"လီဆာ!!!!! လာလီဆာ!!!!!လာလီဆာမာနိုဘန်!!!!"
"ဟဲ့ရေ!!! လာပြီ လာပြီ !!!ဘယ်လိုဖြစ်ပြီးဒီလောက်အော်နေရတာတုန်း"
အိမ်ရှေ့ကနေ ၇အိမ်ကြား ၈အိမ်ကြား အော်နေတဲ့ ချယ်ယောင်းကို လီဆာ အိမ်ထဲကနေပဲ ပြန်အော်ရင်း နာရီကိုကြည့်လိုက်တော့ ၈နာရီပင်မခွဲသေး....
ကျောင်းတက်ချိန်လည်း မရောက်သေးပါဘူး ... အရပ်ရှည်သလောက် စိတ်မရှည်တဲ့ အာပြဲစိန်....ဘာကိစ္စနဲ့ အဲ့လောက်အော်နေတာမှန်းမသိဘူး
လီဆာ မနက်စာ ပေါင်မုန့်နဲ့ နွားနို့စားနေရင်း ချယ်ယောင်း အော်သံကြောင့် လည်ချောင်းတောင် နင်သွားတယ်။"မေမေရေ...သမီးသွားပြီနော်"
"မုန့်ကို ကုန်အောင်စားသွားဦးလေ...ဪ ဒီကလေးမနှယ်... နေဦး နေဦး မေမေ ချယ်ယောင်းကြိုက်တဲ့ ပေါင်မုန့်ကြက်ဥကြော် ကြော်ပေးထားတယ် ဘူးလေးနဲ့ ထည့်ပေးလိုက်မယ်"
လီဆာမေမေနဲ့ ချယ်ယောင်းမေမေတို့က သူငယ်ချင်းတွေဆိုတော့ ၂အိမ်က လီဆာတို့မွေးကတည်းက အမြဲ ကူးသန်းသွာလာနေကြတာ။ ဒါကြောင့် ချယ်ယောင်းအကြိုက်တွေကိုဆိုလည်း မေမေက သိပြီးသား။
ပြီးရင် လူကြီးတွေနဲ့ဆို လိမ်မာယဉ်ကျေးပြီး တည်တည်ငြိမ်ငြိမ်လေးမို့တဲ့ လီဆာ့မေမေက ချယ်ယောင်းကိုဆို အသည်းစွဲ။
အမြဲပြုံးရွှင်နေပြီး တက်ကြွနေတဲ့ လီဆာ့ကိုလည်း ချယ်ယောင်းမေမေက အကြည်ဓာတ်လေးတဲ့။
လီဆာတို့၂ယောက်က အိမ်နှစ်အိမ်ရဲ့ ဆည်းလည်းလေးတွေ။
လီဆာလည်း ခွက်ထဲက လက်ကျန်နွားနို့ကို ကပျာကယာမော့ပြီး ပေါင်မုန့်တစ်ချပ်ကို ပါးစပ်ကကိုက်ကာ
ချိတ်ထားတဲ့ လွယ်အိတ်ထဲကို ယူ ပေါင်မုန့်ကြက်ဥကြော်ဘူးကို ကောက်ထည့်ကာ လွယ်လိုက်ပြီး စက်ဘီးထားရာ ဂိုထောင်သို့ အပြေးသွားရတယ်။ခပ်မြန်မြန်လုပ်ရမယ်။ ဒုတိယံပိ ဟိုအသံပြဲကြီး ထပ်မထွက်လာခင်။ မဟုတ်ရင် ရပ်ကွက်ကို အားနာစရာလေ။
လီဆာမေမေတို့ကလေ ချယ်ယောင်း ဒီလိုအာပြဲနေလည်း တည်ငြိမ်တယ် လုပ်နေတုန်းပဲ အံ့ဩတယ်။
YOU ARE READING
How Could We ever Just Be Friends?
Fanfiction"နင်ပေးတဲ့ အတောင်ပံတွေကို တပ်ပြီး နင့်ဆီ ငါက အရင်ဆုံးပျံသန်းခဲ့တော့မှာမို့ နင်က ဒီတိုင်းလေးပဲ ရပ်ပြီး ငါ့ကို စောင့်ပေးနေရင်ရပြီ... ငါ...ငါ့ရဲ့ အလှဆုံးမိန်းကလေးအတွက် ကမ္ဘာပေါ်က အလှဆုံးအရာတွေဆီ ငါ ခေါ်သွားပေးတော့မှာ....."