PT.2 (First Meet)

83 10 5
                                    

UNICODE]

ကျွန်တော့်နာမည်အောင်ချမ်းသာ။အသက်က 20 ။ စီးပွားရေးတက္ကသိုလ်တစ်ခုလုံးရဲ့ King ဖြစ်ခဲ့တယ်။ ရုပ်ချော၊သဘောကောင်း၊အပြောကောင်း၊ရေလျှံ၊လေမှန်ဆိုတာ ကျွန်တော့်ကိုပြောတဲ့စကားစုဘဲ။

စာမရတာကလွဲရင် ကျန်တာအကုန်ရတယ်။ ဆယ်တန်းအောင်ပြီးစီးပွားရေးတက္ကသိုလ်ဝင်ခွင့်ရရင် လိုချင်တာဝယ်ပေးမယ်ဆိုတဲ့ အဖေ့စကားကြောင့်သာကျွန်တော်ဆယ်တန်းအောင်ခဲ့တာ ။

တကယ်ဆိုဆယ်တန်းမအောင်လည်းဘဝမပျက်ပါဘူး။မိဘတွေကချမ်းသာတယ်။သူတို့ဥစ္စာတွေက ကျွန်တော်‌တို့မောင်နှမ တစ်သက်စားလို့မကုန်နိုင်ဘူး။

ဒါပေမဲ့ကျွန်တော်တို့မောင်နှမက ကိုယ့်လုပ်စာကိုယ်စားချင်ကြတာ။မိဘလုပ်စာကိုမမက်မောက်မော ကြဘူး။ဒါပေမဲ့ မိဘတွေကတော့ ရှာလိုက်ကြတာဆိုတာ  မပြီးနိုင်မစီးနိုင်ပါဘဲ။

ကဲ..ထားပါတော့။ကျွန်တော့်အကြောင်းဘဲဆက်ပြောကြမယ် ။ ကျွန်တော်ကနည်းနည်းတော့ အူကြောင်ကြောင်နိုင်တယ်။အလုပ်လုပ်ရင်တလွဲဖြစ်တတ်တာကိုပြောတာနော်။စကားပြောရင်တော့ ဘယ်သူမှလိုက်မမှီနိုင်အောင်ကိုပြောတတ်တာ။

ရုပ်ရည်အသွင်အပြင်ကတော့ ပြစ်ချက်ကိုမရှိတာ။ အရပ်ကရှည်ရှည် အသားကဖြူဖြူ မျက်နှာဆိုရင်လည်း အဖုအထစ်မရှိဘဲ တရုတ်မင်းသားတွေလိုချောမောနေတာမျိုး  အဲလဲ့။

Bodyကတော့ အရမ်းမတောင့်ပေမယ့် သာမန်ယောက်ျားလေးတစ်ယောက်ရှိသင့်ရှိထိုက်တဲ့ ပုံစံမျိုးပေါ့။အရမ်းလည်းမတောင့် အရမ်းလည်းမသွယ်ဘူး။

ကျောင်းမှာဆိုရင်တော့ကျွန်တော်ကceleဘဲ။ကောင်မလေးတွေက သဲသဲလှုပ်။ သူတို့ကကျွန်တော့်ကိုရည်းစားစကားပြောတိုင်းကျွန်တော်ကပြန်တွဲပေးတယ်။ကျွန်တော်ကိုယ်တိုင် စပြောဖူးတာဆိုလို့ သုတတစ်ယောက်ဘဲရှိတယ်။ဒါပေမဲ့ လူအများအမြင်မှာတော့ ကျွန်တော်က play boy ကြီးပေါ့လေ။

ကျွန်တော့်ကိုရုပ်ရည်ကြောင့်ကြိုက်တဲ့လူတွေလည်းရှိပေမယ့် ကျွန်တော့မိဘတွေကြောင့်ကြိုက်ချင်ယောင်ဆောင်တဲ့သူတွေလည်းရှိတယ်။ငွေမက်တဲ့ဟာတွေပေါ့။

MY OWN TREASURE ✨Where stories live. Discover now