Zawgyi _
_____
|| ရှောင်အိမ်တော် ရဲ့ လူပျိုသိုး ||
Ep-3
{ စာလုံးပေါင်း မစစ်ထားပါ }
.......
" ရှောင်ကျန့်!!"
" ဘာလဲ!"
" ဖြေးဖြေးသာသာ ထူးပါဟ!"
" မသိဘူး ဟာ ။ ငါ့ကျဲက တစ်ကယ်ကြီး လုပ်ရက်တာ ။ ငါ ကို ယောကျာ်း ပေးမယ်တယ့် မင်းပြော ကျန်းချန် ကြားလို့ကောင်းသေးရဲ့လား? "
ရှောင်ကျန့် အနေနှင့် ယခုချိန်တွင် သူဘဝရဲ့အမှန်တရားအတွက် ကျဲကို တိုက်ခိုက်ချင်စိတ်တွေ တစ်ကိုယ်လုံးပြန့်နှံနေသည်။
သူတစ်ကယ်ကြီး သူကျဲကို မလွန်ဆန်ရဲသော်လည်းပေါ့.....
" မင်းက ချစ်သူရည်းစားတောင် မထားဖူးပဲ ဒီတစ်သက် ကလေးတွေ မင်းကိုခေါ်သလို လူပျိုသိုးအဖြစ် ဇတ်သိမ်းရမှာထက်စာ မင်းကျဲ အခုလိုစီစဉ်ပေးတာ ပို ကောင်းတယ်မလာ!?"
ကျန်းချန် ရှောင်ကျန့် ပုခုံးကို နှစ်သိမ့်ဟန်ဖြင့်ပုတ်ပေးပြီး စိတ်ထဲ၌ အလွန်ကိုပျော်ရွင်စွာ တိုက်တွန်းတော့သည်။
" ယီး ကောင်း!! ။ မင်းငါကိုကူသလိုနဲ့ လာနိမ်နေတာမလား?"
ရှောင်ကျန့် ကျန်းချန် အား မကျေမနပ် မျက်စောင်းကြီးကြီး ထိုး၍ ပြောလိုက်သည်။
" ဟ မဟုတ်ပါဘူး ။ ငါပြောမယ် မင်းတစ်သက်လုံး တစ်ယောက်ထဲ အရိုးမထုတ်စေချင်လို့ ငါကစေတနာအစစ်အမှန်နဲ့ ပြောတာပါကွာ"
*ငါလည်း ဝ၌ကျွတ်တာပေါ့ * ကိုတော့ ကျန်းချန် စိတ်ထဲနှင့်သာ ပြောလိုက်သည်
ကျန်းချန် ရှောင်ကျန့်ရဲ့ မျက်စောင်းကြီးကြီး ကြီးကြောင့် ကြောက်ဟန်ဆောင်ကာ သူတော်ကောင်းဟန်အပြည့်ဖြင့်ပြောလိုက်သည်။
" ငါတစ်ယောက်ထဲအရိုးမထုတ်စေချင်ဘူး ဆို မင်းလည်း ယောကျာ်း ယူ!!"
ရှောင်ကျန့် မျက်နှာအတွေးလေးတစ်ခုဖြင့် ပြုံးရွင်လာပြီး ကျန်းချန်အား လူယုတ်မာအပြုံးသေးလေးဖြင့် ပြောလေသည်။