Zawgyi _
______
|| ရှောင်အိမ်တော် ရဲ့ လူပျိုသိုး ||
Ep-4
{ စာလုံးပေါင်း မစစ်ထားပါ ။ }
--------------
" ဘယ်သွားမလို့လဲ? အဲ့တာ "
လက်ထဲ၌ ဓားကို ကိုင်ထားပြီး မေးလာသူပါလေ ။
ရှောင်ကျန့် သူ့ကျဲပုံကိုကြည့်ပြီး တံတွေးတောင် မြိုချမိသည်။
ကြမ်းတော့မှာလား ကျဲရယ်....အဟင့်..ဟင့်..
ယန်လီတစ်ယောက်ကတော့ ရှောင်ကျန့်ရဲ့ ရင်တွင်းပူပန်မူကို မသိပေ။ မသိဆို ဒီည သူချစ်လင် ပြန်လာမှာမို့ သူယောက်ျားကြိုက်တယ့် ကြက်မွကြော် အစပ် ဟင်းလေး ချက်နေရသည်မလား? ။ သူမှာ ချက်စရာတွေ များလွန်းလို့ ဓားတောင်လက်ထဲကမချနိုင် ။ ဟိုအရွက် လှီး ၊ ဟိုအသားလှီး လုပ်နေရတာပင် ။ လုပ်စရာတွေ များပါတယ်ဆို သူ့မောင်တော် ကလေးမဟုတ် ၊ လူကြီးမဟုတ်တယ့် ကလေးကြီးကြီးက လမ်းသလားဖို့ပြင်နေသည်လေ ။
သူမေးရတာပေါ့ !
"ဟို...ဒီ လမ်းထိပ် ခဏသွားမို့"
ရှောင်ကျန့် ယန်လီကို မဝံမရဲလေးကြည့်ကာ ပြောလိုက်သည်။
" ဒီလမ်းထိပ် ဆိုပြီး ဟိုဘတ်လမ်းထိပ် ရောက်သွားရင်တော့.... ဟင်းဟင်း "
ယန်လီ လက်ထဲက ဓားကို မြောက်ပြလိုက်သည်။
"သိပါတယ် ကျဲကလည်း "
ဆိုကာ ရှောင်ကျန့် စူပုတ်ကာပြောလိုက်သည်။
......" ကိုကြီး ရှောင် လာပြီးလား? "
ကလေးတစ်သိုက်သည် ရှောင်ကျန့် တစ်ယောက် ခလုတ်တိုက်မတတ်ပြေးလာကို မြင်၍ နုတ်ဆက်လိုက်သည်။
" လာပြီပေါ့ကွ!"
ရှောင်ကျန့် ဝတ်ထားတယ့် ဘောင်းဘီ ရှည်ကို မထော်မနန်း ခေါက်ရင်း ပြောလိုက်သည်။
" ကိုကြီးရှောင် မလာတော့ဘူး ထင်ပြီး သားတို့က ပွဲစတော့မို့!ဗျ! "
ခေါင်းတုံးလေးနဲ့ကလေးသည် ရှောင်ကျန့်အား စိတ်မရှည် ဟန်လေးဖြင့်ပြောလေသည်။