အပြင်မှာ မိုးတွေရွာနေတယ် ဂယူဘင်း လက်ထဲမှာ စီးကရက် တစ်လိပ်ကို ကိုင်ထားတယ် ဝရန်တာကနေ သဲကြီးမဲကြီးရွာ နေတဲ့မိုးတွေကို ငေးကြည့်နေမိတယ်
"မင်းအဆင်ပြေနေပါ့မလား မိုးချိန်းသံတွေကြောက်တယ်မလား ဖက်ထားပေးမယ့်လူရှိပါ့မလား"
ဂယူဘင်း သူ့ကိုစိတ်ပူမိတယ် ဘယ်လောက်ပဲ ထားခဲ့ခံကပါစေ သူအမှတ်သည်းခြေ မရှိနိုင်ခဲ့ဘူး အဲ့ကလေးကိုမှ စွဲလန်းနေမိတာလဲ ဝဋ်ကြွေးပဲ
အဲ့ကလေးအခုဘယ်မှာများ ရှိနေမလဲ သူ့လို စိတ်ရောဂါကုဆရာဝန်တစ်ယောက်ကို စိတ်ရောဂါရအောင်လုပ်ရက်နိုင်ခဲ့သူလေး ရက်စက်လွန်းလှတဲ့ လူသားလေး သူ့ကိုထားသွားပြီး ပျော်နေမလား ဒါတွေ အကုန်လုံး လွန်ခဲ့တဲ့လေးနှစ်က စတင်တယ်
လွန်ခဲ့သော လေးနှစ်
Korea National Hospital
စိတ်ရောဂါကု ဒေါက်တာကင်မ်ဂယူဘင်းဆို မသိတဲ့လူမရှိသလောက်ပဲ ချောလွန်းတဲ့ visual ကြောင့်ပဲလား တော်လွန်းတဲ့အရည်အချင်းကြောင့်ပဲလား ဂယူဘင်းက နာမည်ကြီးသင့်တာထက် နာမည်ပိုကြီးတယ်
"ဒေါက်တာ ဒီနေ့ လူနာအသစ်လာမဲ့နေ့နော်"
"အော် ဟို ဟန်မျိုးရိုး လား"
"ဟုတ်"
"ဘယ်အချိန် ချိန်းထားလဲ"
"10 နာရီကိုချိန်းထားပါတယ်"
"ကောင်းပါတယ် ရောက်လာရင် အခန်းထဲပဲလွှတ်လိုက်ပါ လော"ဆယ်တော့ လူနာမရှိဘူးမလား"
"ဟုတ် မရှိပါဘူး"
"အဲ့တာဆို ကျတော် အခန်းထဲမှာပဲရှိနေမယ်"
"ဟုတ်ကဲ့"
ဂယူဘင်း အခန်းထဲရောက်တော့ ခနနေရောက်လာတော့မယ့် လူနာရဲ့ ဖိုင်ကိုပြန်ကြည့်နေတယ်
"ဟန်ယူဂျင်း 17 နှစ် ငယ်သေးတာပဲ ကလေးက ဘယ်လိုစိတ်ဒဏ်ရာတွေများရနေတာလဲ"
ဂယူဘင်းတွေးမိသလို စိတ်လဲပူမိတယ် သူ့ညီလေးနဲ့ အသက်တူနေပေမယ့် သူ့ညီလေးက ပျော်"ရွှင်"ရှိနေပြီး ဒီကလေးက ဘယ်လိုဝေဒနာတွေများခံစားနေရတာပါလိမ့် ဒီအရွယ်လေးက စိတ်ရောဂါရတယ်ဆိုတာ မိဘတွေကြောင့် မဟုတ်ရင် ကျောင်းကပြဿနာတွေကြောင့်ပဲနေမှာ