PT.1 ( This Is Aung Cham Tar)

481 12 9
                                    


[UNICODE]

"သုတ~~"

အကျယ်ကြီးအော်ခေါ်ပြီးပြေးလာသည်မှာ နွားသိုးကြီးတစ်ကောင် ဖင်ထဲငရုပ်သီးဝင်သွားလို့ထပြေးလာသည့်အတိုင်းပင်။

"ကိုကို ခင်ဗျားအောက်ကြည့်ပြေးအုံး ရှေ့မှာ.."

ဘုန်း!
ကျောက်ခဲကြီးလို့ဆက်ပြောမို့တောင် စကားမဆုံးလိုက်ချေ။

"အ! အောင်မယ်လေး သေပါပြီကွာ ! ဟ ခွေးချီးတွေရောပေကုန်ပြီ အားးးးး"

"ဟိတ် ကိုကို ကိုကိုရေ ! ကိုကိုဘာဖြစ်သွားသေးလဲဟင် ဘယ်နားနာသွားသေးလဲ ဟင် ဟင်"

လဲကျသွားတဲ့သူ့ဆီကို‌ပြေးလာရင်းပါးစပ်ကလည်းပွစိပွစိရွတ်နေတဲ့သူ့ရဲ့မြတ်နိုးရာလေးသုတ။သုတကိုမြင်မှငိုချင်သွားသည်။

"အီးးးဟီးး သုတ‌ေလးရေ့ ကို့ကိုကြည့်ပါအုံး ဗြဲ~~"

"ကိုကို လူတွေအများကြီးနဲ့ကိုဘာလို့ငိုနေတာလဲ မရှက်ဘူးလား ကိုကိုထတော့ လာ ရေသွားဆေးမယ်"

"သုတ~အင့်..ရွှတ်..ခွေးချီးတွေပေကုန်ပြီလို့လက်မှာ ခွေးချီးတွေလို့ အီးး"

ကိုကိုပြောမှလက်ကိုကြည့်မိသည်။ဟုတ်ပ သူလဲကျတုန်းကလက်ထောက်လိုက်တဲ့နေရာမှာခွေးချီးပုံရှိတယ်ထင်တယ်။ကိုကို့လက်မှာ ခွေးချီးတွေ အဟိ😂

"အဟိ"
စိတ်ထဲမှာကြိတ်ရယ်နေတာကိုအပြင်မှာပါအသံထွက်သွားမိသည်။

"သုတ! ကို့ကိုရီနေတာလား သုတက"

"အယ်..မဟုတ်ပါဘူး။ လာ လာ အိမ်ပြန်ပို့ပေးမယ် သွားမယ် လာ"

ဒီလိုနဲ့ပဲ သုတတစ်ယောက် သူ့ရဲ့‌ခွေးချီးပေရည်းစားလေးကိုအိမ်ပြန်ပို့လိုက်ရပါတော့သည်။

~~×~~

"ကြားလို့မှကောင်းကြသေးရဲ့လားကွာ ဟမ် ကြီးကောင်ကြီးမားနဲ့မှောက်လျက်လဲပြီးခွေးချီးပုံလက်ထောက်မိတယ်လို့ တောက်စ်! "

"ဟုတ်ပရှင် ဒီလောက်လူတွေအများကြီးရှိတဲ့ ပန်းခြံမှာမှဖြစ်ရတယ်လို့။ ဒီရပ်ကွက်အကြောင်းလည်းမသိတာမဟုတ်ဘူး ။ အတင်းအဖျင်းပြောတဲ့နေရာမှာဆိုပထမ။ ချီးတစ်တုံးပါရင်တောင် သူတို့ပါးစပ်ထဲကစကားထွက်လာရင် သုံးတုံးလောက်ဖြစ်သွားရော"

MY OWN TREASURE ✨Where stories live. Discover now