"အားလုံးကို ကျေးဇူးတင်ပါတယ်ဗျ"
စကားအဆုံးအားလုံးလက်ခုပ်တီးကြတယ် ZBar တကနေ ဒီလိုအသံမျိုးက ညတိုင်းလိုလိုကြားနေကျပဲ
"ဒီတစ်ခါလည်း မင်းနဲ့တွေ့ဖို့ လာချိန်းတဲ့လူရှိတယ် ယူဂျင်း"
"တော်ပါ ရီခီဟျောင်းရာ သူတို့နဲ့တွေ့ပြီးဘာလုပ်ရမှာလဲ"
ယူဂျင်း ကော့တေး တစ်ခွက်ကို မော့ချရင်း ရီခီ့ကို စကားပြန်လိုက်တယ် ယူဂျင်းက ရီခီပိုင်တဲ့ ZBar မှာ ညတိုင်းသီချင်းလာဆိုနေကြ
အဲ့လိုဆိုတိုင်း ငွေလိုလို့ဆိုတယ်မထင်နဲ့နော် အပျော်ဆိုတာ ဟန်ယူဂျင်းဆိုတာ ငွေကိုရေလိုသုံးနိုင်တဲ့မိသားစုကနေဆင်းသက်လာတာ
"ဟုတ်ပါပြီ မင်းငြင်းမှာကြိုသိလို့ ငါရှေ့ကနေငြင်းထားပေးတယ်"
"ဟျောင်းပဲ ကျတော့်ကိုနားလည်တယ် Cheer"
"Cheer"
အဲ့ချိန်မှာ ယူဂျင်းတို့နားကို လူတစ်ယောက်ရောက်လာတယ်
"ကော့တေးတစ်ခွက်လောက်"
"အိုကေ ရစေရမယ်"
ရီခီက ကော့တေးဖျော်နေတုန်း ယူဂျင်း အဲ့လူကိုသေချာကြည့်နေမိတယ် side profile က တစ်ကယ်အချောပဲ
*ချောသားပဲ*
ယူဂျင်း စိတ်ထဲက တီးတိုးသံ
"One ကော့တေး ရပါပြီ"
"Thanks"
"No need"
အဲ့လူနဲ့ ရီခီဟျောင်းရဲ့ စကားဝိုင်းမှာ ပါဝင်မနေသူကယူဂျင်း
"ယူဂျင်း ခနနေ ထယ်ရယ်ဟျောင်းလာလိမ့်မယ် ဟျောင်းသွားစရာရှိလို့ Bar ကိုတစ်ချက်ကြည့်ထားပေးပါဦး"
"အွန်း ဂရုစိုက်သွား"
ရီခီ ကသွားခါနီး ယူဂျင်းနဲ့ High five လုပ်ပေးသွားသေးတယ် ယူဂျင်းအတွက်တော့အဆန်းမဟုတ် ရီခီထွက်သွားတော့ ယူဂျင်း နဲ့ ဟိုလူပဲ ကျန်ခဲ့တယ် ယူဂျင်းလဲ မြန်"သောက်ပြီး ထရတော့မယ်လေ သူအရက်ဖျော်ဆရာလုပ်ရတော့မယ်မလား
"အသံလေးက လှတယ်နော်"
ယူဂျင်း ထခါနီး အဲ့လူဆီက စကားသံကြားလိုက်တာမလို့ ပြန်ထိုင်လိုက်တယ်