1999 ခုနှစ် ဟန်းဂုတက္ကသိုလ် စက်မှုအင်ဂျင်နီယာမေဂျာကျောင်းသားသစ်ကြိုဆိုပွဲ
"ဂယူဘင်း မင်းလာခဲ့မှာမလား"
"တော်ပါကွာ ငါ အဲ့လိုပွဲတွေသွားရတာမကြိုက်မှန်းသိရဲ့သားနဲ့"
"မင်းမလာလို့မရဘူးလေ မင်းကစီနီယာ ဂျူနီယာတွေကို ကြိုဆိုရမှာပေါ့"
"စဉ်းစားကြည့်ပေးပါမယ်"
"လာခဲ့နော်"
သူငယ်ချင်းဖြစ်သူထွက်သွားတာနဲ့ ဂယူဘင်း သက်ပြင်းချမိတယ် သူအဲ့လိုပွဲတွေကို အရမ်းမုန်းပါသည်
အတန်းထဲရောက်တာနဲ့ ဆရာလဲမလာသေးလို့ Mp3 စက်နဲ့သီချင်းပဲနားထောင်နေလိုက်တယ်
"ဂယူဘင်း"
"လန့်တာကွာ ဖြေးဖြေးခေါ်ပါဟ"
"ဆောတီး ဆောတီး"
"အပြင်မှာ မင်းကို လူတစ်ယောက်တွေ့ချင်လို့တဲ့"
"ဘယ်သူလဲ"
"ငါလဲမသိဘူးလေ ကောင်မလေးပဲ ဘာလဲမင်းရည်းစားရနေပြီလား"
အဲ့စကားအဆုံး တစ်ခန်းလုံး မျက်လုံးတွေက ဂယူဘင်းထံသို့
"တော်စမ်းပါ ငါအဲ့လိုတွေစိတ်မဝင်စားတာသိရဲ့သားနဲ့"
"ကဲပါ အရင်သွားတွေ့စမ်းပါ"
ဂယူဘင်းထွက်လာတော့ ဘယ်သူမှမဟုတ် ကိုရီးယားမေဂျာက သူ့ကိုဖွင့်ပြောထားတဲ့ ဂျူနီယာလေး
"ဘာကိစ္စရှိလို့လဲ"
"အကို့ကို တွေ့ချင်လို့လာတာလေ"
"ငါမအားဘူး ပြီးတော့ ငါမင်းကိုမကြိုက်ဘူးလို့ ငြင်းထားတယ်လေ"
"မရဘူး ညီမက လက်မလျှော့နိုင်ဘူး"
"ငါ့ကိုဆက်မနှောင့်ယှက်နဲ့တော့"
မျက်နှာချောချောလေးပိုင်ဆိုင်ထားတာမလို့ ရည်းစားစကားအပြောခံရတဲ့ကိစ္စတွေက ဂယူဘင်း အတွက် အဆန်းမဟုတ်
"ဟေ့ ဟေ့ ဂင်ယောင်း "
"အင်း အွန်း ဘာလဲ"
အတန်းချိန်ကြီး အိပ်ချင်မူးတူးနဲ့ ယောင်နေတဲ့ သူငယ်ချင်းဖြစ်သူကို ဂယူဘင်း စိတ်ပျက်မိပါတယ်
![](https://img.wattpad.com/cover/338248611-288-k233505.jpg)