Zawgyi_
______
|| ရှောင်အိမ်တော် ရဲ့ လူပျိုသိုး ||
Ep- 6
{ စာလုံးပေါင်းမစစ်ထားပါ }
______
" ကျဲ..ကျဲ "
" ပါစပ်ပိတ်ထား!!"
ယန်လီ သူ့အား ဇီးရွက်လောက်မျက်နှာလေးနှင့် အသနားခံနေပုံဖြင့် ကြည့်နေသော သူ့မောင်ငယ်အား စူးစိုက်ကြည့်လိုက်ပြီး အံကြိတ်လိုက်သည်။
သူမ( ယန်လီ) သည် သူမိန်းကလေးဖြစ်တာကို ဂရုမထားပဲ ယောက်ျား လေးသန့်စင်ခန်းထဲ ဝင်သွားသော မထော်မနန်းပုံစံ၊အမူအရာတွေနဲ့ ဖြစ်နေသော သူတစ်ယောက်သောမောင်နဲ့ သူရဲ့လမ်းပြဧည့်သည်လေးအား တွေ့ရမည် မထင်ထားပေ။
၎င်းတို့ရဲ့အနေအထားသည် တစ်ကယ် တစ်မျိုးတစ်ဖုံ ထူးဆန်းလွန်းသည်။
ဘောင်းဘီ အပြည့်မဝတ်ထားသော လူငယ်လေးနှင့် ထိုလူငယ်လေး၏ ပေါင်ကြားထဲငုတ်တုတ် ရောက်နေသော သူမောင်ငယ် အမလေးလေး!
ယန်လီ သူခေါင်းအားသူဖိကိုင်ထားမိသည်။ ဘယ်လိုတောင်.......
သူမှာ ပြောစရာစကားတောင် မဲ့သွားခဲ့လေသည်။
...
ရှောင်ကျန့် သူ့ကျဲ ပုံစံကြောင့် ဘေးရှိ ၏ ပြသာနာ သည် သူနှင့်လုံးဝသက်ဆိုင်ခြင်း မရှိသလို နေနေသည့် အရူပ်ကောင်ဆီအား သူဒေါသအကြည့်များ ဖြင့် စူးစူးစိုက်နှင့်အမဲဖတ်ချင်နေသလို ကြည့်လိုက်သည်။
အကုန်လုံး ဒီငရူပ်ကောင်ကြောင့်......
သူပုန်းပြီ ကျဲအိမ်မရောက်ခင် သူဦးအောင်ရောက်သွားရင် ဒီပြသာနာက ရှိကိုလာမည်မဟုတ်ချေ။
ဒီ ကလေး ဝင်ရူပ်လို့!!!! ။ လူကြည့်တော့ သူ့ထက်ငယ်တာတောင် သူကိုနည်းနည်းမှလေးစားမူမရှိပေ။ ချီးထုတ်!!!
[ a/n- တော်က လေးစားချင်စရာကြီးကို ဆရာရှောင်ရယ် ]
ရှောင်ကျန့်တစ်ယောက်ကတော့ သူ့အပြစ်ကိုသူများအပြစ်လုပ်ကာ သူကိုသူမှန်ကန်သူအဖြစ်တွေးကာ ဝမ်ရိပေါ် သူ့အမြင်မှာ အဆိုးဘတ်သို့ 180 မူတည်သွားလေသည်။