်အခန်းရဲ့
ကော်ရစ်တာတစ်လျှောက်
အော်သာပြေးချင်တော့သည်

"ဒုက္ခပါပဲကွာ"

ကင်မ်နမ်ဂျွန်းသည်
ဆေးရုံကော်ရစ်တာ‌တစ်လျှောက်
ဆက်တိုက်လာနေတဲ့ဖုန်းတွေနဲ့
သတင်းတွေကိုဖုံးဖိနေရကာ
ရှေ့လျှောက်နောက်လျှောက်
မောင်ကတော့ဂျီမင်းကိုဆရာ၀န်တွေ
ကုသပေးနေချိန်မို့ခုံတန်းလျားလေးမှာ
ငြိမ်ငြိမ်လေးထိုင်စောင့်ရင်း
မျက်ရည်တွေကျနေခဲ့သည်

"ပတ်ခ်ဂျီမင်းရဲ့လူနာရှင်လားမသိဘူး"

‌အရေးပေါ်အခန်းထဲက
ဂျုတီကုဒ်လေးနဲ့စာရွက်တစ်ချို့ကိုင်ကာ
ဆရာ၀န်လေးထွက်လာတော့
ဖုန်းကိုပိတ်ကာဆရာ၀န်လေးဆီပြေးရပြန်သည် မောင်ကတော့ထူပူနေကာ
မက်တပ်တောင်မနည်းရပ်နေရတဲ့ပုံ

You've reached the end of published parts.

⏰ Last updated: Jan 24 ⏰

Add this story to your Library to get notified about new parts!

ပြင်းရှရှအချစ်၏ဝိုင်ငယ်Where stories live. Discover now