[UNICODE]Flash Back...
"သော်သော် သုတကဘယ်မှာနေတာလဲ"
"သုတလား။ တောင်ဒဂုံမှာလေ"
"ဟမ်! သူကမြောက်ဒဂုံကမဟုတ်ဘူးလား"
"တောင်ဒဂံုကပါဆိုနေ"
"အာ့ဆိုဘာလို့မြောက်ဒဂုံမှာသင်တန်းလာတက်တာလဲ"
"ဘယ်သိမတုန်းဟ"
"နင်နဲ့ခင်တာကြာပြီလား"
"သင်တန်းစတက်တုန်းက"
"သူ့အသက်ဘယ်လောက်လဲ"
"ဟင်းးး ဒီမှာအိုပါး တစ်ခုပြီးတစ်ခုမေးနေတော့တာဘဲ ဇာတ်လမ်းကြည့်တာဖီးလ်ပျက်တယ်"
"ဟဲ့ နင်ကလည်း သိချင်လို့မေးတာပေါ့ဟ တကတည်း~~ဒါလေးပြောဖို့ကပ်နေလိုက်တာ"
"ဘာလို့အဲ့လောက်တောင်သိချင်နေရတာလဲ။ ကြိုက်နေတာလား"
"အဟွတ်! အဟွတ်! "
အဲ့ဒီသေနာမလေးကတော့ အကုန်လုံးကိုသိနေတော့တာဘဲ"အဲ..အဲ..ချောင်းတွေဘာတွေတောင်ထဆိုးနေပါလား။ ကိုကိုပြောတော့ ဘယ်တော့မှပြန်မကွေးတော့ဘူးဆို။သူတစ်ယောက်တည်းနဲ့တင်ကောင်းကောင်းသိသွားပါပြီဆို"
ဟုတ်ပါသည်။ပထမတစ်ခါအသဲကွဲခဲ့တည်းက သူအဲ့လိုပြောခဲ့ပါသည်။ သုတကိုမတွေ့ခင်ထိပေါ့။
"တော်ပါဟာ။ နင်မပြောလည်းငါ့ဟာငါ သူ့အကြောင်းစုံစမ်းမယ်။ အဲ့တုန်းကအေကြာင်းတွေတော့ပြန်မပြောနဲ့"
သော်သော်လည်းပြောမိပြီးမှနောင်တရသွားသည်။ ကိုကိုက အဲ့တုန်းကကိစ္စနဲ့ပတ်သက်ရင် အရမ်းsensitiveဖြစ်လွန်းသည်။သူ့ရဲ့အချစ်ဦးနဲ့ပတ်သက်ပြီး သူတော်တော်လေးခံစားခဲ့ရတာ။
"ဆောရီးပါ သော်မေ့သွားလို့။ ဒီပါးစပ်ကလည်း အဲ့ကောင်အကြောင်း ထွက်လည်းထွက်နိုင်သေးတယ်"
သော်သော်က သူ့ပါးစပ်သူ လက်နဲ့ပွတ်ပြီး ပြောနေသည်။
"ဘာမှမဖြစ်ပါဘူးဟာ ငါသွားအိပ်တော့မယ်။ နင်လည်းစောစောအိပ်"
"အင်း"
အင်း လို့ပြောလိုက်ပေမယ့် သော်သော် စောစောအိပ်မပျော်ခဲ့ပါ။ မအိပ်ခဲ့တာဆိုရင် ပိုမှန်ပါလိမ့်မည်။ အဲ့နေ့က..အဲ့နေ့ကဖြစ်ရပ်တွေကိုပြန်တွေးမိရင်းစိတ်ထဲမှာ တနုံ့နုံ့နဲ့ဒေါသများရပါသည်။